အင္တာနက္မွာ အျခားလူေတြကိုစိတ္ဒုကၡေပးတတ္တဲ့ လူေတြရဲ႕အမူအက်င့္တခ်ိဳ႕

0
19

အင္တာနက္၊ အထူးသျဖင့္ လူေတြအမ်ားဆံုးအသံုးျပဳၾကတဲ့ ေဖ့ဘြတ္လို ဆိုရွယ္နက္၀ပ္မွာ ရည္ရြယ္ခ်က္လြဲမွားစြာနဲ႔ အသံုးခ်သူေတြမ်ားျပားေနၾကသလို အျခားစိတ္ေျပလက္ေပ်ာက္အသံုးျပဳေတြအတြက္ စိတ္အေႏွာက္အယွက္ျဖစ္စရာ အျပဳအမူေတြ လုတ္တတ္ၾကသူေတြလည္း မ်ားျပားလွပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ပိုက္ဆံနဲ႔ကိုယ္သံုးတယ္ ဆိုေသာ္ျငားလည္း အျခားသူေတြအတြက္ စိတ္အေႏွာက္ေပးျခင္းကို ေရွာင္ရွားသင့္ၿပီး မသိပဲယခုလိုျပဳလုပ္ေနမိတာေၾကာင့္ လူအျမင္ကတ္စရာေတြ ျဖစ္လာတတ္ပါတယ္။ ဒါေၾကာင့္ အဓိက ေဖ့ဘြတ္စ္လို ဆိုရွယ္ပလက္ေဖာင္းမွာ မျပဳလုပ္သင့္တဲ့အရာအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

-Advertisement-

၁။ တစ္ေန႔တာလုပ္ေဆာင္သမွ်ကို ေဖ့ဘြတ္စ္ကေန ေၾကာ္ျငာျခင္း
လူတိုင္းဟာ သူ႔ကိစၥနဲ႔သူ အလုပ္ေတြ႐ႈပ္ေနၾကပါတယ္။ သင္ပထမဆံုး Gym သြားတဲ့အေၾကာင္းနဲ႔ သင့္ရဲ႕ကေလး မတ္တပ္စမ္းေနတဲ့အေၾကာင္းကို လူေတြကစိတ္၀င္စားမယ္လို႔ မထင္ေစခ်င္ပါဘူး။ စိတ္မေကာင္းစရာျဖစ္ေပမယ့္ ဒါဟာအမွန္တရားလိုျဖစ္ေနပါၿပီ။ လူအေတာ္မ်ားမ်ားက သူတို႔ရဲ႕အေၾကာင္းကို Friend List ထဲကလူေတြ စိတ္၀င္စားၾကမယ္လို႔ လြဲမွားစြာယံုၾကည္ေနၾကၿပီး ေဖ့ဘြတ္စ္ကိုဘ၀အစိတ္အပိုင္းတစ္ခုလို သံုးေနတာေၾကာင့္ မိတ္ေဆြေတြရဲ႕ အထင္ေသးမႈ၊ ေနာက္ကြယ္ကေလွာင္ေျပာင္ကဲ့ရဲ႕မႈေတြကို ခံရႏိုင္ပါတယ္။

၂။ Public Post တိုင္းရဲ႕ေအာက္မွာ ကြန္းမန္႔လိုက္ေပးတတ္ျခင္း
အရင္ဦးဆံုးအျမင္မေတာ္တာပဲျဖစ္ျဖစ္၊ ကိုယ္သိတာကိုမွ်ေ၀လိုတာပဲျဖစ္ျဖစ္ ေဖ့စ္ဘြတ္ခ္ မွာျပဳလုပ္လိုတဲ့အခါ စိတ္ကိုထိန္းခ်ဳပ္ႏိုင္ေအာင္ အရင္ဆံုးေလ့က်င့္သင့္ပါတယ္။ ဒီလိုမွမဟုတ္ပဲ ေတြ႕သမွ်ပိုစ့္တိုင္းမွာ အျမင္မေတာ္လို႔ပဲျဖစ္ျဖစ္၊ ခင္မင္တာေၾကာင့္ပဲျဖစ္ျဖစ္ အလြန္အကၽြံ ကြန္းမန္႔၀င္ေပးတတ္လွ်င္ သင့္ရဲ႕ကြန္႔မန္႔ကို လူတိုင္းအခ်ိန္တိုင္းမွာ ေတြ႕ႏိုင္တာေၾကာင့္ မလိုအပ္တဲ့အထင္အျမင္လြဲမႈေတြနဲ႔ ငေပါႀကီးကဲ့သို အထင္ေရာက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ Public မွာစာတေၾကာင္းေရးေတာ့မယ္ဆိုတာနဲ႔ ကိုယ္အျမဲတမ္းမွန္ကန္ေနၿပီးလက္ခံႏိုင္ေလာက္တဲ့ စာမ်ိဳးေတြကိုေရးဖို႔ အရင္ဆံုးစဥ္းစားပါ။

၃။ အေၾကာင္းျပခ်က္မရွိ hashtag (#) သံုးျခင္း
ကိုယ္တင္ထားတဲ့ ပိုစ့္ကိုျပန္ရွာလိုလွ်င္ပဲျဖစ္ျဖစ္၊ ကမ္ပိန္းတစ္ခုခုကို ျပဳလုပ္လိုလွ်င္ပဲျဖစ္ျဖစ္ hashtag (#) သေကၤတကို အမွတ္အသားအေနနဲ႔ ထည့္သြင္းၾကေသာ္လည္း လူအေတာ္မ်ားမ်ားက ဘာအေၾကာင္းျပခ်က္မွမရွိပဲ စာတစ္ေၾကာင္း၊ ပံုတစ္ပံုတင္တဲ့အခါ အဆိုပါသေကၤတကို ပြစာၾကဲေနေအာင္ ထည့္တတ္ၾကပါတယ္။ ဒါေၾကာင့္လည္း ေဖ့စ္ဘြတ္ခ္မွာ အေၾကာင္းအရာတစ္ခုကို # သံုးၿပီးရွာေဖြတဲ့အခါ မဆိုင္တဲ့ပိုစ့္ေတြပဲ ရွာေတြ႕ေနရတာျဖစ္ပါတယ္။ ကိုယ္ကမသိလို႔ျပဳလုပ္တာျဖစ္ေပမယ့္လည္း အျခားသူေတြအတြက္ ေလွာင္ေျပာင္စရာျဖစ္တတ္ပါတယ္။

၄။ ဘာသာေရး၊ လူမ်ိဳးေရးအေၾကာင္း အမုန္းပြားေစျခင္း
အထူးသျဖင့္ ဆိုရွယ္မီဒီယာဟာ လူမ်ိဳးေပါင္းစံု၊ ဘာသာေပါင္းစံုကို ရန္ျဖစ္လို႔ရေအာင္ ဖန္တီးထားတဲ့ ေနရာတစ္ခုမဟုတ္ပါဘူး။ လူတိုင္းဟာကိုယ့္ယံုၾကည္ခ်က္၊ ကိုယ္ပိုင္အယူအဆရွိၾကတာေၾကာင့္ ထိလြယ္ခိုက္လြယ္တဲ့ ဘာသာေရး၊ လူမ်ိဳးေရးေတြကို ေျပာဆိုျခင္းကိုေရွာင္ရွားသင့္ပါတယ္။ ဘာသာတိုင္းမွာ လူေကာင္းရယ္ လူဆိုးရယ္ဆိုၿပီး ႏွစ္မ်ိဳးပဲရွိတာကို သိရွိသင့္ၿပီး ကိုယ့္ေၾကာင့္အျခားသူေတြ စိတ္နာက်ည္းေစမယ့္ အျပဳအမူ၊ အေျပာဆိုေတြကိုေရွာင္ရွားမွသာ ကိုယ့္လူမ်ိဳးကိုယ္ဘာသာရဲ႕ ဂုဏ္သိကၡာကိုထိန္းသိမ္းေစာက္ေရွာက္ရာေရာက္တယ္လို႔ နားလည္သင့္ပါတယ္။

၅။ မိန္းမ၀ါဒီမ်ား
လူတစ္ခ်ိဳ႕က အမ်ိဳးသမီးေတြအခြင္အေရး ရရွိေစဖို႔အတြက္ တတ္အားသမွ်လုပ္ေဆာင္ၾကေသာ္လည္း တခ်ိဳ႕ကေတာ့ အစြန္းေရာက္စိတ္ေတြနဲ႔ ေယာက်္ားမုန္းတီးေရး၀ါဒကို စြဲကိုင္ထားၾကပါတယ္။ ဒီလိုစိတ္ထားေတြေၾကာင့္ Gander တိုက္ပြဲေတြျဖစ္ၾကရပါတယ္။ ေယာက်ာ္းပဲျဖစ္ျဖစ္ မိန္းမပဲျဖစ္ျဖစ္ ေတာ္ရင္ေတာ္သလို ေကာင္းရင္ေကာင္းသလို တိုးတက္တဲ့ဘ၀ကို ရရွိမွျဖစ္ပါတယ္။ ဘယ္ေလာက္ပဲထိပ္ဆံုးေရာက္ေအာင္ ေတာင္းဆိုေတာင္းဆို ကိုယ္အသံုးမက်ရင္ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ Feminist ေတြကိုယ္တိုင္ သာတူညီမွ်မႈကိုလိုခ်င္လွ်င္ အရင္ဆံုး Gender ခြဲျခားလိုစိတ္ကို ထိန္းသိမ္းသင့္ၿပီး ေဖ့စ္ဘြတ္မွာအဆုိပါကိစၥနဲ႔တိုက္ပြဲ၀င္မယ့္အစား အျပင္ေလာကမွာ အေကာင္းဆံုးႀကိဳးစားသင့္ေၾကာင္းအၾကံေပးခ်င္ပါတယ္။

လက္ထပ္ဖို႔ထိ မဆံုးျဖတ္သင့္တဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အမူအက်င့္ (၁၃)ခ်က္

၆။ ႏိုင္ငံေရးမဲဆြယ္မႈမ်ားနဲ႔ သတင္းအမွားမ်ား
ႏိုင္ငံေရးဟာ လူတိုင္းနဲ႕မကင္းၾကသလို လူတိုင္းစိတ္၀င္စားသင့္တဲ့ အေၾကာင္းအရာတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ဒါကိုခုတံုးလုပ္ၿပီး လူေတြရဲ႕အျမင္လြဲမွားေအာင္ တဖက္သတ္ေျမွာက္ပင့္ေရးျခင္း၊ မတူညီသူေတြကို ရန္လိုျခင္းေတြေၾကာင့္ စိတ္ေအးခ်မ္းစြာ ဗဟုသုတရွာလိုသူေတြ၊ သူငယ္ခ်င္းေတြနဲ႔ဆက္သြယ္လိုတဲ့အတြက္ အင္တာနက္သံုးသူေတြ မ်ားစြာစိတ္အေႏွာက္အယွက္ ျဖစ္ၾကရပါတယ္။ ဒီလိုအျပဳအမူေတြ အဆက္မျပတ္ျပဳလုပ္တတ္သူေတြကို Friend အျဖစ္ကဖယ္ရွားသင့္သလို သတင္းအမွားမ်ားကို မေ၀ဖန္မဆန္းစစ္ပဲ မွ်ေ၀ျဖန္႔ျဖဴးျခင္းဟာလည္း အျခားသူေတြအထင္အျမင္ေသးႏိုင္ၿပီး စိတ္အေႏွာက္အယွက္ျဖစ္ရတာေၾကာင့္ ေရွာင္ရွားသင့္ပါတယ္။

၇။ အျခားသူေတြရဲ႕ ႐ုပ္ပံုကိုခြင့္ျပဳခ်က္မရွိပဲ သံုးျခင္း
ကိုယ့္ရဲ႕ပံုကိုေဖ့စ္ဘြတ္စ္မွာ တင္တာဟာျပႆနာမဟုတ္ေသာ္လည္း အျခားသူငယ္ခ်င္း၊ သူငယ္ခ်င္းမဟုတ္သူေတြရဲ႕ ပံုေတြကိုေနာက္ေျပာင္လိုျခင္း၊ မသိေအာင္သံုးျခင္းတို႔ကိုေရွာင္ရွားသင့္ပါတယ္။ ကိုယ့္ရဲ႕သားသမီးပံုကိုေတာင္မွ အလြယ္တကူအသံုးမျပဳသင့္ပါဘူး၊ ဘာေၾကာင့္လည္းဆိုေတာ့ ေနာင္တစ္ခ်ိန္သူႀကီးလာတဲ့အခါ အဆိုပါပံုေၾကာင့္ အရွက္ရစရာေတြ၊ ထိခိုက္စရာေတြၾကံဳေတြ႕လာႏိုင္ေၾကာင္း သတိျပဳသင့္ပါတယ္။ ဥပမာ- ေမြးရာပါလိင္အဂၤါႏွစ္ခုနဲ႔ ကေလးပံုကို ရွယ္ၿပီး အရင္ဘ၀ကသူမ်ားသားသမီးကိုေစာ္ကားခဲ့တာေၾကာင့္ ယခုလိုျဖစ္ရပါတယ္ဆိုၿပီး တဖက္သားရဲ႕ဂုဏ္သိကၡာကို မငဲ့ကြက္ပဲ မဆိုင္တဲ့ဘာသာေရးအယူအဆေတြထဲ ဆြဲထည့္ေနၾကတာကို မ်ားစြာျမင္ေတြ႕ရပါတယ္။ ဒီလိုအျပဳအမ်ိဳးကိုလည္း ေရွာင္ရွားသင့္ပါတယ္။

၈။ ၾကြား၀ါျခင္း
အၾကြားသန္သူေတြအတြက္ လူအမ်ားသံုးတဲ့ ဆိုရွယ္မီဒီယာဟာ ပစ္မွတ္တစ္ခုျဖစ္လို႔ ေနပါတယ္။ ဒါေၾကာင့္လည္း ဘယ္ေနရာမွာ ဘယ္လိုစားခဲ့၊ ေနခဲ့တယ္ဆိုတဲ့အေၾကာင္းကို အျမဲတမ္းၾကြား၀ါေနတတ္ပါတယ္။ တခ်ိဳ႕ဆိုဖုန္းၾကြားလိုတာေၾကာင့္ မွန္ေရွ႕မွာဆယ္ဖီဆြဲတဲ့ ပံုေတြကိုသိသိသာသာတင္တတ္ၾကၿပီး အစားအေသာက္ေတြကို မစားခင္အရင္ဆံုးဓါတ္ပံု႐ိုက္ရလည္း သူတို႔အတြက္ အလုပ္တစ္ခုလိုပါပဲ။ တစ္ခါတစ္ေလခရီးသြားတဲ့အေၾကာင္းကို မွတ္တမ္းအေနနဲ႔ ျဖန္႔ေ၀ျခင္းဟာ သာမန္အျပဳအမူျဖစ္ေသာ္လည္း တမင္ရည္ရြယ္ခ်က္ႀကီးႀကီးနဲ႔ ၾကြား၀ါျခင္းေတြကိုေတာ့ လူေတြကအခ်ိန္တိုအတြင္း ရိပ္မိပါလိမ့္မယ္။

၉။ Troller မ်ား ႏွင့္ Hater မ်ား
သူတို႔ေတြကေတာ့ အျခားသူေတြရဲ႕အားနည္းခ်က္ကို ေလွာင္ေျပာင္လိုၿပီး အျခားသူေတြကိုစိတ္ဒုကၡေပးဖို႔အတြက္ ေမြးဖြားလာသူေတြလို႔ ဆိုလို႔ရႏိုင္ပါတယ္။ တခ်ိဳ႕ Troller ေတြကေတာ့ နာမည္ႀကီးေတြရဲ႕အလြဲေတြကို ေထာက္ျပခ်င္တာရယ္၊ လူေတြကို ေဖ်ာ္ေျဖလိုတာရယ္ေၾကာင့္ ဟာသဥာဏ္နဲ႔ျပဳလုပ္တတ္ၾကေသာ္လည္း ဘာသာတရားေတြအေပၚကို တိုက္ခိုက္တတ္တဲ့ ဘာသာမဲ့ Troller အခ်ိဳ႕နဲ႔ အလိုလိုေနရင္း အမုန္းပြားေနတတ္ၿပီး လူေတြစိတ္ထိခိုက္ေအာင္ လိုက္လံျပဳလုပ္သူ (Hater) ေတြကိုေရွာင္ရွားျခင္းျဖင့္ အင္တာနက္ကိုစိတ္ခ်မ္းေျမ့စြာသံုးႏိုင္မွာျဖစ္ပါတယ္။

၁၀။ မိနစ္ျခားၿပီး ပံုေတြတင္တတ္သူ
ယခုလိုအျပဳအမူဟာလည္း လူေတြကိုစိတ္အေႏွာက္အယွက္ ျဖစ္ေစႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သင့္ရဲ႕ Timeline နဲ႕Newfeed တက္လာတဲ့အခါတိုင္း လူတစ္ေယာက္တည္းရဲ႕ ပံုေတြနဲ႔ျပည့္ေနတာကို သင္ကိုယ္တုိင္လိုလားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ပံုေတြတင္တဲ့အခါ တစ္ပံုျခင္းစီမိနစ္ျခားၿပီး အဆက္မျပတ္တင္မဲ့အစား Album တစ္ခုလုပ္ၿပီးတစုတစည္ထဲ တင္ျခင္းကပိုမိုေကာင္းမြန္ေၾကာင္း အၾကံေပးလိုပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar

Unicode Version

အင်တာနက်မှာ အခြားလူတွေကိုစိတ်ဒုက္ခပေးတတ်တဲ့ လူတွေရဲ့အမူအကျင့်တချို့

အင်တာနက်၊ အထူးသဖြင့် လူတွေအများဆုံးအသုံးပြုကြတဲ့ ဖေ့ဘွတ်လို ဆိုရှယ်နက်ဝပ်မှာ ရည်ရွယ်ချက်လွဲမှားစွာနဲ့ အသုံးချသူတွေများပြားနေကြသလို အခြားစိတ်ပြေလက်ပျောက်အသုံးပြုတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စရာ အပြုအမူတွေ လုတ်တတ်ကြသူတွေလည်း များပြားလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပိုက်ဆံနဲ့ကိုယ်သုံးတယ် ဆိုသော်ငြားလည်း အခြားသူတွေအတွက် စိတ်အနှောက်ပေးခြင်းကို ရှောင်ရှားသင့်ပြီး မသိပဲယခုလိုပြုလုပ်နေမိတာကြောင့် လူအမြင်ကတ်စရာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဓိက ဖေ့ဘွတ်စ်လို ဆိုရှယ်ပလက်ဖောင်းမှာ မပြုလုပ်သင့်တဲ့အရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်နေ့တာလုပ်ဆောင်သမျှကို ဖေ့ဘွတ်စ်ကနေ ကြော်ငြာခြင်း
လူတိုင်းဟာ သူ့ကိစ္စနဲ့သူ အလုပ်တွေရှုပ်နေကြပါတယ်။ သင်ပထမဆုံး Gym သွားတဲ့အကြောင်းနဲ့ သင့်ရဲ့ကလေး မတ်တပ်စမ်းနေတဲ့အကြောင်းကို လူတွေကစိတ်ဝင်စားမယ်လို့ မထင်စေချင်ပါဘူး။ စိတ်မကောင်းစရာဖြစ်ပေမယ့် ဒါဟာအမှန်တရားလိုဖြစ်နေပါပြီ။ လူအတော်များများက သူတို့ရဲ့အကြောင်းကို Friend List ထဲကလူတွေ စိတ်ဝင်စားကြမယ်လို့ လွဲမှားစွာယုံကြည်နေကြပြီး ဖေ့ဘွတ်စ်ကိုဘဝအစိတ်အပိုင်းတစ်ခုလို သုံးနေတာကြောင့် မိတ်ဆွေတွေရဲ့ အထင်သေးမှု၊ နောက်ကွယ်ကလှောင်ပြောင်ကဲ့ရဲ့မှုတွေကို ခံရနိုင်ပါတယ်။

၂။ Public Post တိုင်းရဲ့အောက်မှာ ကွန်းမန့်လိုက်ပေးတတ်ခြင်း
အရင်ဦးဆုံးအမြင်မတော်တာပဲဖြစ်ဖြစ်၊ ကိုယ်သိတာကိုမျှဝေလိုတာပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ် မှာပြုလုပ်လိုတဲ့အခါ စိတ်ကိုထိန်းချုပ်နိုင်အောင် အရင်ဆုံးလေ့ကျင့်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တွေ့သမျှပိုစ့်တိုင်းမှာ အမြင်မတော်လို့ပဲဖြစ်ဖြစ်၊ ခင်မင်တာကြောင့်ပဲဖြစ်ဖြစ် အလွန်အကျွံ ကွန်းမန့်ဝင်ပေးတတ်လျှင် သင့်ရဲ့ကွန့်မန့်ကို လူတိုင်းအချိန်တိုင်းမှာ တွေ့နိုင်တာကြောင့် မလိုအပ်တဲ့အထင်အမြင်လွဲမှုတွေနဲ့ ငပေါကြီးကဲ့သို အထင်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် Public မှာစာတကြောင်းရေးတော့မယ်ဆိုတာနဲ့ ကိုယ်အမြဲတမ်းမှန်ကန်နေပြီးလက်ခံနိုင်လောက်တဲ့ စာမျိုးတွေကိုရေးဖို့ အရင်ဆုံးစဉ်းစားပါ။

၃။ အကြောင်းပြချက်မရှိ hashtag (#) သုံးခြင်း
ကိုယ်တင်ထားတဲ့ ပိုစ့်ကိုပြန်ရှာလိုလျှင်ပဲဖြစ်ဖြစ်၊ ကမ်ပိန်းတစ်ခုခုကို ပြုလုပ်လိုလျှင်ပဲဖြစ်ဖြစ် hashtag (#) သင်္ကေတကို အမှတ်အသားအနေနဲ့ ထည့်သွင်းကြသော်လည်း လူအတော်များများက ဘာအကြောင်းပြချက်မှမရှိပဲ စာတစ်ကြောင်း၊ ပုံတစ်ပုံတင်တဲ့အခါ အဆိုပါသင်္ကေတကို ပွစာကြဲနေအောင် ထည့်တတ်ကြပါတယ်။ ဒါကြောင့်လည်း ဖေ့စ်ဘွတ်ခ်မှာ အကြောင်းအရာတစ်ခုကို # သုံးပြီးရှာဖွေတဲ့အခါ မဆိုင်တဲ့ပိုစ့်တွေပဲ ရှာတွေ့နေရတာဖြစ်ပါတယ်။ ကိုယ်ကမသိလို့ပြုလုပ်တာဖြစ်ပေမယ့်လည်း အခြားသူတွေအတွက် လှောင်ပြောင်စရာဖြစ်တတ်ပါတယ်။

၄။ ဘာသာရေး၊ လူမျိုးရေးအကြောင်း အမုန်းပွားစေခြင်း
အထူးသဖြင့် ဆိုရှယ်မီဒီယာဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို ရန်ဖြစ်လို့ရအောင် ဖန်တီးထားတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။ လူတိုင်းဟာကိုယ့်ယုံကြည်ချက်၊ ကိုယ်ပိုင်အယူအဆရှိကြတာကြောင့် ထိလွယ်ခိုက်လွယ်တဲ့ ဘာသာရေး၊ လူမျိုးရေးတွေကို ပြောဆိုခြင်းကိုရှောင်ရှားသင့်ပါတယ်။ ဘာသာတိုင်းမှာ လူကောင်းရယ် လူဆိုးရယ်ဆိုပြီး နှစ်မျိုးပဲရှိတာကို သိရှိသင့်ပြီး ကိုယ့်ကြောင့်အခြားသူတွေ စိတ်နာကျည်းစေမယ့် အပြုအမူ၊ အပြောဆိုတွေကိုရှောင်ရှားမှသာ ကိုယ့်လူမျိုးကိုယ်ဘာသာရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းစောက်ရှောက်ရာရောက်တယ်လို့ နားလည်သင့်ပါတယ်။

၅။ မိန်းမဝါဒီများ
လူတစ်ချို့က အမျိုးသမီးတွေအခွင်အရေး ရရှိစေဖို့အတွက် တတ်အားသမျှလုပ်ဆောင်ကြသော်လည်း တချို့ကတော့ အစွန်းရောက်စိတ်တွေနဲ့ ယောကျ်ားမုန်းတီးရေးဝါဒကို စွဲကိုင်ထားကြပါတယ်။ ဒီလိုစိတ်ထားတွေကြောင့် Gander တိုက်ပွဲတွေဖြစ်ကြရပါတယ်။ ယောကျာ်းပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တော်ရင်တော်သလို ကောင်းရင်ကောင်းသလို တိုးတက်တဲ့ဘဝကို ရရှိမှဖြစ်ပါတယ်။ ဘယ်လောက်ပဲထိပ်ဆုံးရောက်အောင် တောင်းဆိုတောင်းဆို ကိုယ်အသုံးမကျရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် Faminist တွေကိုယ်တိုင် သာတူညီမျှမှုကိုလိုချင်လျှင် အရင်ဆုံး Gender ခွဲခြားလိုစိတ်ကို ထိန်းသိမ်းသင့်ပြီး ဖေ့စ်ဘွတ်မှာအဆိုပါကိစ္စနဲ့တိုက်ပွဲဝင်မယ့်အစား အပြင်လောကမှာ အကောင်းဆုံးကြိုးစားသင့်ကြောင်းအကြံပေးချင်ပါတယ်။

၆။ နိုင်ငံရေးမဲဆွယ်မှုများနဲ့ သတင်းအမှားများ
နိုင်ငံရေးဟာ လူတိုင်းနဲ့မကင်းကြသလို လူတိုင်းစိတ်ဝင်စားသင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်ဒါကိုခုတုံးလုပ်ပြီး လူတွေရဲ့အမြင်လွဲမှားအောင် တဖက်သတ်မြှောက်ပင့်ရေးခြင်း၊ မတူညီသူတွေကို ရန်လိုခြင်းတွေကြောင့် စိတ်အေးချမ်းစွာ ဗဟုသုတရှာလိုသူတွေ၊ သူငယ်ချင်းတွေနဲ့ဆက်သွယ်လိုတဲ့အတွက် အင်တာနက်သုံးသူတွေ များစွာစိတ်အနှောက်အယှက် ဖြစ်ကြရပါတယ်။ ဒီလိုအပြုအမူတွေ အဆက်မပြတ်ပြုလုပ်တတ်သူတွေကို Friend အဖြစ်ကဖယ်ရှားသင့်သလို သတင်းအမှားများကို မဝေဖန်မဆန်းစစ်ပဲ မျှဝေဖြန့်ဖြူးခြင်းဟာလည်း အခြားသူတွေအထင်အမြင်သေးနိုင်ပြီး စိတ်အနှောက်အယှက်ဖြစ်ရတာကြောင့် ရှောင်ရှားသင့်ပါတယ်။

၇။ အခြားသူတွေရဲ့ ရုပ်ပုံကိုခွင့်ပြုချက်မရှိပဲ သုံးခြင်း
ကိုယ့်ရဲ့ပုံကိုဖေ့စ်ဘွတ်စ်မှာ တင်တာဟာပြဿနာမဟုတ်သော်လည်း အခြားသူငယ်ချင်း၊ သူငယ်ချင်းမဟုတ်သူတွေရဲ့ ပုံတွေကိုနောက်ပြောင်လိုခြင်း၊ မသိအောင်သုံးခြင်းတို့ကိုရှောင်ရှားသင့်ပါတယ်။ ကိုယ့်ရဲ့သားသမီးပုံကိုတောင်မှ အလွယ်တကူအသုံးမပြုသင့်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ နောင်တစ်ချိန်သူကြီးလာတဲ့အခါ အဆိုပါပုံကြောင့် အရှက်ရစရာတွေ၊ ထိခိုက်စရာတွေကြုံတွေ့လာနိုင်ကြောင်း သတိပြုသင့်ပါတယ်။ ဥပမာ- မွေးရာပါလိင်အင်္ဂါနှစ်ခုနဲ့ ကလေးပုံကို ရှယ်ပြီး အရင်ဘဝကသူများသားသမီးကိုစော်ကားခဲ့တာကြောင့် ယခုလိုဖြစ်ရပါတယ်ဆိုပြီး တဖက်သားရဲ့ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ မဆိုင်တဲ့ဘာသာရေးအယူအဆတွေထဲ ဆွဲထည့်နေကြတာကို များစွာမြင်တွေ့ရပါတယ်။ ဒီလိုအပြုအမျိုးကိုလည်း ရှောင်ရှားသင့်ပါတယ်။

၈။ ကြွားဝါခြင်း
အကြွားသန်သူတွေအတွက် လူအများသုံးတဲ့ ဆိုရှယ်မီဒီယာဟာ ပစ်မှတ်တစ်ခုဖြစ်လို့ နေပါတယ်။ ဒါကြောင့်လည်း ဘယ်နေရာမှာ ဘယ်လိုစားခဲ့၊ နေခဲ့တယ်ဆိုတဲ့အကြောင်းကို အမြဲတမ်းကြွားဝါနေတတ်ပါတယ်။ တချို့ဆိုဖုန်းကြွားလိုတာကြောင့် မှန်ရှေ့မှာဆယ်ဖီဆွဲတဲ့ ပုံတွေကိုသိသိသာသာတင်တတ်ကြပြီး အစားအသောက်တွေကို မစားခင်အရင်ဆုံးဓါတ်ပုံရိုက်ရလည်း သူတို့အတွက် အလုပ်တစ်ခုလိုပါပဲ။ တစ်ခါတစ်လေခရီးသွားတဲ့အကြောင်းကို မှတ်တမ်းအနေနဲ့ ဖြန့်ဝေခြင်းဟာ သာမန်အပြုအမူဖြစ်သော်လည်း တမင်ရည်ရွယ်ချက်ကြီးကြီးနဲ့ ကြွားဝါခြင်းတွေကိုတော့ လူတွေကအချိန်တိုအတွင်း ရိပ်မိပါလိမ့်မယ်။

၉။ Troller များ နှင့် Hater များ
သူတို့တွေကတော့ အခြားသူတွေရဲ့အားနည်းချက်ကို လှောင်ပြောင်လိုပြီး အခြားသူတွေကိုစိတ်ဒုက္ခပေးဖို့အတွက် မွေးဖွားလာသူတွေလို့ ဆိုလို့ရနိုင်ပါတယ်။ တချို့ Troller တွေကတော့ နာမည်ကြီးတွေရဲ့အလွဲတွေကို ထောက်ပြချင်တာရယ်၊ လူတွေကို ဖျော်ဖြေလိုတာရယ်ကြောင့် ဟာသဉာဏ်နဲ့ပြုလုပ်တတ်ကြသော်လည်း ဘာသာတရားတွေအပေါ်ကို တိုက်ခိုက်တတ်တဲ့ ဘာသာမဲ့ Troller အချို့နဲ့ အလိုလိုနေရင်း အမုန်းပွားနေတတ်ပြီး လူတွေစိတ်ထိခိုက်အောင် လိုက်လံပြုလုပ်သူ (Hater) တွေကိုရှောင်ရှားခြင်းဖြင့် အင်တာနက်ကိုစိတ်ချမ်းမြေ့စွာသုံးနိုင်မှာဖြစ်ပါတယ်။

၁၀။ မိနစ်ခြားပြီး ပုံတွေတင်တတ်သူ
ယခုလိုအပြုအမူဟာလည်း လူတွေကိုစိတ်အနှောက်အယှက် ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင့်ရဲ့ Timeline နဲ့Newfeed တက်လာတဲ့အခါတိုင်း လူတစ်ယောက်တည်းရဲ့ ပုံတွေနဲ့ပြည့်နေတာကို သင်ကိုယ်တိုင်လိုလားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပုံတွေတင်တဲ့အခါ တစ်ပုံခြင်းစီမိနစ်ခြားပြီး အဆက်မပြတ်တင်မဲ့အစား Album တစ်ခုလုပ်ပြီးတစုတစည်ထဲ တင်ခြင်းကပိုမိုကောင်းမွန်ကြောင်း အကြံပေးလိုပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here