25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Celebrity
  • သရုပ်ဆောင်ကောင်းသလို အသံလည်းကောင်းကြတဲ့ ကိုရီးယားမင်းသမီး ၃ယောက်
Celebrity
သရုပ်ဆောင်ကောင်းသလို အသံလည်းကောင်းကြတဲ့ ကိုရီးယားမင်းသမီး ၃ယောက်
၁။ Park Shin Hye
၂။ Lee Sung Kyung
၃။ Park Bo Young
#Lifestyle_Myanmar
$TB_Nandar
Unicode
သရုပ်ဆောင်ကောင်းသလို အသံလည်းကောင်းကြတဲ့ မင်းသမီး ၃ယောက်
ဒီမင်းသမီးသုံးယောက်ဟာ သရုပ်ဆောင်ကောင်းကြတယ်ဆိုတာ သိကြမှာပါ။ သူတို့ဟာ သရုပ်ဆောင်တဲ့နေရာမှာပဲ တော်တာမဟုတ်ဘဲ သီချင်းဆိုတဲ့ နေရာမှာလည်း အရမ်းကောင်းကြပါတယ်။
၁။ Park Shin Hye
ကလေးဘဝထဲက သရုပ်ဆောင်လုပ်ခဲတဲ့ Park Shin Hye ဟာ တကယ့်ကို အနုပညာရှင်ကောင်း တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ကောင်းတဲ့အပြင် အကနှင့် သီချင်းဆိုခြင်းမှာလည်း အလွန်ထူးချွန်ပါတယ်။ 2009ခုနှစ်မှာ Park Shin Hye သည် ‘You’re Beautiful’ ဆိုတဲ့ ဒရမ်မာကားရဲ့ နောက်ခံတေးကို သူမအသံဖြင့် ကူညီပေးခဲ့ပါတယ်။ ဒါအပြင် သူမသည် 2011မှာ ‘I Will Forget’ဆိုတဲ့ သီချင်းခေါင်းစဉ်ကို ‘Heartstrings’ ဆိုတဲ့ ဒရမ်မာကားမှာ သီဆိုပေးခဲ့ပြီး 2013 ခုနှစ် ‘The Heirs’ ကားမှာ Storyဆိုတဲ့သီချင်း၊ 2014′ Pinocchio’ ဒရမ်မာကားမှာ “Love Is Like a Snow”ဆိုတဲ့ title သီချင်း တို့ကိုသီဆိုပေးခဲ့ပါတယ်။ သူမရဲ့အသံကို ပရိတ်သတ်အတော်များများက နှစ်သက်ကြတာကြောင့့် ပတ်ရှင်ဟေဟာ သူမရဲ့ပရိတ်သတ်တွေ့ဆုံပွဲတွေမှာ အမြဲတမ်းသီချင်းဆိုပြတာက အံသြစရာတော့ မဟုတ်ပါဘူး။
၂။ Lee Sung Kyung
Lee Sung Kyung ဟာ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်လာခဲ့တဲ့ ၁၉၉ဝနှစ်ဖွား မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမသည် 2015 ‘King of Masked Singer’ ဆိုတဲ့ ရှိုးမှာ မျက်နှာဖုံးအုပ်ပြီး သီချင်းဆိုခဲ့တဲ့ ဧည့်သည်အဆိုရှင်အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။ ထိုပွဲမှာ သူမရဲ့နူးညံ့တဲ့အသံနှင့်အတူ ပရိတ်သတ်အံသြသွားအောင် သူမ စီစဉ်ခဲ့တာပါ။ သူမသည် 2016ခုနှစ််မှာ ‘Sweet Kiss Like Coffee’ လို့ခေါ်တဲ့ သီချင်းတစ်ခုမှာ Eddy Kim နှင့်အတူ သီဆိုခဲ့ပါတယ်။ 2017မှာ Lee Sung Kyung ဟာ ‘The Last Scene’ သီချင်းမှာ Psy နှင့်အတူ သီဆိုခဲ့ပါတယ်။
၃။ Park Bo Young
‘Strong Woman Do Bong Soon’ ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Bo Young မှာ အရမ်းကောင်းတဲ့ အသံရှိတယ်ဆိုတာ လူအများကသိကြပါတယ်။ 2012မှာ Park Bo Young ဟာ မင်းသား Song Joong Ki သရုပ်ဆောင်တဲ့ ‘A Werewolf Boy’ ကားမှာ နောက်ခံအဆိုရှင်အဖြစ် အားဖြည့်ကူညီခဲ့ပါတယ်။ သူမသီဆိုတဲ့ သီချင်းခေါင်းစဉ်က ‘My Prince’ ဖြစ်ပြီး Park Bo Youngရဲ့ အသံချိုချိုလေးကို ပရိတ်သတ်တွေ ချစ်ခဲ့ကြပါတယ်။ ဒါ့အပြင် 2015မှာ Park Bo Young ဟာ ‘Oh My Ghost’.ဆိုတဲ့ သူမရဲ့ ဒရမ်မာကားမှာ နောက်ခံတေးသီချင်းအဖြစ် အသုံးပြုခဲ့တဲ့ ‘Leave’ ဆိုတဲ့ သီချင်းကိုလည်း သီဆိုခဲ့ပါတယ်။
#Lifestyle_Myanmar
$TB_Nandar
Related posts
မိုးရုပ်ရှင်၏ ပွဲဦးထွက်ဇာတ်ကားသစ် ရုံးပတီသီးလေးများရုပ်ရှင် ရုံတင်ပြသ မည်
OMCTC
SHINee အဖွဲ့ဝင် ထယ်မင်း တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖြင့် ပြန်လာမည်
OMCTC
ဘွဲ့ယူဖို့နှင့် အနာဂတ် အစီအစဉ်များ အကြောင်းကို ပြောပြခဲ့တဲ့ ပတ်ခ်ဘိုဂွမ်
Nandar Lwin
Leave a Comment