34 C
Yangon
May 22, 2018
  • Home
  • News
  • Business News
  • အစီရင်ခံစာတစ်ခုအဆိုအရ ကမ္ဘ္ဘာ့စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာအဆင့်(၉)ရပ်တည်
Business News

အစီရင်ခံစာတစ်ခုအဆိုအရ ကမ္ဘ္ဘာ့စီးပွားရေးတိုးတက်မှု အမြန်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာအဆင့်(၉)ရပ်တည်

ကမ္ဘ္ဘာ့စီးပွားရေးတိုးတက်မှု

ကမ္ဘာ့စီးပွားရေးတိုးတက် မှုအမြန်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၉) နေရာ ၌ ရပ်တည်နေပြီး စီးပွားရေး တိုး တက်နှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော Global Economic Prospects အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအမြန် ဆုံးနိုင်ငံသည် အီသီယိုးပီးယား နိုင်ငံဖြစ်ပြီး စီးပွားရေးတိုးတက်မှု နှုန်း ၈ ဒသမ ၃ ရာခိုင်နှုန်းဖြစ်မည် ဟု ဆိုထားသည်။

မြန်မာနိုင်ငံသည် ၂၀၁၇ တွင် စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ၂၀၁၈ တွင် ၇ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၂၀၁၉ တွင် ၇ ဒသမ ၃ ရာခိုင် နှုန်း တိုးတက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင် နိုင်ငံ စီးပွားရေးတိုးတက်မှုသည် ၆ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အထက်တွင် ကမ္ဘောဒီးယားနှင့်အောက်၌  ဖိလစ်ပိုင် နိုင်ငံက ရပ်တည်နေသည်။ ၂၀၁၈ တွင် ကမ္ဘောဒီးယား က ၆ ဒသမ ၉ နှင့် ဖိလစ်ပိုင်က ၆ ဒသမ ၉ရာခိုင် နှုန်းရှိမည်ဖြစ်ကြောင်း    ကမ္ဘာ့ ဘဏ်က ခန့်မှန်းထားသည်။ ၂၀၁၉တွင် ကမ္ဘောဒီးယား ၆ ဒသမ ၇ နှင့် ဖိလစ်ပိုင်က ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်မည်ဟု အဆိုပါအစီရင် ခံစာ၌ ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားသည်။

မြန်မာအစိုးရက ယခုနှစ် တွင် စီးပွားရေးတိုးတက်မှု ၇ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့် မှန်းထားကြောင်း အစိုးရ၏ ရသုံး မှန်းခြေစာရင်း၌   ဖော်ပြထား သည်။ ကမ္ဘာ့ဘဏ်ခန့်မှန်းချက်အရ မြန်မာနိုင်ငံသည် ၂၀၁၄ တွင် စီး ပွားရေးတိုးတက်မှု ၈ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ နှင့် ၂၀၁၆ တွင် ၇ ဒသမ ၃ နှင့် ၆ ဒသမ ၅ရာခိုင်နှုန်း ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာ က ဆိုထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၁၆ တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၇ တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိမည်ဟု ဆိုထားသည်။

‘‘အစိုးရက မူဝါဒကောင်းတွေ ချမှတ်ပြီးသားပဲ။ ဒါကိုဝန်ကြီးဌာနတွေက သေချာအကောင်အ ထည်ဖော်နိုင်ရင်၊ တကယ်တမ်းလုပ်မယ်ဆိုရင် GDP(စီးပွားရေးတိုးတက်နှုန်း)က အခုလို ဂဏန်းတစ်လုံးတင်မကဘူး၊   ဂဏန်းနှစ်လုံးတောင်   ဖြစ်သွားနိုင်ပါ တယ်’’ ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကဆိုသည်။

‘‘စီးပွားရေးတိုးတက်စနိုင်ငံ တိုင်းမှာ GDPက များတတ်တယ်။စီးပွားရေးကောင်းပြီးတဲ့ နိုင်ငံတိုင်းက တိုးတက်နှုန်းနည်းတတ် တယ်။  လက်ရှိမြန်မာနိုင်ငံကဖွံ့ဖြိုးမှုကလည်း  အရှိန်ကောင်းလာပြီဖြစ်တော့ မြန်မာ့စီးပွားရေးက ပုံမှန်တက်သွားလိမ့်မယ်။ ဒါပေမဲ့   မြန်မာနိုင်ငံက အခြေခံ အဆောက်အအုံတွေ လိုအပ်နေ သေးတော့ ဒီအတွက် တိုးတက်မှုက အများကြီးလိုပါသေးတယ်’’ဟု စင်ကာပူမှ စွမ်းအင်လုပ်ငန်းရှင် Bradnick ကပြောသည်။

Ref:7day

Related posts

မတ်လ (၂၄) ရက်နေ့ ငွေလဲနှုန်း နှင့် ရွှေဈေး

Nandar Lwin

မေလ (၂) ရက်နေ့ ငွေလဲနှုန်း နှင့် ရွှေဈေး

Nandar Lwin

ဧပြီလ (၅) ရက်နေ့ ငွေလဲနှုန်း နှင့် ရွှေဈေး

Nandar Lwin

Leave a Comment