25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • သူတို႔ရဲ႕ၾကြယ္ဝခ်မ္းသာမႈေတြကို သူတို႔ကေလးေတြအတြက္ ထားခဲ့မွာမဟုတ္တဲ့ Celebrity မိဘမ်ား
Celebrity Lifestyle

သူတို႔ရဲ႕ၾကြယ္ဝခ်မ္းသာမႈေတြကို သူတို႔ကေလးေတြအတြက္ ထားခဲ့မွာမဟုတ္တဲ့ Celebrity မိဘမ်ား

သူတို႔ရဲ႕ၾကြယ္ဝခ်မ္းသာမႈေတြကို

မိဘအေတာ္မ်ားမ်ားက သူတို႔ကေလးေတြရဲ႕ ဘဝကို အလြယ္တကူနဲ႔ ေကာင္းေကာင္းျဖတ္သန္းေစခ်င္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ဟာသူတို႔ကေလးေတြရဲ႕ အနာဂတ္ လူေနမႈဘဝ ျမင့္မားဖို႔အတြက္ ဘာမဆိုေပးစြမ္းႏိုင္ေအာင္ လုပ္ၾကပါတယ္။ တျခားသူေတြက ကေလးေတြႀကီးျပင္းလာရင္ ကိုယ့္အတြက္ကိုယ္ ေငြရွာသင့္တယ္။ သူတို႔အေဖနဲ႔ အေမေပၚမွာ မမွီခိုသင့္္္ဘူးလို႔ ေတြးၾကပါတယ္။ သူတို႔ကေလးေတြကို သူတို႔ပိုင္ဆိုင္သမွ် ထားခဲ့မွာမဟုတ္တဲ့ နာမည္ႀကီး ဆယ္လီ ငါးဦးရွိပါတယ္။ ဆင္းရဲႏြမ္းပါးတဲ့ ဘဝကေန ၾကီးျပင္းလာတဲ့ မိဘအမ်ားစုက သူတို႔ရဲ႕သန္းေပါင္းမ်ားစြာေသာ ဝင္ေငြရဖို႔ မ်က္ရည္၊ ေသြး၊ ေခၽြးေတြ ေပးဆပ္ခဲ့ရတာေၾကာင့္ သူတို႔ကေလးေတြကို ဒီလိုစီမံခန္႔ခြဲလိမ့္မယ္ဆိုတာ ေသခ်ာပါတယ္။
၁။ Barron Hilton


Barron Hilton ဆိုတာ နာမည္ႀကီး socialite၊ စီးပြားေရးလုုပ္ငန္းရွင္၊ ေမာ္ဒယ္ႏွင့္ အဆိုေတာ္ တစ္ဦးုျဖစ္တဲ့ ပဲရစ္ဟီလ္တန္ရဲ႕ အဖိုးျဖစ္ပါတယ္။ Barron Hilton ဟာ ဟိုတယ္လုပ္ငန္းရွင္သူေဌးတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕ၾကြယ္ဝခ်မ္းသာမႈအားလံုးကို သူ႔ရဲ႕ေဆြမ်ိဳးေတြအတြက္မဟုတ္ဘဲ ေဖာင္ေဒးရွင္းမ်ားကို လွဴဒါန္းဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။
၂။ Mark Zuckerberg


Facebook တည္ေထာင္သူ မက္ခ္ဇူကာဘတ္မွာ သမီးႏွစ္ေယာက္ ရွိပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ ပိုင္ဆိုင္မႈေတြကို သူတို႔အတြက္ ထားခဲ့ဖို႔ ရည္ရြယ္မထားပါဘူး။ သူ႔ရဲ႕ရွယ္ယာ 99%ကို လွဴဒါန္းဖို႔ စီစဥ္ထားပါတယ္။
၃။ Ashton Kutcher ႏွင့္ Mila Kunis

Ashton Kutcher ႏွင့္ Mila Kunis

စတားျဖစ္တဲ့ Ashton Kutcher ႏွင့္ Mila Kunis မိဘႏွစ္ဦးဟာ သူတို႔ကေလးေတြကို မဖ်က္ဆီးပါဘူး။ Wyatt ႏွင့္ Dimitri ကို ေအာင္ျမင္မႈရဖို႔ သူတို႔ရဲ႕ကိုယ္ပိုင္လမ္းေၾကာင္းကို ခင္းေပးပါလိမ့္မယ္။ သူတို႔ဇနီးေမာင္ႏွံရဲ႕ စုေဆာင္းမႈမ်ားဟာ သူတို႔မရွိတဲ့ေနာက္မွာ လွဴဒါန္းဖို႔ ျဖစ္ပါလိမ့္မယ္။
၄။ Sting


အဆိုေတာ္ စတင္းက ကိုယ့္အတြက္ကိုယ္ ရွာေဖြၿပီး ကိုယ္ပိုင္အလုပ္အကိုင္ေတြကို တည္ေထာင္သင့္တယ္လို႔ သူရဲ႕ကေလးေတြကို ေျပာပါတယ္။ သူတို႔ဟာ တစ္ခုခုရယူဖို႔ဆို ပထမဆံုးဝင္ေငြရွိဖို႔ လိုတယ္ဆိုတာ နားလည္ထားၾကၿပီး မ်က္ႏွာသာေပးဖို႔ ဘယ္ေတာ့မွ မေတာင္းဆိုၾကဘူးလို႔ အဆိုေတာ္ကေျပာပါတယ္။ အဆိုပါအႏုပညာရွင္မွာ ကေလး ၆ေယာက္ရွိပါတယ္။
၅။ Jackie Chan


သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ဂ်က္ကီခ်န္းဟာ ဆင္းရဲတဲ့ တရုတ္မိသားစုကေန ႀကီးျပင္းလာခဲ့ပါတယ္။ အရာရာတိုင္းမွာ ေအာင္ျမင္ဖို႔အတြက္ ဘယ္လိုႀကိဳးစားရမလဲဆိုတဲ့ ကိုယ့္ေတြ႕အသိပညာ သူ႔မွာရွိပါတယ္။ သူ႔သားကို ဘာအေမြမွ ေပးခဲ့မွာ မဟုတ္ပါဘူး။ သူူဟာ သူ႔ရဲ႕တရားမဝင္သမီးႏွင့္လည္း ပတ္သတ္ဆက္ဆံျခင္း မရွိပါဘူး။
ဒီနာမည္ႀကီးဆယ္လီမ်ားရဲ႕ လုပ္ရပ္က မွားတယ္/မွန္ကန္တယ္လို႔ သင္ထင္ပါသလား? သင္ေတြးမိတဲ့ မွတ္ခ်က္ေလးေတြ ေပးသြားႏိုင္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Source-fabiosa

Unicode

သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို သူတို့ကလေးတွေအတွက် ထားခဲ့မှာမဟုတ်တဲ့ Celebrity မိဘများ
မိဘအတော်များများက သူတို့ကလေးတွေရဲ့ ဘဝကို အလွယ်တကူနဲ့ ကောင်းကောင်းဖြတ်သန်းစေချင်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာသူတို့ကလေးတွေရဲ့ အနာဂတ် လူနေမှုဘဝ မြင့်မားဖို့အတွက် ဘာမဆိုပေးစွမ်းနိုင်အောင် လုပ်ကြပါတယ်။ တခြားသူတွေက ကလေးတွေကြီးပြင်းလာရင် ကိုယ့်အတွက်ကိုယ် ငွေရှာသင့်တယ်။ သူတို့အဖေနဲ့ အမေပေါ်မှာ မမှီခိုသင့်််ဘူးလို့ တွေးကြပါတယ်။ သူတို့ကလေးတွေကို သူတို့ပိုင်ဆိုင်သမျှ ထားခဲ့မှာမဟုတ်တဲ့ နာမည်ကြီး ဆယ်လီ ငါးဦးရှိပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ဘဝကနေ ကြီးပြင်းလာတဲ့ မိဘအများစုက သူတို့ရဲ့သန်းပေါင်းများစွာသော ဝင်ငွေရဖို့ မျက်ရည်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ရတာကြောင့် သူတို့ကလေးတွေကို ဒီလိုစီမံခန့်ခွဲလိမ့်မယ်ဆိုတာ သေချာပါတယ်။
၁။ Barron Hilton


Barron Hilton ဆိုတာ နာမည်ကြီး socialite၊ စီးပွားရေးလုုပ်ငန်းရှင်၊ မော်ဒယ်နှင့် အဆိုတော် တစ်ဦးုဖြစ်တဲ့ ပဲရစ်ဟီလ်တန်ရဲ့ အဖိုးဖြစ်ပါတယ်။ Barron Hilton ဟာ ဟိုတယ်လုပ်ငန်းရှင်သူဌေးတစ်ဦးဖြစ်ပြီး သူ့ရဲ့ကြွယ်ဝချမ်းသာမှုအားလုံးကို သူ့ရဲ့ဆွေမျိုးတွေအတွက်မဟုတ်ဘဲ ဖောင်ဒေးရှင်းများကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၂။ Mark Zuckerberg


Facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်မှာ သမီးနှစ်ယောက် ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို သူတို့အတွက် ထားခဲ့ဖို့ ရည်ရွယ်မထားပါဘူး။ သူ့ရဲ့ရှယ်ယာ 99%ကို လှူဒါန်းဖို့ စီစဉ်ထားပါတယ်။
၃။ Ashton Kutcher နှင့် Mila Kunis

US actors Ashton Kutcher and his wife Mila Kunis attend the diving competition at the 2017 FINA World Championships in Budapest, on July 17, 2017. / AFP PHOTO / STRINGER (Photo credit should read STRINGER/AFP/Getty Images)

စတားဖြစ်တဲ့ Ashton Kutcher နှင့် Mila Kunis မိဘနှစ်ဦးဟာ သူတို့ကလေးတွေကို မဖျက်ဆီးပါဘူး။ Wyatt နှင့် Dimitri ကို အောင်မြင်မှုရဖို့ သူတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းကို ခင်းပေးပါလိမ့်မယ်။ သူတို့ဇနီးမောင်နှံရဲ့ စုဆောင်းမှုများဟာ သူတို့မရှိတဲ့နောက်မှာ လှူဒါန်းဖို့ ဖြစ်ပါလိမ့်မယ်။
၄။ Sting


အဆိုတော် စတင်းက ကိုယ့်အတွက်ကိုယ် ရှာဖွေပြီး ကိုယ်ပိုင်အလုပ်အကိုင်တွေကို တည်ထောင်သင့်တယ်လို့ သူရဲ့ကလေးတွေကို ပြောပါတယ်။ သူတို့ဟာ တစ်ခုခုရယူဖို့ဆို ပထမဆုံးဝင်ငွေရှိဖို့ လိုတယ်ဆိုတာ နားလည်ထားကြပြီး မျက်နှာသာပေးဖို့ ဘယ်တော့မှ မတောင်းဆိုကြဘူးလို့ အဆိုတော်ကပြောပါတယ်။ အဆိုပါအနုပညာရှင်မှာ ကလေး ၆ယောက်ရှိပါတယ်။
၅။ Jackie Chan


သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချန်းဟာ ဆင်းရဲတဲ့ တရုတ်မိသားစုကနေ ကြီးပြင်းလာခဲ့ပါတယ်။ အရာရာတိုင်းမှာ အောင်မြင်ဖို့အတွက် ဘယ်လိုကြိုးစားရမလဲဆိုတဲ့ ကိုယ့်တွေ့အသိပညာ သူ့မှာရှိပါတယ်။ သူ့သားကို ဘာအမွေမှ ပေးခဲ့မှာ မဟုတ်ပါဘူး။ သူူဟာ သူ့ရဲ့တရားမဝင်သမီးနှင့်လည်း ပတ်သတ်ဆက်ဆံခြင်း မရှိပါဘူး။
ဒီနာမည်ကြီးဆယ်လီများရဲ့ လုပ်ရပ်က မှားတယ်/မှန်ကန်တယ်လို့ သင်ထင်ပါသလား? သင်တွေးမိတဲ့ မှတ်ချက်လေးတွေ ပေးသွားနိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-fabiosa

Related posts

ဘာေလ့က်င့္ခန္းမွ မလုပ္ဘဲ ဗိုက္အဆီက်ေစႏိုင္တဲ့ ရိုးရွင္းေသာ နည္းလမ္းမ်ား

Nandar Lwin

2017 ဆိုးလ္ႏိုင္ငံတကာဒရာမာဆုေပးပြဲမွာ အေကာင္းဆံုးမင္းသမီးဆုကို ရရွိခဲ့တဲ့ ပတ္ခ္ဘိုေယာင္

Nandar Lwin

ဒဏ္ရာမွ ျပန္လည္သက္သာလာၿပီျဖစ္သည့္ EXO အဖြဲ႕၀င္ Lay

OMCTC

Leave a Comment