အင္တာနက္မွာ နာမည္ႀကီးေနတဲ့ ဗီယမ္နမ္ႏိုင္ငံက သခင္ႏွင့္အတူ ငါးေရာင္းေနတဲ့ ေၾကာင္ေလးရဲ႕ခ်စ္စဖြယ္ပံုမ်ား

0
55

ေစ်းသည္တိုင္းဟာ ကိုယ့္ရဲ႕ကုန္ပစၥည္းကို ေရာင္းခ်ႏိုင္ဖို႔အတြက္ ၀ယ္ယူသူေတြကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ဆြဲေဆာင္ရပါတယ္။ ထူးထူးျခားျခားအေနနဲ႔ ဗီယမ္နမ္ႏိုင္ငံက Le Quoc Phong ဟာသူ႔ရဲ႕ေဖာက္သည္ေတြကို ေကာင္းေကာင္းစည္း႐ံုးႏိုင္႐ံုသာမက အင္တာနက္မွာပါ ဂယက္ထသြားေအာင္ လုပ္ႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဒီလုိနာမည္ေက်ာ္သြားေစတာကလည္း သူ႕ရဲ႕ ၃ ႏွစ္အရြယ္ ေၾကာင္ေလး ေၾကာင့္ပဲျဖစ္ပါတယ္။ သခင္ျဖစ္သူကသူ႔ကို Dog လို႔နာမည္ေပးထားၿပီး  ေစ်းထဲမွာေတာ့ Dog ဟာ၀တ္ေကာင္းစားလွေတြနဲ႔ အျမဲေတြ႕ျမင္ရၿပီး Popular ျဖစ္ေနသူေလးပါ။

Dog ဟာ ေရခဲမုန္႔ကိုအလြန္ႀကိဳက္တတ္ၿပီး ခရီးထြက္ရတာနဲ႔ အိပ္တာကို အလြန္ႏွစ္သက္သူျဖစ္ပါတယ္လို႔ သခင္ျဖစ္သူက ဆိုပါတယ္။


ဒါ့အျပင္ Dog မွာခ်စ္သူေၾကာင္မေလးေတြ အမ်ားအျပားရွိၿပီးေတာ့ သူတို႔ရဲ႕ၿမိဳ႕ထဲမွာတင္ ကေလးေတြအမ်ားႀကီးရဲ႕ ဖခင္တစ္ေယာက္လည္းျဖစ္တယ္လို႔ သူကဆိုပါတယ္။ သူ႕ရဲ႕ေၾကာင္ေလးဟာ ဓါတ္ပံုအ႐ိုက္ခံရတာကိုႏွစ္သက္ေၾကာင္းနဲ႔ သူ႕ရဲ႕ပံုရိပ္ေတြဟာ ဗီယမ္နမ္တစ္ခုတည္းမွာတင္မဟုတ္ပဲ တ႐ုတ္နဲ႔ ထိုင္း ကိုပါ ကိုယ္စားျပဳေၾကာင္း ဂုဏ္ယူစြာေျပာပါေသးတယ္။ အခ်ိဳ႕သူေတြက ယခုလို Dog အ၀တ္အစားေတြ ၀တ္တာကို စိတ္မသက္မသာျဖစ္ႏိုင္တယ္လို႔ ဆိုၾကေပမယ့္ Dog ကေတာ့ ပံုမွန္ပဲလမ္းေလွ်ာက္ေနၿပီး သက္ေတာင့္သက္သာပဲ ေနထိုင္ပါတယ္လို႔ ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အာရွေဒသက ႏိုင္ငံေတြမွာ လာဘ္ေခၚတဲ့အေနနဲ႔ ေၾကာင္႐ုပ္ေလးေတြ ထားရွိၾကသလိုပဲ ေၾကာင္ဟာ တကယ္ပဲလာဘ္ေကာင္ ျဖစ္ေၾကာင္းကို Dog ကေတာ့ လံုး၀သက္ေသျပခဲ့ပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Source-Boredpanda, Le Quoc Phong(Instagram)

သင့္ရဲ႕အိမ္ေထာင္ေရး အေျခအေနကို တိုးတက္ေစႏိုင္တဲ့ ေသးငယ္ေသာေျပာင္းလဲမႈ (၅) ခ်က္

စျေးသည်တိုင်းဟာ ကိုယ့်ရဲ့ကုန်ပစ္စည်းကို ရောင်းချနိုင်ဖို့အတွက် ဝယ်ယူသူတွေကို ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်ရပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဗီယမ်နမ်နိုင်ငံက Le Quoc Phong ဟာသူ့ရဲ့ဖောက်သည်တွေကို ကောင်းကောင်းစည်းရုံးနိုင်ရုံသာမက အင်တာနက်မှာပါ ဂယက်ထသွားအောင် လုပ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနာမည်ကျော်သွားစေတာကလည်း သူ့ရဲ့ ၃ နှစ်အရွယ် ကြောင်လေး ကြောင့်ပဲဖြစ်ပါတယ်။ သခင်ဖြစ်သူကသူ့ကို Dog လို့နာမည်ပေးထားပြီး  စျေးထဲမှာတော့ Dog ဟာဝတ်ကောင်းစားလှတွေနဲ့ အမြဲတွေ့မြင်ရပြီး Popular ဖြစ်နေသူလေးပါ။

Dog ဟာ ရေခဲမုန့်ကိုအလွန်ကြိုက်တတ်ပြီး ခရီးထွက်ရတာနဲ့ အိပ်တာကို အလွန်နှစ်သက်သူဖြစ်ပါတယ်လို့ သခင်ဖြစ်သူက ဆိုပါတယ်။
ဒါ့အပြင် Dog မှာချစ်သူကြောင်မလေးတွေ အများအပြားရှိပြီးတော့ သူတို့ရဲ့မြို့ထဲမှာတင် ကလေးတွေအများကြီးရဲ့ ဖခင်တစ်ယောက်လည်းဖြစ်တယ်လို့ သူကဆိုပါတယ်။ သူ့ရဲ့ကြောင်လေးဟာ ဓါတ်ပုံအရိုက်ခံရတာကိုနှစ်သက်ကြောင်းနဲ့ သူ့ရဲ့ပုံရိပ်တွေဟာ ဗီယမ်နမ်တစ်ခုတည်းမှာတင်မဟုတ်ပဲ တရုတ်နဲ့ ထိုင်း ကိုပါ ကိုယ်စားပြုကြောင်း ဂုဏ်ယူစွာပြောပါသေးတယ်။ အချို့သူတွေက ယခုလို Dog အဝတ်အစားတွေ ဝတ်တာကို စိတ်မသက်မသာဖြစ်နိုင်တယ်လို့ ဆိုကြပေမယ့် Dog ကတော့ ပုံမှန်ပဲလမ်းလျှောက်နေပြီး သက်တောင့်သက်သာပဲ နေထိုင်ပါတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာရှဒေသက နိုင်ငံတွေမှာ လာဘ်ခေါ်တဲ့အနေနဲ့ ကြောင်ရုပ်လေးတွေ ထားရှိကြသလိုပဲ ကြောင်ဟာ တကယ်ပဲလာဘ်ကောင် ဖြစ်ကြောင်းကို Dog ကတော့ လုံးဝသက်သေပြခဲ့ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Boredpanda, Le Quoc Phong(Instagram)

LEAVE A REPLY

Please enter your comment!
Please enter your name here