30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • သင့်ကောင်မလေးကို လက်ဆောင်ပေးတဲ့အခါ ဘယ်လိုလက်ဆောင်တွေက သူမနှလုံးသားကို အနိုင်ရစေမလဲ?
Lifestyle Relationship

သင့်ကောင်မလေးကို လက်ဆောင်ပေးတဲ့အခါ ဘယ်လိုလက်ဆောင်တွေက သူမနှလုံးသားကို အနိုင်ရစေမလဲ?

လက်ဆောင်ပေးတဲ့အခါ

သင်မြတ်နိုးတဲ့ ကောင်မလေးမွေးနေ့၊ ဒါမှမဟုတ် သူမနှင့်အတူ သင့်ရဲ့ပထမဆုံး Valentine day၊ သင့်ရဲ့ပထမဆုံး ချစ်သူသက်တမ်းနှစ်ပတ်လည်တွေမှာ သူမအမြဲတမ်း အမှတ်ရနေဖို့ အကောင်းဆုံး လက်ဆောင် ဘာပေးမလဲ? အများစုကတော့ အမွှေးပွအရုပ်ကြီးတွေ၊ ပန်းစည်းတွေ၊ ချောကလက် တွေပေးတတ်ကြပါတယ်။ သူမအကြိုက်ဆုံး စာအုပ်လေးတွေ၊ သူမကြိုက်နှစ်သက်တဲ့ ရိုးရှင်းတာ တစ်ခုခုလည်းပေးနိုင်ပါတယ်။ ဒီထက်ပိုပြီး သင့်မိန်းကလေးရဲ့နေ့တွေကို အလှပဆုံးနဲ့ အမှတ်တရဖြစ်ဖို့ ဖန်တီးမှုနှင့် အကောင်းဆုံးအိုင်ဒီယာအချို့ကို ပြောပြချင်ပါတယ်။

ani studio

Gepostet von Ani Studio am Dienstag, 19. Dezember 2017

၁။ ရေမွှေး
ရေမွှေးကို မနှစ်သက် ၊သဘောမကျတဲ့ မိန်းကလေး ရှားပါတယ်။ ရေမွှေးလက်ဆောင်ပေးတာက ကိုယ့်ရဲ့အလေးအနက်ထားခြင်းကို ဖော်ပြတဲ့ သင်္ကေတတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လက်ဆောင်ပေးမဲ့ ကောင်မလေးက ရေမွှေးကြိုက်နှစ်သက်သူ၊ သုံးစွဲသူဖြစ်ဖို့လိုပါတယ်။


၂။ အရသာရှိတဲ့ ချောကလက်
ချောကလက်က ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွင်ခြင်းတွေ ယူဆောင်ဖို့ နည်းလမ်းတစ်ခုဆိုတာ သေချာပါတယ်။ ချောကလက်က လူငယ်တွေအတွက် လက်ဆောင်ပေးဖို့ အသင့်တော်ဆုံးဖြစ်ပြီး သင့်ချစ်သူက ချောကလက်ကြိုက်တတ်တဲ့သူဆိုရင်တော့ သင့်ကိုမေ့နိုင်မယ် မထင်ပါဘူး။


၃။ စာသားကောင်းလေးတွေပါတဲ့ ချစ်စရာအသည်းပုံလေးတွေ
ချစ်စရာကောင်းပြီး ဖန်တီးထားတဲ့ အသည်းပုံလေးတွေက လူတစ်ဦးကို သင့်ရဲ့ချစ်ခင်မှု ပြသဖို့ နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပြီး ဒါကရိုးရိုးလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။


၎။ အသည်းပုံဆွဲပြားလှလှလေးတွေ
အသည်းပုံဆွဲပြားလေးတွေဆို တန်ဖိုးရှိရှိ၊ မရှိရှိ မိန်းကလေးတိုင်းက နှစ်သက်ကြပါတယ်။ သင့်ကောင်မလေး သင့်ကို ချစ်ခင်မြတ်နိုးလာစေဖို့ အသည်းပုံလော့ကတ်လေးက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။


၅။ လက်စွပ်တစ်ကွင်း
လက်ဝတ်ရတနာ ဆိုတာ သင့်ရဲ့ခံစားမှုကို ဖော်ပြလို့ အကောင်းဆုံး လက်ဆောင်ပါတဲ့။ အရေးအကြီးဆုံး. တန်ဖိုးအထားရဆုံးသူ ဖြစ်ပါတယ်လို့ ဖော်ပြတဲ့ သဘောလဲ ဖြစ်ပါတယ်။ လှပတဲ့လက်စွပ်တစ်ကွင်း လက်ဆောင်ပေးခြင်းက စေ့စပ်လက်စွပ်တစ်ခုဖြစ်တယ်လို့ မဆိုလိုပါဘူး။ ချစ်ခင်မှု၊ ခင်မင်ရင်းနှီးမှုရဲ့ အမှုအယာကောင်းတစ်ခုဖြစ်နိုင်ပြီး ဒီထက်ပိုကောင်းတာ ဘာမှမရှိပါဘူး။


၆။ အလှကုန်
မွှေးရနံ့သင်းပျံ့တဲ့ ရေချိုးအလှကုန်တစ်စုံကို ပါကင်လှလှလေးထုပ်ပြီး လက်ဆောင်အဖြစ်ပေးမယ်ဆိုရင် သင့်ကိုအရမ်းချစ်လာပြီး သင့်လက်ဆောင်လေးကို ပီတိဖြစ်နေမှာပါ။


၇။ သင်နှင့် သူမနာမည် ထိုးထားတဲ့ ချစ်စရာကောင်းတဲ့ အလန်းစား ကီးချိန်း
သင်တို့နှစ်ယောက်နာမည် တစ်ခုစီထိုးထားတဲ့ အသည်းတစ်ခြမ်းကီးချိန်းလေးတွေက အရမ်းကို ရိုမန့်တစ်ဆန်ကြီး သင့်ကို အထင်ကြီးလေးစားစေမှာပါ။ သူမဟာ သင့်ကို အမြဲသတိရနေပါလိမ့်မယ်။


၈။ စာသားလေးတွေပါတဲ့ ချစ်စရာကောင်းပြီး ရိုမန့်တစ်ဆန်တဲ့ ခွက်လေးတွေ
သူမအတွက်သင့်ခံစားချက်စာသားတိုလေးတွေပါတဲ့ ချစ်စရာခွက်လေးတွေက သင့်ရဲ့အချစ်ကို သူမအကြီးအကျယ် ခံစားမိစေမယ့် ချည်နှောင်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။


၉။ ဒီဇိုင်းကောင်းကောင်းနဲ့ နာရီ သို့မဟုတ်လက်ကောက်
ရောင်စုံဒီဇိုင်းနာရီ သို့မဟုတ် လက်ကောက်တစ်ခုက သင်ကြိုက်နေတဲ့သူ အထင်ကြီးလာစေဖို့ ထူးခြားတဲ့ ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။


၁၀။ ဒီဇိုင်းဆန်းဆန်း Box လေးတစ်ခုထဲမှာ ပစ္စည်းလေးတွေ
ဒီဇိုင်းကောင်းကောင်း Boxတစ်ခုကိုပြုလုပ်ပြီး အထဲမှာ ချစ်စရာခွက်လေးတွေ၊ အမှတ်တရပစ္စည်းလေးတွေ၊ သင့်ချစ်သူက ဆံပင်ရှည်ရှည်ပိုင်ဆိုင်ထားသူဆိုရင် ကလစ်လေးတွေ၊ ခေါင်းစည်းလှလှလေးတွေ ထည့်ပြီး ပေးနိုင်ပါတယ်။


၁၁။ ဖန်စီကျောက်လေးတွေနဲ့ ဖုန်းကာဗာလှလှလေး


၁၂။ အချစ်နှင့်အတူ Cupcakes တစ်ဘူး


၁၃။ ပုလဲဆွဲကြိုး


#Lifestyle_Myanmar
#TB_Nandar

Related posts

သင့်လက်တွဲဖော်နဲ့ ဒီအလေ့အကျင့်၁၀ခုထဲက အနည်းဆုံး၂ခုရှိပါက သင့်အိမ်ထောင်ရေး ကြာရှည်မြဲပါလိမ့်မယ်

Nandar Lwin

သင့်ကလေးတွေ ဒီလိုပြုလုပ်နေလျှင် ဘယ်တော့မှ မတားမြစ်သင့်

Nandar Lwin

ဘယ်အသက်အရွယ်မဆို ချမ်းသာကြွယ်ဝတဲ့ ဘ၀ကိုရောက်ရှိဖို့ သိမှတ်ထားရမယ့် ငွေကြေးနှင့်ပတ်သတ်သော အရေးပါတဲ့ အမှန်တရားများ

Nandar Lwin

Leave a Comment