29 C
Yangon
May 23, 2018
  • Home
  • News
  • ဆီးဂိမ်းဖွင့်ပွဲတွင် အင်ဒိုနီးရှားအလံကို ဇောက်ထိုးဖော်ပြမိတဲ့အတွက် မလေးရှားတောင်းပန်
News Sports News

ဆီးဂိမ်းဖွင့်ပွဲတွင် အင်ဒိုနီးရှားအလံကို ဇောက်ထိုးဖော်ပြမိတဲ့အတွက် မလေးရှားတောင်းပန်

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှဆီးဂိမ်းဖွင့်ပွဲ မှာလက်ဆောင်ပေးအပ်ခဲ့တဲ့  လက်ကမ်းစာစောင်တွင် အင်ဒိုနီးရှားအလံကို ပုံနှိပ်ရာမှာ မှားယွင်းပြီး ဇောက်ထိုးဖော်ပြမိတဲ့အတွက် မလေးရှားမှ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ အဆိုပါအမှားနှင့်ပတ်သတ်၍ အင်ဒိုနီးရှားနိုင်ငံသားများက ဆိုရှယ်မီဒီယာတွေမှာ #Shame on you Malaysia ဟု hashtag လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပါအမှားသည် မိမိတို့၏ အမျိုးသားရေးမာနကိုထိပါးစေသောကြောင့် ပြန်လည်တောင်းပန်ရမည်ဟု အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြိုံ့၌ သတင်းထောက်များကိုလည်းပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှား လူငယ်နှင့် အားကစားဝန်ကြီးဖြစ်သူ Imam Nahrarwi ကလည်း ၎င်းမှားယွင်းမှုရုပ်ပုံများကို တွစ်စတာ ပေါ်ရှိသူ၏ကိုယ်ပိုင် အကောင့်ပေါ်တွင် စိတ်ပျက်လက်ပျက် ဖော်ပြခဲ့ပါတယ်။ အင်ဒိုနီးရှား အလံ၏အထက်ဖက်တွင် အလျားလိုက်အနီတန်းပါရှိသည် ကိုအောက်ဖက်တွင်ဇောက်ထိုးဖော်ပြသဖြင့် ပိုလန်နိုင်ငံအလံနှင့်တူနေကြောင်းသိရပါတယ်။

ယခုလို အလံမှားယွင်းဖော်ပြမှုဟာ နိုင်ငံတကာအားကစားပြိုင်ပွဲတွေရဲ့ ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုအဖြင့် မှတ်တမ်းဝင်ကြောင်းသိရပါတယ်။ မလေးရှားနိုင်ငံရဲ့ ဆီးဂိမ်းကျင်းပရေးကော်မတီကတော့ အဆိုပါအမှားနှင့်ပတ်သတ်၍ လူတစ်ယောက်ရဲ့ အမှတ်မဲ့အမှားသာဖြစ်ကြောင်း တောင်းပန်ခဲ့ပြီး အဆိုပါလက်ကမ်းစာစောင်များကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြို့နယ် ၁၂ ခု ရေဘေးသတိပေးချက် ထုတ်ပြန်

ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာအမျိုးသမီးဘောလုံအသင်း၏ လက်ပတ်နာရီကို ခိုးယူမှု ၊ ယာဉ်မောင်းလိုင်စင်မရှိမှုနှင့် မလေးရှားယာဉ်မောင်းတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

Source- Bangkok Post
#TB_naung_naung

Related posts

အွန်လိုင်းမီဒီယာများ အကယ်ဒမီပွဲသတင်းယူလိုလျှင် ကျပ်ဆယ်သိန်းပေးသွင်းရမည်

OMCTC

အမြန်လမ်းတွင် ဘုရားဖူးယာဉ်တိမ်းမှောက် လူကိုးဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

OMCTC

အိန္ဒိယ အဝယ်လျှော့၍ ပဲတစ်တန်လျှင် ကျပ်သုံးသိန်းခန့်ဈေးကျသဖြင့် တောင်သူများ အခက်တွေ့

OMCTC

Leave a Comment