25 C
Yangon
May 25, 2018
  • Home
  • News
  • ဟာရီကိန်းမုန်တိုင်းဒုက္ခသည် ကလေးငယ်တွေအတွက် သူမရဲ့အရုပ်မလေးကိုလှူဒါန်းလိုက်တဲ့ ၈ နှစ်အရွယ်သမီးငယ်လေးရဲ့ ကြည်နူးဖွယ်စာတစ်စောင်
International News News

ဟာရီကိန်းမုန်တိုင်းဒုက္ခသည် ကလေးငယ်တွေအတွက် သူမရဲ့အရုပ်မလေးကိုလှူဒါန်းလိုက်တဲ့ ၈ နှစ်အရွယ်သမီးငယ်လေးရဲ့ ကြည်နူးဖွယ်စာတစ်စောင်

ကလေးငယ်လေးတစ်ဦးရဲ့ ကြင်နာမှုဟာ ကမ္ဘာကြီးထဲက အလှပဆုံးအရာတစ်ခုအဖြစ် ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ ရှစ်နှစ်အရွယ်ရှိတဲ့ သမီးလေး Lilly Bice ဟာ ဟာရီကိန်းမုန်တိုင်းကြောင့် ဒုက္ခရောက်နေသူတွေအတွက် သူမတစ်ခုခုလုပ်ပေးချင်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ခက်ခဲနေတဲ့ လူတွေအကြောင်းနဲ့ မုန်းတိုင်းသတင်းတွေပြောနေကြတဲ့ မိဘနှစ်ရဲ့စကားကို အမှတ်တမဲ့ ကြားလိုက်ရတာကြောင့် သူမကတစ်ခုခုကူညီဖို့ကြိုးစားခဲ့ပါတယ်။

မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိတဲ့ယောက်ျားလေးတွေရဲ့ အပြုအမူ (၁၀)ချက်

သူမရဲ့မိဘတွေက ဒုက္ခသည်တွေကိုလှူဖို့ အထုပ်တွေပြင်နေတဲ့အချိန်မှာပဲ သူမကအခန်းထဲချက်ချင်းဝင်သွားပြီး သူမရဲ့အရုပ်ကလေးတွေကိုယူလာကာအိတ်ထဲလာထည့်ခဲ့ပါတယ်။ သူမအရမ်းကိုနှစ်သက်တဲ့အရုပ်မလေးကိုပါ လှူဒါန်းလိုက်ပြီး ချစ်စရာကောင်းတဲ့
မှတ်စုတစ်စောင်ကိုလည်း သူမရေးခဲ့ပါတယ်။

သူမရေးခဲ့တာက ” ချစ်လှစွာသော မိန်းကလေးငယ်လေးရေ.. ငါ့ရဲ့အရုပ်သစ်ကလေးနဲ့ သူမရဲ့အသုံးအဆောင်ပစ္စည်းတွေကို မင်းကြိုက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ သူမကိုဂရုစိုက်ပြီး ပျော်အောင်ထားပေးပါ။ သူမကငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သလိုပဲ မင်းနဲ့လည်းအကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်လာမှာပါ” Lilly Bice

Source-ABC
#LM_Naung_Naung

Related posts

မန္တလေးတွင် ရေကစားမဏ္ဍပ်အနီး အရက် ဘီယာ ရောင်းချလျှင် အရေးယူမည်

OMCTC

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ ကမ္ဘာ့နေထိုင်ရန် အကောင်းဆုံးမြို့အဖြစ် ခုနစ်နှစ်ဆက်တိုက် သတ်မှတ်ခံရ

OMCTC

အမေရိကန် ၂၀၁၅ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းဆုရှင်တွေထဲ မြန်မာပါဝင်

OMCTC

Leave a Comment