30 C
Yangon
May 21, 2018
  • Home
  • General Knowledge
  • သိပ္ပံပညာရှင်များဖော်ပြထားတဲ့ ဖုန်းမသိမ်းဆည်းသင့်တဲ့နေရာ (၁၀)နေရာ
General Knowledge Health & Beauty

သိပ္ပံပညာရှင်များဖော်ပြထားတဲ့ ဖုန်းမသိမ်းဆည်းသင့်တဲ့နေရာ (၁၀)နေရာ

ဖုန်းမသိမ်းဆည်းသင့်တဲ့နေရာ

ယနေ့မှာ ဖုန်းတစ်လုံးမရှိတဲ့ လူတစ်ယောက်ကို ရှာဖို့ ခက်ခဲပြီး ကမ္ဘာတစ်ဝှမ်းက ဆဲလ်ဖုန်းသုံးစွဲသူအရေအတွက်က မြင့်တတ်နေပါတယ်။ လူတိုင်းက ဖုန်းနဲ့မျက်နှာ မခွာကြသလို အိပ်ရာဝင်တဲ့အချိန်၊ သန့်စင်ခန်းဝင်တဲ့အချိန်တောင် ယူသွားတတ်ကြပါတယ်။ သို့သော်လည်း အချို့နေရာတွေမှာ သင့်ဖုန်းကိုသိမ်းဆည်းခြင်းက သင့်ကျန်းမာရေးနှင့် သင့်ဖုန်းကို အန္တရာယ် ရှိစေနိုင်ပါတယ်။ သင့်ဆဲလ် ဖုန်းမသိမ်းဆည်းသင့်တဲ့နေရာ ၁၀နေရာရှိတာကြောင့် Lifestyle Myanmar ပရိတ်သတ်ကြီး သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

နှုတ်ခမ်းနီဆိုးတဲ့အခါ တနေ့လုံးမပျက်ဘဲ ကြာရှည်ခံစေမယ့် လှို့ဝှက်ချက်

၁။ ဘောင်းဘီနောက်အိတ်ကပ်
သင့်ဘောင်းဘီနောက်အိတ်ကပ်ထဲမှာ ဖုန်းထည့်ပြီး သယ်ဆောင်တာက အရမ်းအဆင်ပြေပါတယ်။ သို့သော် ဒီနေရာကို ရွေးချယ်ခြင်းက အောက်ပါပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ ဖုန်းများမှာ touchscreens ရှိပြီး သူတို့က လက်ချောင်းထက် ပိုပြီး တုံ့ပြန်ပါတယ်။ ဒီအကြောင်းကြောင့် အရေးပေါ်နံပါတ် ခေါ်ဆိုဖို့ အလွန်လွယ်ကူပြီး ၉၁၁ကိုခေါ်ဆိုမှု ၃၀%က ဒီမတော်တဆကြောင့် ဖြစ်ပါတယ်။
သင်မကြာခဏ ခြေထောက်တွေ၊ ၀မ်းဗိုက်တွေမှာ နာကျင်မှုခံစားရပါလား။ ဒါက သင့်အိတ်ကပ်ထဲက ဖုန်းရဲ့အကျိုးဆက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
တခါတလေမှာ ဖုန်းကိုမေ့လျော့ပြီး ထိုင်မိတဲ့အခါမှာ ဖုန်းကွဲခြင်း၊ ဒါမှမဟုတ် ပျောက်ဆုံးဖို့ လွယ်ကူပါတယ်။


၂။ ရှေ့အိတ်ကပ်
အမျိုးသားများ က အိတ်မသယ်ကြတာကြောင့် အရှေ့အိတ်ကပ်ထဲမှာ ဖုန်းကို ထည့်တာက သူတို့ကို ပိုအဆင်ပြေစေပါတယ်။ သို့သော် အမျိုးသားများရဲ့ကျန်းမာရေးကို ဒါကထိခိုက်စေပါတယ်။ လေ့လာမှုအရ ဖုန်းများရဲ့ လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်က သုတ်ပိုးများရဲ့ အရည်အသွေးနှင့် အရေအတွက်ကို ဆိုးရွားစွာ ထိခိုက်စေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘောင်းဘီအိတ်ထဲမှာ ဖုန်းကြာကြာထည့်ထားတဲ့ အမျိုးသားသည် အန္တရာယ် ပိုမိုမြင့်မားပါတယ်။


၃။ ဘရာစီယာထဲမှာ
ဆေးပညာမှာတော့ ဆဲလ်ဖုန်း ဓါတ်ရောင်ခြည်က ကင်ဆာဖြစ်ပွားစေခြင်း ရှိမရှိဆိုတာနှင့် ပတ်သက်ပြီး အငြင်းပွားဆဲပါ။ ဒါပေမယ့် တချို့သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဘရာစီယာထဲမှာ ဖုန်းထည့်ခြင်းက ရင်သားကင်ဆာ အန္တရာယ်ကို တိုးပွားစေပါတယ်။ ဒါ့ကြောင့် အဲ့ဒီနေရာမှာ ဖုန်းကို မသိမ်းတာက ပိုကောင်းပါတယ်။


၎။ သင့်တင်ပါးပေါ်မှာ
သုတေသနအဆိုအရ သင့်ရဲ့ပေါင်အနီး သင့်ဖုန်းကိုသယ်ဆောင်ခြင်းက တင်ပါးအရိုးများကို အားနည်းစေပါတယ်။ ဒါ့ကြောင့် သင့်အရိုးများကို ဂရုစိုက်ပါ။ အိတ်ထူထူတစ်ခုထဲမှာ သင့် device ကိုထည့်ပါ။


၅။ အသားအရေနှင့် ကပ်ပြီး
မျက်နှာအရေပြားနှင့် ဖုန်းကို ကပ်ပြီးပြောတာက ဖုန်းခလုတ်များနှင့် ဖုန်းမျက်နှာပြင်ကနေ ဘက်တီးရီးယားများက သင့်မျက်နှာအရေအပြားကို ပြောင်းရွေ့လာနိုင်ပြီး လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်က ပိုမိုနီးကပ်စွာ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဖုန်းဘယ်လိုပြောမလဲ? သင့်အသားအရေနှင့် ဖုန်းအကြား 0.5-1.5 စင်တီမီတာ ခွာပြီး ပြောပါ။


၆။ အားသွင်းထားရင်း
ဖုန်းအားသွင်းခြင်းက သင့်ကျန်းမာရေးကို မထိခိုက်စေဘူးဆိုတာ(သင်လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည် နီးကပ်မှုမှာလွဲလျှင်) မရှိပါဘူး။ဒါပေမယ့် သင့်ဆဲလ်ဖုန်းကို တညလုံးအားသွင်းမထားတာက ပိုကောင်းပါတယ်။ ဒါက ဖုန်းဘက်ထရီရဲ့သက်တမ်းကို တိုစေနိုင်ပြီး ဘက်ထရီ ထိရောက်မှုကို လျှော့ချနိုင်ပါတယ်။


၇။ အေးတဲ့နေရာများ
အပူချိန် Zero အောက်ကျပြီး အပြင်မှာအေးနေလျှင် သင့်ဖုန်းကိုဂရုစိုက်ပါ။ ကားထဲမှာ၊ လမ်းပေါ်မှာ အချိန်ကြာမြင့်စွာ မထားခဲ့ပါနဲ့ ။ အပူချိန်ကွာခြားချက်က gadgets ကိုအလွန်အန္တရာယ်ဖြစ်ပါတယ်။ နွေးထွေးတဲ့နေရာကို သင့်ဖုန်းပြန်ပြီး ယူလာတဲ့အခါ ငွေ့ရည်ဖွဲ့ပြီး ဖုန်းရဲ့ internal details နှင့်အတူ ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အေးတဲ့ရာသီမကြာခဏ အပြင်ထွက်လျှင် နွေးထွေးတဲ့ ဖုန်းအိတ်တစ်လုံး ၀ယ်ပါ။


၈။ ပူတဲ့နေရာများ
မြင့်မားသောအပူချိန်တွေက အီလက်ထရွန်းနစ်များကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပူပြင်းသောရာသီဥတုမှာ ကမ်းခြေမှာ ဒါမှမဟုတ် ကားထဲမှာ သင့်ဖုန်းကို ထားဖို့ အကြံမပြုပါဘူး။ ဒါ့အပြင် မီးဖိုနားမှာလည်း မထားသင့်ပါဘူး။


၉။ တွန်းလှည်း
အလျင်လိုနေချိန်မှာ အမေတွေက တွန်းလှည်းထဲမှာ သူတို့ဖုန်းကို မကြာခဏ ထားကြပါတယ်။ တစ်ချို့သုတေသီများက ဒါသည် အန္တရာယ် မကင်းကြောင်း အငြင်းပွားဆဲပါ။ ကလေးများအပေါ် ဆဲလ်ဖုန်းရဲ့ သက်ရာက်မှုက hyperactivity ကဲ့သို့ အပြုအမှုပြဿနာများနှင့် attention deficit disorder ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။


၁၀။ သင့်ခေါင်းအုံးအောက်မှာ
သင့်ခေါင်းအုံးအောက်မှာ ဖနုးကို မသိမ်းဆည်းပါနဲ့။ ဒီအကြောင်းရင်း များစွာရှိပါတယ်။
ညဘက်မှာ မကြာခဏ နိုတီတတ်ပြီး စခရင်က အလင်းရောင်ထွက်ပါတယ်။ Extraneous light က melatonin များရဲ့ထုတ်လုပ်မှုကို သက်ရောက်ပါတယ်။ ဒါက သင့်ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အိပ်စက်မှု ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။
အချိန်အကြာကြီးဖုန်းကို ခေါင်းအုံးအောက်မှာ ထားခြင်းဖြင့် လျှပ်စစ်သံလိုက်ဓါတ်ရောင်ခြည်က ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းကို ဖြစ်ပေါ်စေပါတယ်။
ဖုန်းတွေ ပေါက်ကွဲမှုနှင့် မီးလောင်မှုဖြစ်ပွားမှုများ ရှိခဲ့ပါတယ်။ ခေါင်းအုံးတစ်လုံးနှင့် သင့်ဖုန်းကို အုပ်ထားတဲ့အခါ ဒီလိုမျိုးကိစ္စတွေကို တိုးမြှင့်လာစေပါတယ်။ ဖုန်းတစ်လုံးကို အားသွင်းတဲ့အခါ အပူပိတ်ထားပေးပါ။့ ဖုန်းအားသွင်းတဲ့အခါ သင်နှင့် သင့်အိပ်ရာ၊ တခြားလူတွေရဲ့ အနားမှာ ဖုန်းအားသွင်းခြင်း ရှောင်ပါ။ ကိုယ်နဲ့ ခပ်ဝေးဝေးမှာ အားသွင်းပါ။


#Lifestyle_Myanmar
#TB_Nandar
Source-brightside

Related posts

ဖိနပ်တွေကို ဘယ်လို သိမ်းဆည်းသင့်လဲ ဆိုတာ

OMCTC

ဆောင်းရာသီမှာ မှိုတွေ ဘာကြောင့် စားပေးသင့်သလဲ

OMCTC

ဆံပင် ပြန်ပေါက်လာစေမည့် နည်းလမ်းကောင်း တစ်ခု

OMCTC

Leave a Comment