31 C
Yangon
June 24, 2018
  • Home
  • General Knowledge
  • Unique Things
Unique Things
#Nandar
Souce-brightside
————————————————–
Unicode
သိပ္ပံပညာရှင်တွေ ရှင်းပြဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ကျွန်တော်တို့ ကမ္ဘာမြေက တစ်မူထူးခြားတဲ့ နေရာများ
ကျွန်တော်တို့ရဲ့ ကမ္ဘာမြေပေါ်မှာ အလွန်အံ့သြစရာကောင်းပြီး သိပ္ပံပညာရှင်တွေ မရှင်းပြနိုင်သေးတဲ့ နေရာတွေရှိပါတယ်။ ကမ္ဘာရဲ့ထောင့်တိုင်းမှာ မယုံနိုင်စရာ အရာတစ်ခုခုက အမြဲတမ်းရှိနေမှာပါ။ အံ့သြစရာများနဲ့ လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာ့အရပ်ရပ်က နေရာများကို ဖော်ပြပေးလိုက်ပါတယ်။
တရုတ်နိုင်ငံ ကျောက်တုံးသစ်တော
ဒီနိုင်ငံရဲ့ အကြီးမားဆုံး အံသြစရာတစ်ခုဖြစ်နိုင်ပါတယ်။ ထိုကျောက်တုံးသစ်တောသည် လွန်ခဲ့တဲ့ နှစ်သန်း၂၀၀ကျော်က ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။ အဲ့ဒီနေရာက ပင်လယ်မရှိခင်မှာ ကြီးမားတဲ့ ဖွဲ့စည်းမှုတွေနဲ့ ထူထဲတဲ့ထုံးကျောက်အလွှာရှိခဲ့ပါတယ်။ သစ်တော၏ မြေအောက် အစိတ်အပို်ငးမှာ Qifeng ဂူသည် အံ့သြစရာ စစ်မှန်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သြဂုတ်လကနေ နိုဝင်ဘာလတိုင်အောင် မြေအောက်မြစ်မှာ မိနစ်၃၀တိုင်း ရေဝဲတစ်ခု ပေါ်ထွက်လာတတ်ပါတယ်။ မိနစ်အနည်းငယ်ကြာတတ်ပြီး လျှင်မြန်စွာ ရွေ့လျားပါတယ်။
ကိုလံဘီယာက အရောင်ငါးရောင်မြစ်
တစ်နှစ်တာလုံးမှာ ဒီမြစ်က တခြားမြစ်တွေနဲ့ အတူတူပေမယ့် နွေရာသီမှာ ရောင်စုံပြောင်းလဲပါတယ်။ အနီရောင်၊ ပန်းရောင်၊ အပြာရောင်၊အစိမ်းရောင်နှင့် အဝါရောင်အဆင်းရှိတဲ့ ဒီမြစ်ကို ထူးခြားတဲ့တောပင်များနှင့် အလှဆင်ထားပါတယ်။ ဒဏ္ဍာရီအဆိုအရ ရေတံခွန်များရဲ့ အဆင့်ဆင့်အောက်မှာ La Mojana (ရေ၏မိခင်)ရဲ့ ရတနာတည်ရှိတယ်လို့ ပြောပါတယ်။
အန္တာတိက ကသွေးရေတံခွန်
ဒီသွေးအနီရောင် ရေတံခွန်က ၁၀ဒီဂရီ စင်တီဂရိတ်မှာတောင် မအေးခဲပါဘူး။ အဆိုပါ ရေခဲမြစ်သည် ရေစီးဆင်းနေတဲ့အရည်နဲ့အတူ အအေးဆုံးတစ်ခုဖြစ်ဖို့ စဉ်းစားနေပါတယ်။ ဟားဗတ်တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ဒီblood Lakeသည် မယုံကြည်နိုင်စရာ သဘာဝဖြစ်စဉ် ဖြစ်ပေါ်စေတဲ့ အဏုဇီဝပိုးတွေနဲ့ အခြေကျနေကြောင်း သက်သေပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံက သဘာဝမီးတောက်ရေတံခွန်
သဘာဝအတိုင်း သူ့ဘာသာသူ ဖန်တီးထားတဲ့ ပုံမှန်မဟုတ်တဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ ၎င်း၏ဖြစ်ရပ်ဆန်းသည် သဘာဝဓါတ်ငွေ့မီသိန်းတွင်းအသေးဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။ တစ်ခါတရံ မီးလျှံတွေက မငြိမ်းဘဲ ပြန်ပြီး ဖြစ်ပေါ်လာပါတယ်။ ဘယ်သူမဆို မီးလျှံပြန်လည်သက်ဝင်လှုပ်ရှားပါက ကံကောင်းခြင်းနှင့်အတူ ကောင်းချီးမင်္ဂလာရရှိလိမ့်မယ်လို့ ယုံကြည်ချက်ရှိကြပါတယ်။
#Nandar
Souce-brightside
Related posts
သင်ရွေးချယ်လိုက်တဲ့ တံခါးတစ်ချပ်က သင့်ရဲ့အနာဂတ်ကို ကြိုတင်ခန့်မှန်းပေးမယ်
Naung Naung
အကြီးဆုံးဇိမ်ခံသင်္ဘောကြီး
OMCTC
မိခင်သဘာဝတရားက့ ဖန်ဆင်းထားတဲ့ အလွန်လှပသော အင်းဆက်များအကြောင်း (၁)
Nandar Lwin
Leave a Comment