အဆီျပန္တဲ့ အသားအေရအတြက္ အလွအပဆိုင္ရာ အႀကံျပဳခ်က္တစ္ခ်ိဳ႕

0
14

အဆီျပန္တဲ့အသားအေရက အေရးအေၾကာင္းေတြ နည္းပါးျခင္း ႏွင့္ အသားအေရ သဘာ၀အစိုဓါတ္ရွိျခင္းစတဲ့ ေကာင္းက်ိဳးမ်ား ရွိေပမယ့္ တစ္ခါတရံမွာ အသားအေရထိန္းသိမ္းမႈကို ေပါ့ဆတာေၾကာင့္ ေခၽြးေပါက္က်ယ္ျခင္း၊ ၀က္ၿခံ၊ အမည္းစက္ထြက္ျခင္းတို႔ ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕အဆီျပန္တဲ့ အသားအေရကို ေခ်ာေမြ႕ၿပီး ေတာက္ပေနေစဖို႔အတြက္ အလွအပဆိုင္ရာ အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို မွ်ေ၀ေပးခ်င္ပါတယ္။

အေရးအေၾကာင္းေတြကို ဖယ္ရွားဖို႔ (Aspirin)အက္စပရင္ကို အေျခခံတဲ့ Mask ၃မ်ိဳး

၁။ မ်က္ႏွာသစ္ပါ
မ်က္ႏွာသန္႔စင္ျခင္း အေျခခံအက်ဆံုးအဆင့္ ျဖစ္ပါတယ္။ သင့္မ်က္ႏွာကို cleanser အေပ်ာ့စားကိုသံုးၿပီး တစ္ေန႔ ၂ႀကိမ္သစ္ေပးပါ။ ဂလစ္စရင္းဆပ္ျပာ အသံုးျပဳျခင္း ေရွာင္ၾကဥ္ပါ။ သင့္မ်က္ႏွာေပၚက မလိုအပ္တဲ့ အဆီေတြနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးတဲ့ သင့္အသားအေရႏွင့္ ကိုက္ညီေသာ မ်က္ႏွာသစ္အမ်ိဳးအစားကို ေရြးခ်ယ္ပါ။ ဂ်ယ္လ္အေျခခံၿပီးထုတ္လုပ္ထားေသာ Salicylic acid ရွိတဲ့ မ်က္ႏွာသစ္ေဆးကို ေရြးခ်ယ္ပါ။


၂။ ေခၽြးစုပ္စကၠဴအသံုးျပဳပါ
သူတို႔က သင့္မ်က္ႏွာေပၚက အဆီပိုေတြကို စုပ္ယူတာေၾကာင့္ အဆီျပန္တဲ့ အသားအေရရွိသူမ်ားအတြက္ ထိေရာက္ပါလိမ့္မယ္။ ဒီစကၠဴေတြက အဆီျပန္ျခင္းႏွင့္ ေစးကပ္ျခင္းကို ေလ်ာ့ခ်ေပးၿပီး လန္းဆန္းမႈကို ေပးပါတယ္။ အထူးသျဖင့္ မ်က္ႏွာသစ္ဖို႔ အခ်ိန္မရတဲ့အခါ ႏွာေခါင္းေမးေစ့ႏွင့္ နဖူးကဲ့သို႔ Tဇုန္ေပၚမွာ ဒီစကၠဴေတြကိုအသံုးျပဳၿပီး အဆီေတြကို ဖယ္ရွားႏိုင္ပါတယ္။ စကၠဴျဖင့္ ခပ္ၾကမ္းၾကမ္း ပြတ္သုတ္ျခင္းက အေရျပား နီျမန္းျခင္းကို ျဖစ္ေစတာေၾကာင့္ ညင္သာစြာ အသံုးျပဳပါ။


၃။ ပ်ားရည္ အသံုးျပဳပါ
ပ်ားရည္က သင့္အသားအေရ အစိုဓါတ္ရဖို႔ ကူညီေပးတဲ့ သဘာ၀ ပါ၀င္ပစၥည္းျဖစ္ပါတယ္။ပ်ားရည္မွာ ဘက္တီးရီးယားမ်ားကို ဆန္႔က်င္ေပးတဲ့ ပိုးသတ္ေဆး ဂုဏ္သတိၱ ရွိပါတယ္။ ဒီဂုဏ္သတိၱေတြက ၀က္ၿခံျဖစ္တဲ့ အသားအေရႏွင့္ အဆီျပန္တဲ့ သူေတြအတြက္ သင့္ေတာ္ပါတယ္။ ပ်ားရည္က ပိုလွ်ံအဆီေတြကို စုပ္ယူၿပီး အသားအေရကိုလည္း သဘာ၀အစိုဓါတ္ရရွိေစပါတယ္။ အသံုးျပဳတဲ့အခါ ပ်ားရည္ကို သင့္မ်က္ႏွာအႏွံ႔လိမ္းၿပီး ၁၀မိနစ္၊ မိနစ္၂၀ေလာက္ထားပါ။ ၿပီးမွ ေရျဖင့္ေဆးၿပီး အဆီမပါတဲ့ moisturizerတစ္ခုခု လိမ္းပါ။


၄။ ရႊံ႕ေစးအလွကုန္
ဒါက မ်က္ႏာေပၚက အဆီပိုေတြကို စုပ္ယူေပးတဲ့ အျခားထုတ္ကုန္ျဖစ္ပါတယ္။ Rosewaterႏွင့္ Clay cosmetic ကိုေရာၿပီး Mask ျပဳလုပ္ပါ။ မ်က္ႏွာေပၚမွာ လိမ္းၿပီး ၁၀မိနစ္ မိနစ္၂၀ေလာက္ ေျခာက္သြားတဲ့ အထိထားပါ။ ၿပီးမွ ေရေႏြးေႏြးႏွင့္ မ်က္ႏွာကို သန္႔စင္ေပးပါ။


၅။ ၾကက္ဥအကာႏွင့္ သံပုရာ ေပါင္းတင္နည္း
ၾကက္ဥအကာက အသားအေရတင္းရင္းေစတဲ့ ထုတ္ကုန္ျဖစ္ၿပီး အဆီအလြန္အကၽြံထုတ္လုပ္မႈကို သဘာ၀အတိုင္း စုပ္ယူေပးပါတယ္။ သံပုရာက အသားအေရကိုျဖဴ၀င္းေတာက္ပေစတဲ့အစြမ္းရွိပါတယ္။ သံပုရာရည္ထဲကို ၾကက္ဥအကာထည့္ၿပီး ေကာင္းစြာ ေမႊေပးပါ။ ၿပီးေနာက္ သင့္မ်က္ႏွာေပၚမွာ လိမ္းၿပီး ေျခာက္သြားတဲ့ အထိထားေပးပါ။ ေျခာက္သြားလွ်င္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာေပးပါ။


၆။ ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးက အသားအေရကို ေအးျမေစၿပီး ပိုလွ်ံေနတဲ့ အဆီေတြကို ဖယ္ရွားေပးပါတယ္။၎မွာ အသားအေရကို သဘာ၀အတိုင္း သန္႔စင္ေပးတဲ့ salicylic ပါ၀င္ပါတယ္။ ခရမ္းခ်ဥ္သီးအခ်ပ္ေလးေတြကို မိနစ္အနညး္ငယ္ေလာက္ မ်က္ႏွာေပၚမွာ ကပ္ၿပီး ေျခာက္ေသြ႔တဲ့အထိ ထားေပးပါ။ ၿပီးမွ ေရေအးေအးျဖင့္ မ်က္ႏွာသစ္ပါ။ သင့္အသားအေရေပၚမွာ moisturizer တစ္ခုခု လိမ္းေပးပါ။


#Lifestyle_Myanmar
#TB_Nandar

Unicode

အဆီပြန်တဲ့ အသားအရေအတွက် အလှအပဆိုင်ရာ အကြံပြုချက်တစ်ချို့
အဆီပြန်တဲ့အသားအရေက အရေးအကြောင်းတွေ နည်းပါးခြင်း နှင့် အသားအရေ သဘာဝအစိုဓါတ်ရှိခြင်းစတဲ့ ကောင်းကျိုးများ ရှိပေမယ့် တစ်ခါတရံမှာ အသားအရေထိန်းသိမ်းမှုကို ပေါ့ဆတာကြောင့် ချွေးပေါက်ကျယ်ခြင်း၊ ၀က်ခြံ၊ အမည်းစက်ထွက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အဆီပြန်တဲ့ အသားအရေကို ချောမွေ့ပြီး တောက်ပနေစေဖို့အတွက် အလှအပဆိုင်ရာ အကြံပြုချက်တစ်ချို့ကို မျှဝေပေးချင်ပါတယ်။
၁။ မျက်နှာသစ်ပါ
မျက်နှာသန့်စင်ခြင်း အခြေခံအကျဆုံးအဆင့် ဖြစ်ပါတယ်။ သင့်မျက်နှာကို cleanser အပျော့စားကိုသုံးပြီး တစ်နေ့ ၂ကြိမ်သစ်ပေးပါ။ ဂလစ်စရင်းဆပ်ပြာ အသုံးပြုခြင်း ရှောင်ကြဉ်ပါ။ သင့်မျက်နှာပေါ်က မလိုအပ်တဲ့ အဆီတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သင့်အသားအရေနှင့် ကိုက်ညီသော မျက်နှာသစ်အမျိုးအစားကို ရွေးချယ်ပါ။ ဂျယ်လ်အခြေခံပြီးထုတ်လုပ်ထားသော Salicylic acid ရှိတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပါ။
၂။ ချွေးစုပ်စက္ကူအသုံးပြုပါ
သူတို့က သင့်မျက်နှာပေါ်က အဆီပိုတွေကို စုပ်ယူတာကြောင့် အဆီပြန်တဲ့ အသားအရေရှိသူများအတွက် ထိရောက်ပါလိမ့်မယ်။ ဒီစက္ကူတွေက အဆီပြန်ခြင်းနှင့် စေးကပ်ခြင်းကို လျော့ချပေးပြီး လန်းဆန်းမှုကို ပေးပါတယ်။ အထူးသဖြင့် မျက်နှာသစ်ဖို့ အချိန်မရတဲ့အခါ နှာခေါင်းမေးစေ့နှင့် နဖူးကဲ့သို့ Tဇုန်ပေါ်မှာ ဒီစက္ကူတွေကိုအသုံးပြုပြီး အဆီတွေကို ဖယ်ရှားနိုင်ပါတယ်။ စက္ကူဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်ခြင်းက အရေပြား နီမြန်းခြင်းကို ဖြစ်စေတာကြောင့် ညင်သာစွာ အသုံးပြုပါ။
၃။ ပျားရည် အသုံးပြုပါ
ပျားရည်က သင့်အသားအရေ အစိုဓါတ်ရဖို့ ကူညီပေးတဲ့ သဘာဝ ပါ၀င်ပစ္စည်းဖြစ်ပါတယ်။ပျားရည်မှာ ဘက်တီးရီးယားများကို ဆန့်ကျင်ပေးတဲ့ ပိုးသတ်ဆေး ဂုဏ်သတ္တိ ရှိပါတယ်။ ဒီဂုဏ်သတ္တိတွေက ၀က်ခြံဖြစ်တဲ့ အသားအရေနှင့် အဆီပြန်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ပျားရည်က ပိုလျှံအဆီတွေကို စုပ်ယူပြီး အသားအရေကိုလည်း သဘာဝအစိုဓါတ်ရရှိစေပါတယ်။ အသုံးပြုတဲ့အခါ ပျားရည်ကို သင့်မျက်နှာအနှံ့လိမ်းပြီး ၁၀မိနစ်၊ မိနစ်၂၀လောက်ထားပါ။ ပြီးမှ ရေဖြင့်ဆေးပြီး အဆီမပါတဲ့ moisturizerတစ်ခုခု လိမ်းပါ။
၄။ ရွှံ့စေးအလှကုန်
ဒါက မျက်နာပေါ်က အဆီပိုတွေကို စုပ်ယူပေးတဲ့ အခြားထုတ်ကုန်ဖြစ်ပါတယ်။ Rosewaterနှင့် Clay cosmetic ကိုရောပြီး Mask ပြုလုပ်ပါ။ မျက်နှာပေါ်မှာ လိမ်းပြီး ၁၀မိနစ် မိနစ်၂၀လောက် ခြောက်သွားတဲ့ အထိထားပါ။ ပြီးမှ ရေနွေးနွေးနှင့် မျက်နှာကို သန့်စင်ပေးပါ။
၅။ ကြက်ဥအကာနှင့် သံပုရာ ပေါင်းတင်နည်း
ကြက်ဥအကာက အသားအရေတင်းရင်းစေတဲ့ ထုတ်ကုန်ဖြစ်ပြီး အဆီအလွန်အကျွံထုတ်လုပ်မှုကို သဘာဝအတိုင်း စုပ်ယူပေးပါတယ်။ သံပုရာက အသားအရေကိုဖြူဝင်းတောက်ပစေတဲ့အစွမ်းရှိပါတယ်။ သံပုရာရည်ထဲကို ကြက်ဥအကာထည့်ပြီး ကောင်းစွာ မွှေပေးပါ။ ပြီးနောက် သင့်မျက်နှာပေါ်မှာ လိမ်းပြီး ခြောက်သွားတဲ့ အထိထားပေးပါ။ ခြောက်သွားလျှင် ရေနွေးနွေးဖြင့် ဆေးကြောပေးပါ။
၆။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက အသားအရေကို အေးမြစေပြီး ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။၎င်းမှာ အသားအရေကို သဘာဝအတိုင်း သန့်စင်ပေးတဲ့ salicylic ပါ၀င်ပါတယ်။ ခရမ်းချဉ်သီးအချပ်လေးတွေကို မိနစ်အနညး်ငယ်လောက် မျက်နှာပေါ်မှာ ကပ်ပြီး ခြောက်သွေ့တဲ့အထိ ထားပေးပါ။ ပြီးမှ ရေအေးအေးဖြင့် မျက်နှာသစ်ပါ။ သင့်အသားအရေပေါ်မှာ moisturizer တစ်ခုခု လိမ်းပေးပါ။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here