အမျိုးသမီးတိုင်း သိထားသင့်တဲ့ သွေးဆုံးခါနီး ခန္ဓာကိုယ်အပြောင်းအလဲ ၅မျိုး
0
22
-Advertisement-
၂။ မှတ်ဥာဏ်တွေ အားနည်းလာတာ
၃။ ဆံပင်တွေ စကျွတ်လာတာ
#Lifestyle_Myanmar
#TB_Nandar
Source- fabiosa
Unicode
အမျိုးသမီးတိုင်း သိထားသင့်တဲ့ သွေးဆုံးခါနီးတိုင်း ခန္ဓာကိုယ်အပြောင်းအလဲ ၅မျိုး
အမျိုးသမီးတစ်ယောက်အတွက် သွေးဆုံးချိန်ဟာ အသက် ၄ဝနောက်ပိုင်းမှာ အဖြစ်များပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ သွေးဆုံးခြင်းနှင့်အတူ ခန္ဓာကိုယ်နှင့် စိတ်က စိတ်အလိုမကျတာ၊ မသက်မသာ ဖြစ်လာတာကြောင့် စိတ်ခံစားချက်တွေလည်း ပြောင်းလဲလာပါတယ်။ အိုမင်းခြင်း ဖြစ်စဉ်နှင့်အတူ ဆက်နွယ်နေတဲ့ မလိုလားအပ်သော အနှောက်အယှက်တွေ အများကြီးရှိပါတယ်။ ဒီလိုအချိန်ဟာ အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးက အရေးကြီးတဲ့အချိန်ကို ရောက်နေတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါ့ကြောင့် သွေးဆုံးခါနီးမှာ ဖြစ်ပေါ်နိုင်တဲ့ အပြောင်းအလဲလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ဆီးအိမ်က ထိန်းချုပ်ဖို့ ပိုပြီး ခက်ခဲလာတာ
အမျိုးသမီးများဟာ သွေးဆုံးနေစဉ်အတွင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း နှင့် ကလေးမီးဖွားပြီးနောက်မှာ ဆီးအိမ်ထိန်းချုပ်မှု ပြဿနာများကို ရင်ဆိုင်ရပါလိမ့်မယ်။ အသက်၄ဝကျော် အမျိုးသမီး ၄၀%တွေ့ကြုံရတဲ့ ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါ၊ အလေးအပင်တွေမတဲ့ အခါမျိုးမှာ ဆီးထွက်ကျတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်းပြွန်ဟာ သွေးဆုံးတဲ့အခါမှာ ပြွန်နံရံတွေ ပိုပြီးခြောက်သွေ့ပါးလာတာကြောင့် ကျုံ့နိုင်ဆန့်နိုင်အားပါ လျော့နည်းလာတာကြောင့်ပါ။ ဒီကြွက်သားတွေ တိုးတတ်လာအောင် Kegel exercises ကိုလေ့ကျင့်ပေးနိုင်ပါတယ်။
၂။ မှတ်ဉာဏ်တွေ အားနည်းလာတာ
အသက် ၄ဝကျော်လာရင် သင့်မှတ်ဉာဏ်တွေ ပိုမိုဆိုးရွားလာတယ်လို့ ခံစားရပါလိမ့်မယ်။ မကြောက်ပါနဲ့။ ဒါက စိတ်ဖောက်ပြန်ခြင်းနှင့် ချိတ်ဆက်ခြင်းမရှိပါဘူး။ သွေးဆုံးခါနီးတာကြောင့် မေ့လျော့မှုဖြစ်လာတာဟာ ပုံမှန်ပါပဲ။ သို့သော်လည်း အရာရာတိုင်းကို သံသယကင်းချင်ရင် ဆရာဝန်နှင့် တိုင်ပင်နိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ကို အနားပေးဖို့ ကြိုးစားနိုင်ပါတယ်။
၃။ ဆံပင်တွေ စကျွတ်လာတာ
သွေးဆုံးခါနီးမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တွေ ကျွတ်လာနိုင်ပါတယ်။ ဆံပင်ကျွတ်တာကို ထိန်းချုပ်ဖို့ အလှကုန်များကို အသုံးပြုနိုင်ပါတယ်။
၄။ နေရာတိုင်းမှာ ဆံပင်ဖြူလာတာ
ဆံပင်ဖြူလာတာဟာ အသက်အရွယ်အိုမင်းလာခြင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆံပင်ဖြူခြင်းဟာ ခေါင်းကဆံပင်ကိုသာ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ ဒါကို ဖြေရှင်းဖို့ ဖယောင်းနှင့် Waxing လုပ်ခြင်း၊ ဆေးဆိုးခြင်း ပြုလုပ်နိုင်ပါတယ်။ ဆေးဆိုးခြင်းကို ရွေးချယ်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းပေါ်မှာ ခေါင်းဆိုးတဲ့ ဆိုးဆေးကို အသုံးမပြုပါနဲ့။ ပြင်းထန်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်နိုင်လို့ပါ။
၅။ ပူအိုက်ခြင်းကို ခံစားရနိုင်ပါတယ်
အမျိုးသမီး ၈၀%အထက်က သွေးဆုံးချိန်အတွင်း ပူစပ်ပူလောင်ဖြစ်ခြင်းကို တွေ့ကြုံခံစားရပြီး တစ်ချို့အမျိုးသမီးတွေအတွက်အပူဟာ ၇-၁၁ထိကြာရှည်နိုင်ကြောင်းကို သုတေသနက အကြံပြုထားပါတယ်။ ဖြစ်နိုင်တဲ့ ဖြေရှင်းချက်တစ်ခုက မီးယပ်သားဖွားနှင့် ဆွေးနွေးရန်ဖြစ်ပြီး ဟော်မုန်းအစားထိုးကုထုံးကို အကြံပြုပါလိမ့်မယ်။ ဒီအချိန်မှာ ပေါ့ပါးတဲ့ ချည်သားလေးတွေကို ဝတ်ဆင်ပါ။
အိုမင်းခြင်းက ဖုံးကွယ်ထားလို့ ရတဲ့အရာမဟုတ်ပါဘူး။ ဒါကသဘာဝကပေးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source- fabiosa
LEAVE A REPLY
Please enter your comment!
Please enter your name here