30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Health & Beauty
  • အချိန်တိုအတွင်း ထိရောက်မှုရှိတဲ့ အိမ်တွင်းသုံးဆေးစွမ်းများ
Health & Beauty

အချိန်တိုအတွင်း ထိရောက်မှုရှိတဲ့ အိမ်တွင်းသုံးဆေးစွမ်းများ

အချိန်တိုအတွင်း ထိရောက်မှုရှိတဲ့ အိမ်တွင်းသုံးဆေးစွမ်းများ

၁။ ဖျားနာခြင်းအတွက် ဆားရည်
ရာသီဥတုအကူအပြောင်းမှာဖြစ်ပေါ်တတ်သော အအေးမိဖျားနာခြင်းများအတွက် ရေအေးဖြင့် ဆားကို ရောစပ်ပြီး ပလုတ်ကျင်းပေးပါက အချိန်တိုအတွင်းသက်သာပျောက်ကင်းစေပါတယ်။တစ်နေ့ကို အနည်းဆုံး ၃ကြိမ်ထိ ပြုလုပ်နိုင်ပြီး အချိန်တိုအတွင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၂။ နားကိုက်ခြင်းအတွက် ရှာလကာရည်


နားကိုက်ခြင်း၊ နာကျင်ခြင်း၊ ပိုးဝင်ခြင်း ဖြစ်ပေါ်နေလျှင် Spirit နဲ့ ရှာလကာရည်ကို အချိုးတူရောစပ်ပြီး နားအတွင်းသို့ ဇွန်းတစ်ဇွန်းစာ လောင်းထည့်ပါ။ ထိုသို့ ပြုလုပ်ခြင်းက နားကိုက်ခြင်း၊ ပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၃။ သွားများခိုင်ခံ့စေဖို့အတွက် သီးနှံများ


မုန်လာဥနီနှင့် သခွားသီးကို စားသုံးခြင်းဟာ သွားများကို ခိုင်ခံ့စေပါတယ်။ ထိုသီးနှံများတွင် Kalium, Vitamin A,Vitamin K နဲ့ Antioxidants ဓာတ်များပါဝင်တာကြောင့် သင့်ရဲ့ သွားများကို ပိုမိုခိုင်ခံ့စေပါတယ်။

၎။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် ရေခဲကြပ်ထုပ်


လည်ပင်း သို့မဟုတ် ကုပ်ပိုးကို ရေခဲကြပ်ထုပ်ထိုးခြင်းဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ နာကျင်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။ ဒီနည်းလမ်းကိုတော့ ၁၈၄၉ ခုနှစ်ထဲက အသုံးပြုခဲ့တဲ့ ကုထုံးလေးတစ်ခုပဲဖြစ်ပါတယ်။

၅။ ကြွက်နို့ ဖယ်ရှားဖို့အတွက် ကြက်သွန်ဖြူ


ရေနွေးနဲ့အတူ လတ်ဆတ်တဲ့ ကြက်သွန်ဖြူက ကြွက်နို့ကိုဖယ်ရှားဖို့အကောင်းဆုံး ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူကို ရေနွေးအနည်းငယ်ရောစပ်ပြီး ကြေအောင် ချေပါ။ အဆိုပါရေးနွေးဖြင့်ရောစပ်ထားသော ကြက်သွန်ဖြူကို ကြွက်နို့ပေါ်တွင်အုံပေးပါ။ တစ်နေ့ သုံးကြိမ်မကပြုလုပ်နိုင်ပြီး ကြွက်နို့ပျောက်သည်အထိ ဆက်လက်အုံပေးပါ။

၆။ချောင်းဆိုးခြင်းပျောက်ကင်းဖို့အတွက် ပျားရည်


ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေဖို့ အိပ်ရာထဲ မဝင်ခင် မိနစ် ၃၀ ခန့်တွင် ပျားရည်ကို လက်ဖက်စားဇွန်း ၂ဇွန်းခန့် သောက်ပေးပါ။ ပျားရည်ဟာ ချောင်းဆိုးခြင်းကို သက်သာစေတဲ့အပြင်သင့်ကိုလည်း ကောင်းမွန်စွာ အိမ်ပျော်စေပါတယ်။

သင့်ရဲ့ဝက်ခြံတွေကို သတိမထားမိဘဲ ပိုဆိုးအောင်ပြုလုပ်မိနေတဲ့ အလေ့အထ ၃ခု

#Lifestyle_Myanmar

#Thar_Nage

Related posts

ပြုလုပ်ရလွယ်ကူတဲ့ အလှအပနဲ့ ကျန်းမာရေး လျှို့ဝှက်ချက်အချို့

Kyaw Htike Aung

ဆားကို အထိရောက်ဆုံးနည်းလမ်းတွေနဲ့ အိမ်သန့်ရှင်းရေးမှာ အသုံးပြုနိုင်မယ့် နည်းလမ်းကောင်းလေးတွေ

Nandar Lwin

ကိုးရီးယားမလေးလို့ လှပသွားစေမည့်နည်းလမ်းကောင်း

OMCTC

Leave a Comment