သြားက်န္းမာေရးအတြက္ ဂ႐ုစိုက္ရမည့္ နည္းလမ္းအခ်ိဳ႕

0
73

“သြား” ကလည္း ခႏၶာကိုယ္ရဲ႕အဓိကက်တဲ့အစိတ္အပိုင္းတစ္ခုျဖစ္တာေၾကာင့္ အထူးဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။

၁။ ပီေကဝါးျခင္း


တကယ္ေတာ့ အခ်ိဳဓာတ္ေလ်ာ့နည္းတဲ့ ပီေကကိုဝါးျခင္းဟာ သင့္သြားမ်ား ယိုယြင္းမႈကိုတားဆီးေပးႏိုင္ပါတယ္။ ပီေကဝါးျခင္းဟာ သြားႀကိဳသြားၾကားအတြင္းမွာရွိတဲ့ စားၾကြင္းစားက်န္ေတြကိုရွင္းထုတ္ေပးႏိုင္တာေၾကာင့္ သြားပိုးစားျခင္းကိုလည္းကာကြယ္ေပးပါတယ္။

၂။ သြားပြတ္တံကို သန္႔ရွင္းေအာင္ပုံမွန္ေဆးေၾကာျခင္း/ ေျပာင္းသုံးျခင္း


သင့္သြားမ်ားပိုးစားျခင္းက သင္ကိုယ္တိုင္အသုံးျပဳတဲ့ သြားတိုက္ သြားပြတ္တံနဲ႔လည္း အမ်ားႀကီးသက္ဆိုင္ပါတယ္။ ေသးငယ္တဲ့ဘက္တီးရီးယားပိုးမႊားမ်ား ခိုေအာင္ႏိုင္တဲ့အတြက္ေၾကာင့္သြားတိုက္သြားပြတ္တံကို အသုံးျပဳၿပီးတဲ့အခါ အဖုံး/အစြပ္ ဖုံးအုပ္ထားျခင္းမ်ိဳးေရွာင္ၾကဥ္ပါ။ ဒါ့အျပင္ သြားပြတ္တံအသုံးျပဳၿပီးတဲ့အခါမ်ိဳးမွာ စင္ၾကယ္ေအာင္ေဆးေၾကာၿပီး ေျခာက္ေသြ႕မႈရွိတဲ့ေနရာတြ ထားေပးပါ။ အိမ္သာ၊ ေရခ်ိဳးခန္းတြဲလွ်က္ရွိေသာေနရာမွာ ထိုအသုံးအေဆာင္ပစၥည္းမ်ိဳးကို မထားသင့္ပါဘူး။ သြားပြတ္တံကို အနည္းဆုံး ၃လတစ္ႀကိမ္ျဖင့္ လဲလည္အသုံးျပဳသင့္ပါတယ္။

၃။ ခံတြင္းသန္႔ရွင္းေရး ပုံမွန္ျပဳလုပ္ျခင္း


သြားကို တစ္ေန႔ ၂ႀကိမ္ပုံမွန္တိုက္သင့္ၿပီး သြားတိုက္တဲ့အခါ အံသြားမ်က္ႏွာျပင္ေတြကို ေသေသခ်ာခ်ာတိုက္ေပးသင့္ပါတယ္။ အစာဝါးတဲ့အခါ အံသြားက အသုံးမ်ားတာေၾကာင့္ အဆိုပါသြားၾကားမွာရွိတဲ့စားၾကြင္းစားက်န္ေတြကို ကုန္စင္ေအာင္တိုက္ေပးပါ။ ဒါ့အျပင္ သြားတိုက္တဲ့အခါ အခ်ိန္ကို ၂မိနစ္ေလာက္ပဲ အသုံးျပဳသင့္ပါတယ္။

၄။ အုန္းဆီအသုံးျပဳျခင္း


အံသြားမ်ားယိုယြင္းပ်က္စီးျခင္းကိုကာကြယ္ဖို႔အတြက္ အုန္းဆီကိုအသုံးျပဳႏိုင္ပါတယ္။ အုန္းဆီဟာ အံသြားထဲရွိ ဘက္တီးရီးယားပိုးမႊားေတြကိုေသေစၿပီး အနံဆိုးမ်ားကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။ အဆိုပါ အုန္းဆီ ၁ဇြန္းစာကို ေရအနည္းငယ္ေရာစပ္ၿပီး ငုံထားေပးပါ။ မိနစ္ ၂၀ခန္႔ေလာက္ၾကာတဲ့အခါမွ ေထြးထုတ္ၿပီး သြားတိုက္တံျဖင့္တိုက္ေပးပါ။

၅။ သြားအတြက္ မသင့္ေတာ္တဲ့ အစားအစာ စားသံုးျခင္း


အခ်ိဳဓာတ္မ်ားေသာအစားအစာ၊ ကာဗိုဟိုက္ဒရိတ္ ပါဝင္မႈမ်ားတဲ့အစားအစာ၊ အက္ဆစ္ဓာတ္မ်ားတဲ့အစားအစာကို ေရွာင္ၾကဥ္ျခင္းအားျဖင့္ သြားပိုးစားမႈကို အထိေရာက္ဆုံးကာကြယ္ႏိုင္ပါတယ္။ အခ်ိဳဓာတ္မ်ားတဲ့အစားအစာမ်ား စားသုံးေနျခင္းဟာ ဘက္တီးရီးယားေတြအတြက္ေတာ့ အားေဆးတိုက္ေနတာနဲ႔အတူတူပါပဲ။ ဒါ့ေၾကာင့္အစာစားၿပီးတိုင္း သြားကိုစင္ၾကယ္ေအာင္တိုက္ဖို႔ မေမ့ၾကပါနဲ႔။

#Lifestyle_Myanmar

#Thar_Nage

ေဆာင္းတြင္းဘက္မို႔ ႏႈတ္ခမ္း ခန္းေျခာက္ျခင္း၊ ႏႈတ္ခမ္းအေရျပားအက္ကြဲျခင္းမ်ားျဖစ္ေပၚျခင္း ကိုဘယ္လိုဖယ္ရွားမလဲ


Unicode

သွားကျန်းမာရေးအတွက် ဘာတွေလုပ်သင့်သလဲ။
“သွား” ကလည်း ခန္ဓာကိုယ်ရဲ့အဓိကကျတဲ့အစိတ်အပိုင်းထဲမှာပါဝင်တာကြောင့် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
၁။ ပီကေဝါးခြင်း
တကယ်တော့ အချိုဓာတ်လျော့နည်းတဲ့ ပီကေကိုဝါးခြင်းဟာ သင့်သွားများ ယိုယွင်းမှုကိုတားဆီးပေးနိုင်ပါတယ်။ ပီကေဝါးခြင်းဟာ သွားကြိုသွားကြားအတွင်းမှာရှိတဲ့ စားကြွင်းစားကျန်တွေကိုရှင်းထုတ်ပေးနိုင်တာကြောင့် သွားပိုးစားခြင်းကိုလည်းကာကွယ်ပေးပါတယ်။
၂။ သွားပွတ်တံကို သန့်ရှင်းအောင်ပုံမှန်ဆေးကြောခြင်း/ ပြောင်းသုံးခြင်း
သင့်သွားများပိုးစားခြင်းက သင်ကိုယ်တိုင်အသုံးပြုတဲ့ သွားတိုက် သွားပွတ်တံနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ သေးငယ်တဲ့ဘက်တီးရီးယားပိုးမွှားများ ခိုအောင်နိုင်တဲ့အတွက်ကြောင့်သွားတိုက်သွားပွတ်တံကို အသုံးပြုပြီးတဲ့အခါ အဖုံး/အစွပ် ဖုံးအုပ်ထားခြင်းမျိုးရှောင်ကြဉ်ပါ။ ဒါ့အပြင် သွားပွတ်တံအသုံးပြုပြီးတဲ့အခါမျိုးမှာ စင်ကြယ်အောင်ဆေးကြောပြီး ခြောက်သွေ့မှုရှိတဲ့နေရာတွ ထားပေးပါ။ အိမ်သာ၊ ရေချိုးခန်းတွဲလျှက်ရှိသောနေရာမှာ ထိုအသုံးအဆောင်ပစ္စည်းမျိုးကို မထားသင့်ပါဘူး။ သွားပွတ်တံကို အနည်းဆုံး ၃လတစ်ကြိမ်ဖြင့် လဲလည်အသုံးပြုသင့်ပါတယ်။
၃။ ခံတွင်းသန့်ရှင်းရေး ပုံမှန်ပြုလုပ်ခြင်း
သွားကို တစ်နေ့ ၂ကြိမ်ပုံမှန်တိုက်သင့်ပြီး သွားတိုက်တဲ့အခါ အံသွားမျက်နှာပြင်တွေကို သေသေချာချာတိုက်ပေးသင့်ပါတယ်။ အစာဝါးတဲ့အခါ အံသွားက အသုံးများတာကြောင့် အဆိုပါသွားကြားမှာရှိတဲ့စားကြွင်းစားကျန်တွေကို ကုန်စင်အောင်တိုက်ပေးပါ။ ဒါ့အပြင် သွားတိုက်တဲ့အခါ အချိန်ကို ၂မိနစ်လောက်ပဲ အသုံးပြုသင့်ပါတယ်။
၄။ အုန်းဆီအသုံးပြုခြင်း
အံသွားများယိုယွင်းပျက်စီးခြင်းကိုကာကွယ်ဖို့အတွက် အုန်းဆီကိုအသုံးပြုနိုင်ပါတယ်။ အုန်းဆီဟာ အံသွားထဲရှိ ဘက်တီးရီးယားပိုးမွှားတွေကိုသေစေပြီး အနံဆိုးများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အဆိုပါ အုန်းဆီ ၁ဇွန်းစာကို ရေအနည်းငယ်ရောစပ်ပြီး ငုံထားပေးပါ။ မိနစ် ၂၀ခန့်လောက်ကြာတဲ့အခါမှ ထွေးထုတ်ပြီး သွားတိုက်တံဖြင့်တိုက်ပေးပါ။
၅။ သွားအတွက် မသင့်တော်တဲ့ အစားအစာ စားသုံးခြင်း
အချိုဓာတ်များသောအစားအစာ၊ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အစားအစာ၊ အက်ဆစ်ဓာတ်များတဲ့အစားအစာကို ရှောင်ကြဉ်ခြင်းအားဖြင့် သွားပိုးစားမှုကို အထိရောက်ဆုံးကာကွယ်နိုင်ပါတယ်။ အချိုဓာတ်များတဲ့အစားအစာများ စားသုံးနေခြင်းဟာ ဘက်တီးရီးယားတွေအတွက်တော့ အားဆေးတိုက်နေတာနဲ့အတူတူပါပဲ။ ဒါ့ကြောင့်အစာစားပြီးတိုင်း သွားကိုစင်ကြယ်အောင်တိုက်ဖို့ မမေ့ကြပါနဲ့။

LEAVE A REPLY

Please enter your comment!
Please enter your name here