34 C
Yangon
May 22, 2018
  • Home
  • Technology
  • အနာဂတ် တီဗွီသမိုင်းကြောင်းကို ဦးဆောင်မယ့် Samsung ရဲ့မျိုးဆက်သစ် Samsung QLED TV
Technology Technology News

အနာဂတ် တီဗွီသမိုင်းကြောင်းကို ဦးဆောင်မယ့် Samsung ရဲ့မျိုးဆက်သစ် Samsung QLED TV

အားလပ်ရက်မှာ မိသားစုနဲ့အတူ တီဗွီကြည့်ခြင်းဟာ အပန်းဖြေနည်းတစ်ခုဖြစ်ပါတယ်။ မိသားစုနဲ့အတူ ရုပ်ရှင်ရုံမှာကြည့်နေရသလို ခံစားမှုမျိုးပေးနိုင်ပြီး ရုပ်ထွက်ထူးခြားကောင်းမွန်တဲ့ တီဗွီအမျိုးအစားသစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ Samsung ကုမ္ပဏီဟာလည်း တီဗွီချစ်သူတွေရဲ့ လိုအပ်ချက်အတိုင်း Quantum Dot နည်းပညာသုံး အရည်အသွေးမြင့် စမတ် TV ကိုစတင်ပွဲထုတ်လာပါတယ်။ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Samsung ရဲ့အစဉ်အလာအတိုင်းပဲ ဒီဇိုင်းပိုင်းမှာ လှပကျော့ရှင်းပြီးဘောင်မပါတဲ့ မျက်နှာပြင်နဲ့အတူ Quantum Dot လို့ခေါ်တဲ့ အလင်းအားစုပ်ယူနိုင်ပြီး သဘာဝအရောင်အသွေးအတိုင်း တိကျစွာထုတ်လုပ်နိုင်တဲ့ နည်းပညာကြောင့် အသုံးပြုသူတွေအတွက် အံ့မခန်းသက်ရောက်မှုတွေ ဖြစ်စေမှာဖြစ်ပါတယ်။

အားလပ်ရက်မှာ မိသားစုနဲ့ QLED TV ရှိရင်ပြည့်စုံပြီ

Quantum Dot နည်းပညာဟာ အရောင်အရည်အသွေးများကို ကြည်လင်ပြတ်သားစွာ ပြသနိုင်တဲ့အပြင် TV အလင်းရောင်မြှင့်တင်တဲ့ အခါမှာလည်း အရောင်အရည်အသွေးကို လျော့ကျမှုမရှိစေပဲ  ပိုမိုကောင်းမွန်အောင်ဖန်တီးပေးနိုင်တာကြောင့် ဘာကလေမြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပရောဖက်ဆာ Dr.Alivisatos က“Quantum Dots တွေကိုသုံးခြင်းဖြင့် သက်တံ့တွေဖြာထွက်နေသလို အရောင်တွေကိုပြုလုပ်နိုင်ပြီး တိတိကျကျနဲ့ အရောင်တွေကိုထိန်းချုပ်နိုင်မှာဖြစ်တယ်” လို့ သူကပြောခဲ့ပါတယ်။

အကောင်းဆုံးရုပ်ထွက်အရည်အသွေးနဲ့ နောက်ဆုံးပေါ် Quantum Dot နည်းပညာနဲ့အတူ မည်သည့်နေရာမှာမဆို တပ်ဆင်နိုင်တဲ့ ပါးလွှာသော ဒီဇိုင်းအသွင်အပြင်

ဒါ့အပြင် အခြားကိရိယာတွေနဲ့ချိတ်ဆက်တဲ့အခါ စိတ်ရှုပ်ထွေးမှု မဖြစ်စေဖို့ QLED TV ကို ကေဘယ်နှင့် Set-Top Boxes တွေ ၊ ဂိမ်းစက်တွေ Stream ပြုလုပ်လို့ရတဲ့ ကိရိယာအများစုနဲ့လည်း အော်တိုချိတ်ဆက်နိုင်ဖို့အတွက် Device တွေကိုအာရုံခံနိုင်တဲ့ One Remote Control နည်းပညာနဲ့ Universal Remote ဟာလည်း အသုံးပြုရတာ ပိုမိုဆန်းသစ်လွယ်ကူစေပါတယ်။ အဆိုပါ QLED TV ရဲ့ HDMI ကနေချိတ်ဆက်တဲ့ကိရိယာအများစုနဲ့လည်း ပိုမိုအဆင်ပြေစေဖို့ မော်ဒယ်နိမ့်တဲ့ကိရိယာတွေ၊ ဟောင်းနွမ်းနေတဲ့ ကိရိယာတွေနဲ့တောင်မှ ချိတ်ဆက်လို့ရအောင် ဖန်တီးထားပါတယ်။

အနုပညာရှင်နဲ့ ဒီဇိုင်နာပညာရှင်တွေအတွက် အရမ်းကို အသုံးဝင်တဲ့ Microsoft ရဲ့ “Surface Studio” PC

 

ကြိုးတစ်ချောင်းထဲနဲ့ Device အားလုံးကိုချိတ်ဆက်နိုင်တယ်ဆိုတော့ အရင်လိုစိတ်ရှုပ်ထွေးစရာမလိုတော့ဘူး
Remote control တစ်ခုတည်းနဲ့တင် အခြားကိရိယာများကိုလည်း ထိန်းချုပ်နိုင်မယ့် Universal Remote

Samsung ဟာမိသားစုတွေ ပျော်ရွင်ချမ်းမြေ့စွာ အပန်းဖြေနိုင်ဖို့အတွက်  အခြားတီဗွီအမျိုးအစားတွေနဲ့ ဒီဂျစ်တယ်ပစ္စည်းတွေကို သေသေချာချာသုတေသနပြုပြီး အရည်အသွေးမြင့် QLED TV ကိုဖန်တီးထားတာကြောင့် အနာဂတ်အတွက် တစ်ခေတ်ဆန်းစေတဲ့ ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ အဆိုပါ QLED TV ကို ရန်ကုန်မြို့မှာရှိတဲ့  အရောင်းပြခန်းတွေမှာ ၀ယ်ယူနိုင်ပြီး အမျိုးအစားအလိုက် မြန်မာကျပ်ငွေ သိန်း ၄၀ ကနေ သိန်း  ၉၀ အတွင်းကျသင့်မှာဖြစ်ပါတယ်။ Samsung QLED TV ကို ရန်ကုန် နဲ့ မန္တလေးမြို့ရှိ Samsung အရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။ Samsung QLED TV နှင့် ပတ်သက်သည့်အကြောင်းအရာများကိုပိုမိုသိရှိစေရန်အတွက် http://www.samsung.com/mm/tvs/t_qled/ မှာ ၀င်ရောက်လေ့လာနိုင်ပါသည်။

ကောင်းမွန်တဲ့ ရုပ်ပုံ၊ အရောင်အရည်အသွေးနဲ့ အနာဂတ်တီဗွီသမိုင်းအတွက် ကြီးမားသောခြေလှမ်းတစ်ခုဖြစ်တဲ့ QLED TV

#Samsung_QLED_TV

#Lifestyle_Myanmar

Related posts

Android ၏ လျှို့ဝှက်ဆန်းကြယ်စွာ အကောင်းဆုံးဖန်တီးမှု ၁၀ချက်

OMCTC

ပလတ်စတစ်ဘူးအဟောင်းတွေကနေ ကြိုးအမာစားထုတ်နိုင်တဲ့ ၁၅ ဒေါ်လာတန်ကိရိယာ

OMCTC

၂နာရီကြာ ဦးနှောက်ခွဲစိတ်မှုကို ၂.၅ မိနစ်အတွင်း ခွဲစိတ်ပေးမဲ့ စက်ရုပ်

Kyaw Htike Aung

Leave a Comment