• Home
  • Lifestyle
  • သင့် အ၀တ်အစားတွေ ကိုထိန်းသိမ်းပေးလိမ့်မယ့် နေ့စဉ်လျှို့ဝှက်ချက်များ
Lifestyle

သင့် အ၀တ်အစားတွေ ကိုထိန်းသိမ်းပေးလိမ့်မယ့် နေ့စဉ်လျှို့ဝှက်ချက်များ

အ၀တ်အစားတွေ

သင့် အ၀တ်အစားတွေ ကို ကြာရှည်ခံအောင် ထိန်းသိမ်းပေးလိမ့်မယ့်   နေ့စဉ်လျှို့ဝှက်ချက်လေးတွေ ရှိပါတယ်။

၁။ သန့်ရှင်းရေး Pads များက သင့်ရဲ့ဖိနပ်တွေကို လျင်မြန်စွာ ခြောက်သွေ့စေပြီး အနံ့အသက်တွေကို ဖယ်ရှားပေးပါတယ်။
ရလဒ်။ သင့်မှာ လေမှုတ်စက်မရှိဘူးဆိုလျှင် ဒီနည်းလမ်းက ဖိနပ်မှာရှိတဲ့ ပိုလျှံနေတဲ့ အစိုဓါတ်ကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါက ၂နာရီအကြာမှာ ခြောက်သွေ့သွားပါလိမ့်မယ်။


၂။ သင့်ရဲ့ရှုးဖိနပ်တွေ ရေစိုခံဖြစ်လာစေဖို့ ဖိနပ်ကိုဖယောင်းနဲ့ ပွတ်တိုက်ပြီး ဆံပင်လေမှုတ်စက်နှင့် မှုတ်ပေးပါ။
ရလဒ် ။ ၁၀၀%အလုပ်ဖြစ်ပါတယ်။ ဖယောင်းရဲ့အပေါ်ယံပိုင်းကို မမြင်ရစေပဲ သင့်ဖိနပ်ကို ရေစိုခြင်းမှ ထိထိရောက်ရောက်ကာကွယ်ပေးပါတယ်။ ဒီနည်းလမ်းက တောင်တတ်ခရီး ဒါမှမဟုတ် မိုးရာသီဥတုအတွက် အသုံးဝင်ပါလိမ့်မယ်။


၃။ အ၀တ်အစားတွေပေါ်က အမွှေးသီးတာတွေကို မုတ်ဆိတ်ရိတ်ဓါားဖြင့် အလွယ်တကူဖယ်ရှားလို့ရပါတယ်။
ရလဒ်။ ဒါကအလုပ်ဖြစ်ပါတယ်။ အမွှေးနုတွေပျောက်သွားပါလိမ့်မယ်။ သို့သော် သင့်ရဲ့အ၀တ်အစားတွေကို ပြဲစေနိုင်တဲ့အတွက် သတိထားပြီး ပြုလုပ်ပါ။


၎။ သွားတိုက်ဆေးဖြင့် ချွေးအစွန်းအထင်းများကို ဖယ်ရှားနိုင်ပါတယ်။
ရလဒ်။ ဒါကအလုပ်တော့မဖြစ်ပေမယ့် အရောင်ဖျော့တဲ့ အ၀တ်အစားများပေါ်မှာ ဒီနည်းလမ်းကို ကြိုးစားကြည့်ပါ။ နောက်ပိုင်းမှာ အကျီ င်္ဂျိုင်းကြားက အစွန်းအထင်းများကို တားဆီးဖို့ ပါးလွှာတဲ့ သန့်ရှင်းရေးPadsကိုသုံးနိုင်ပါတယ်။


၅။ လက်ဆေးတဲ့ ပိုးသတ်ဆေးက သင့်အ၀တ်ပေါ်က မင်စက်တွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။
ရလဒ်။ အလုပ်ဖြစ်ပါတယ်။ ဒါက ဘောပင်မှင်သာဖယ်ရှားနိုင်တာမဟုတ်ဘဲ ဆော့ပင်အစွန်းအထင်းတွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။


#TB_Nandar
Source- brightside

Related posts

နေချင်စဖွယ် ခေတ်မှီတိုက်ခန်းလေး ဖန်တီးဖို့ ဒီဇိုင်းအကြံပြုချက်များ

Nandar Lwin

လေ့လာမှုတွေအရ ဥာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေအများစု Single ဖြစ်နေရတဲ့အကြောင်းရင်း

Naung Naung

စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ကလေးတွေ အဖြစ်ပျိုးထောင်ပေးရန်အတွက် နည်းလမ်း (၁၀) ချက်

Naung Naung

Leave a Comment