• Home
  • News
    • News
    • Breaking News
    • International News
    • Sports News
    • Business News
    • Politics
  • Lifestyle
    • Lifestyle
    • Entertainment
    • Celebrity
    • Fashion
    • Health & Beauty
    • Relationship
    • Sex Education
    • Funny
  • Technology
    • Technology
    • Technology News
    • Mobile Phone Review
    • Mobile App Review
    • Mobile Game
    • Automobile
  • General Knowledge
    • General Knowledge
    • Unique Things
    • Video
April 21, 2018

  • Home
  • News
    • Breaking News
    • International News
    • Sports News
    • Business News
    • Politics
  • Lifestyle
    • Entertainment
    • Celebrity
    • Fashion
    • Health & Beauty
    • Relationship
    • Sex Education
    • Funny
  • Technology
    • Technology News
    • Mobile Phone Review
    • Mobile App Review
    • Mobile Game
    • Automobile
  • General Knowledge
    • Unique Things
    • Video
HomeLifestyleHealth & Beautyသင့္အိမ္မွာ ေဆာင္ထားသင့္ေသာ ဘက္စံုသံုးလို႔ရတဲ့ မုန္႔ဖုတ္ဆိုဒါ
မုန္႔ဖုတ္ဆိုဒါ

သင့္အိမ္မွာ ေဆာင္ထားသင့္ေသာ ဘက္စံုသံုးလို႔ရတဲ့ မုန္႔ဖုတ္ဆိုဒါ

  • September 20, 2017
  • 0 comments
  • Nandar Lwin
  • Posted in Health & BeautyLifestyle
  • 0

(Baking Soda) မုန္႔ဖုတ္ဆိုဒါကို အလွအပ၊ က်န္းမာေရး၊ အိမ္သန္႔ရွင္းေရးစတဲ့ ေနရာေတြမွာ ဘက္စံုအသံုးျပဳလုိ႔ရပါတယ္။ မုန္႔ဖုတ္ဆိုဒါ တစ္ထုပ္ရွိယံုနဲ႔ အကုန္လံုး အသံုးျပဳလို႔ရတာေၾကာင့္ ဒီေဆာင္းပါးကိုဖတ္ၿပီးရင္ သြားေျပး၀ယ္ဖို႔ မေမ့နဲ႔ေနာ္။

ပန္းသီးမစားခင္ ဖေယာင္း သုတ္ထားလားဆိုတာ ဒီလိုစစ္ေဆးပါ

၁။ သဘာ၀ေခၽြးနံ႔ေပ်ာက္ေဆး

စတိုးဆိုင္ကေန ေခၽြးန႔ံေပ်ာက္ေဆး မ၀ယ္ႏိုင္ေသးရင္ ဒီနညး္လမ္းေလးကိုအသံုးျပဳၾကည့္ပါ။ ပုလင္းအလြတ္တစ္ခုထဲမွာ မုန္႔ဖုတ္ဆိုဒါအနည္းငယ္ႏွင့္ ေရကိုေရာေႏွာပါ။ ခ်ိဳင္းကိုလိမ္းေပးပါ။ ဒီနညး္လမ္းအတိုင္းပဲ ေျခေထာက္အန႔ံဆိုး ထြက္တာကိုလည္း ဖယ္ရွားပစ္လို႔ရပါတယ္။

၂။ ယားယံျခင္းအတြက္ ေဆးတစ္လက္

အင္းဆက္ပိုးမႊားကိုက္ျခင္း ၊တိုက္ကပ္ႏြယ္ပင္အဆိပ္ကေန ယားယံအဖုေပါက္ျခင္းေတြကို သက္သာေစစဖို႔ အေရျပားကို ေရႏွင့္ မုန္႔ဖုတ္ဆိုဒါကို ပ်စ္ပ်စ္ေဖ်ာ္ၿပီး လိမ္းေပးပါ။

၃။ ရင္ပူတာေတြကို သက္သာေစဖို႔

ရင္ပူတာ ေပ်ာက္ေစဖို႔ သင္သည္ ေရဖန္ခြက္တစ္၀က္နဲ႔ မုန္႔ဖုတ္ဆိုဒါ လက္ဖက္စားဇြန္း၁ဇြန္းကို ေရာေႏွာၿပီး ေသာက္ေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ မုန္႔ဖုတ္ဆိုဒါ အနညး္ငယ္ကို ႏို႔နညး္နည္းႏွင့္ ေဖ်ာ္ေသာက္ႏို္င္ပါတယ္။ သင္သည္ေအာက္ပါအညြန္းအတိုင္းလည္း အသံုးျပဳႏိုင္ပါတယ္။ ေရ ၁၀၀မီလီ(၃.၄ေအာင္စ) ၊ မုန္႔ဖုတ္ဆိုဒါလက္ဖက္စားဇြန္း ၄ပံု၁ပံုခန္႔၊ citric acid လက္ဖက္စားဇြန္း ၄ပံု၁ပံုခန္႔(သို႔မဟုတ္) သံပုရာေဖ်ာ္ရည္အနည္းငယ္၊ သၾကား လက္ဖက္စားဇြန္း တစ္၀က္။

၄။ သဘာ၀ေခ်းခၽြတ္ေဆးအျဖစ္ သံုးႏိုင္

နည္းလမ္း(၁)။ ေတာက္ပတဲ့အသားအေရအတြက္ ။ မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း၁ဇြန္း၊ သံပုရာေဖ်ာ္ရည္ လက္ဖက္စားဇြန္း ၁ဇြန္း၊ လက္ဖက္ရြက္ဆီ ၄-၅စက္၊ ေရာေႏွာၿပီး မ်က္ႏွာကို လိမ္းပါ။ အထူးႏွိပ္နယ္တဲ့ ဘရပ္တစ္ခုကို သံုးၿပီး ေကာင္းစြာ ႏွိပ္ေပးပါ။

နည္းလမ္း(၂)။ ဆား၀က္ၿခံေတြ ဖယ္ရွားပစ္ဖို႔ ။ မုန္႔ဖုတ္ဆိုဒါ လက္ဖက္စားဇြန္း၁ဇြန္း၊ ပ်ားရည္ လက္ဖက္စားဇြန္း ၀.၅။ ဟင္းရြက္ဆီနညး္ငယ္ ထည့္သြင္းႏိုင္ပါတယ္။ ေရာေႏွာၿပီး ဆား၀က္ၿခံျဖစ္တဲ့ ေနရာေတြကို ၅မိနစ္ေလာက္ လိမ္းထားေပးပါ။ၿပီးေနာက္ ႏွိပ္နယ္ၿပီး ေဆးေၾကာလိုက္ပါ။

နညး္လမ္း(၃)။ အေရးအေၾကာင္းေတြနဲ႔လိုင္းေတြကို ေလ်ာ့ခ်ဖို႔။ မုန္႔ဖုတ္ဆိုဒါ လက္ဖက္စားဇြန္း၂ဇြန္းႏွင့္ အုန္းဆီ လက္ဖက္စားဇြန္း ၁ဇြန္းကို ေရာေႏွာပါ။ ၅မိနစ္၊ ၇မိနစ္ေလာက္ ေသေသခ်ာခ်ာ သင့္မ်က္ႏွာကို ႏွိပ္နယ္ေပးပါ။ ၿပီးေနာက္ ေရေႏြးေႏြးနဲ႔ ေဆးေၾကာပါ။ တစ္ပတ္ကို ၁ႀကိမ္-၂ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။

၅။ ဆံပင္ထိမ္းသိမ္းေစာင့္ေရွာက္ဖို႔

သင့္ဆံပင္ကို လွ်င္ျမန္စြာ သန္စြမ္းဖို႔ဆိုရင္ေတာ့ မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၃ဇြန္းႏွင့္ ေရ စားပြဲတင္ဇြန္း ၉ဇြန္းကို ေရာေႏွာေပးပါ။ ထိုအေရာအေႏွာကို ဆံပင္အျမစ္ေတြကေန လိမ္းေပးပါ။ သင့္ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ ႀကိဳတင္ျပင္ဆင္ထားတဲ့ ပန္းသီးရွာလကာရည္ႏွင့္ေရကို ေရာၿပီး လိမ္းေပးပါ။ ၿပီးေနာက္ သင့္ဦးေရျပားကို ေနာက္တခါ ႏွိပ္နယ္ေပးၿပီး ေရႏွင့္ ေကာင္းစြာေဆးေၾကာပါ။ သင့္ဆံပင္ေတြ က်န္းမာၿပီး ေတာက္ပလာပါလိမ့္မယ္။

၆။ အေၾကာျပတ္အရာေတြကို ကုစားဖို႔

ဒီအေရာေႏွာႏွင့္အတူ ပံုမွန္ ႏွိပ္နယ္ေပးပါက သင့္ခႏၶာကိုယ္ရဲ႕ တစ္ရႈးေတြကို ပိုမိုျမန္ဆန္စြာ အသစ္တဖန္ျပန္လည္ ျဖစ္ေပၚေစမွာပါ။ မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၃ဇြန္းႏွင့္ သံပုရာသီးတစ္ျခမ္းကို အရည္ညွစ္ၿပီး ေရာလိမ္းေပးပါ။ အေၾကာျပတ္ရာေတြျဖစ္ေနတဲ့ ေနရာကို ႏွိပ္နယ္ၿပီး ပြတ္လိမ္းေပးပါ။

၇။ ခံတြင္းအနံ႔ဆိုးႏွင့္ သြားေခ်းေတြကို ဖယ္ရွားဖို႔

မုန္႔ဖုတ္ဆိုဒါ လက္ဖက္စားဇြန္း ၁ဇြန္းႏွင့္ သံပုရာရည္ကိုေရာေႏွာၿပီး ေရ ကိုခြက္တစ္၀က္ထည့္ပါ။ သင့္ပါးစပ္က မႏွစ္မ်ိဳ႕ဖြယ္ရာ အနံ႔ေတြ နံေနလွ်င္ ဒီေပ်ာ္ရည္ႏွင့္ ခံတြင္းကို ေဆးေၾကာေပးပါ။ မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၃-၄ဇြန္း နဲ႔ ေရကိုေဖ်ာ္ၿပီးလညး္ အသံုးျပဳႏိုင္ပါတယ္။

၈။ လက္က အနံ႔ေတြ ေပ်ာက္ဖို႔

ၾကက္သြန္ျဖဴ၊ ငါးေတြ ကိုင္တဲ့အခါ လက္နဲ႔ စင္းႏွီတံုးမွာ အန႔ံစြဲေနတတ္ပါတယ္။ ဒီအန႔ံေတြေပ်ာက္ဖို႔ မုန္႔ဖုတ္ဆိုဒါနဲ႔ ပြတ္ေပးႏိုင္ပါတယ္။ သင့္လက္နဲ႔ ေျခေထာက္အသားအေရေတြ ၾကမ္းတမ္းေနရင္ မုန္႔ဖုတ္ဆိုဒါႏွင့္ ေရေႏြးေႏြးကိုေရာၿပီး သင့္လက္ေတြ၊ ေျခေထာက္ေတြကို စိမ္ပါ။ တစ္ပတ္ကို ၂ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။

၉။ လက္၀တ္ရတနာေတြကို သန္႔စင္ဖုိ႔

မုန္႔ဖုတ္ဆိုဒါ လက္ဖက္စားဇြန္း ၃ဇြန္းနဲ႔ ေရ လက္ဖက္စားဇြန္း ၁ဇြန္းကို ေရာပါ။ သြားတိုက္တံကို အသံုးျပဳၿပီး လက္၀တ္ရတနာေတြကို တိုက္ေပးပါ။ ေရေအးနဲ႔ ေဆးေၾကာေပးပါ။

၁၀။ အနာလိမ္းဖို႔အတြက္ ေဆးတစ္လက္

ေရေႏြးေႏြး တစ္ဖန္ခြက္အတြက္ ဆား လက္ဖက္စားဇြန္း ၁ဇြန္း၊ မုန္႔ဖုတ္ဆိုဒါ လက္ဖက္စားဇြနး္၁ဇြန္း အသံုးျပဳၿပီး ၁၅မိနစ္၊ မိနစ္၂၀ေလာက္ တစ္ေန႔ကို ၂ႀကိမ္ အနာျဖစ္တဲ့ ေနရာကို စိမ္ထားေပးပါ။

၁၁။ ေနေလာင္ျခင္းအတြက္ ေဆးတစ္လက္

ခ်ိဳးဖို႔ေရေအးေအးေလးထဲမွာ မုန္႔ဖုတ္ဆိုဒါ တစ္ခြက္ကို ေရာေပးပါ။ ဒါက ေနေလာင္တာကို သက္သာေစဖို႔ ကူညီေပးပါလိမ့္မယ္။

၁၂။ စားေတာ္ပဲႏွင့္ ပဲမ်ိဳးစံုကို ႏူးအိေစဖို႔

ပဲျပဳတ္တဲ့အခါ အိုးထဲကို မုန္႔ဖုတ္ဆိုဒါ အနညး္ငယ္ထည့္ပါ။ ပဲေတြႏူးအိလာပါလိမ့္မယ္။

၁၃။ သြားျဖဴေစဖို႔

မုန္႔ဖုတ္ဆိုဒါက သြားေတြကို ေခ်းခၽြတ္ေပးတာေၾကာင့္ ျဖဴ၀င္းေစပါတယ္။ ဒါေပမယ့္ ခဏခဏ မသံုးသင့္ပါဘူး။ သြားတိုက္ေဆးထဲ မုန္႔ဖုတ္ဆိုဒါ အနညး္ငယ္ထည့္ၿပီး ပံုမွန္အတိုင္း သင့္သြားကို သန္႔ရွင္းေပးႏုိင္ပါတယ္။ စိုစြတ္တဲ့ သြားတိုက္တံေပၚမွာ မုန္႔ဖုတ္ဆိုဒါ အနည္းငယ္ျဖဴးၿပီး သံပုရာရည္ ၂စက္၃စက္ထည့္ၿပီး တိုက္ပါ။ ခါတိုင္းထက္ကို ပိုၿပီး သန္႔ရွင္းပါလိမ့္မယ္။
#TB_Nandar
#Lifestyle_Myanmar
Source-Brightside

Unicode

 

သင့်အိမ်မှာ ဆောင်ထားသင့်သော ဘက်စုံသုံးလို့ရတဲ့ မုန့်ဖုတ်ဆိုဒါ

(Baking Soda) မုန့်ဖုတ်ဆိုဒါကို အလှအပ၊ ကျန်းမာရေး၊ အိမ်သန့်ရှင်းရေးစတဲ့ နေရာတွေမှာ ဘက်စုံအသုံးပြုလို့ရပါတယ်။ မုန့်ဖုတ်ဆိုဒါ တစ်ထုပ်ရှိယုံနဲ့ အကုန်လုံး အသုံးပြုလို့ရတာကြောင့် ဒီဆောင်းပါးကိုဖတ်ပြီးရင် သွားပြေးဝယ်ဖို့ မမေ့နဲ့နော်။

၁။ သဘာဝချွေးနံ့ပျောက်ဆေး

စတိုးဆိုင်ကနေ ချွေးန့ံပျောက်ဆေး မဝယ်နိုင်သေးရင် ဒီနညး်လမ်းလေးကိုအသုံးပြုကြည့်ပါ။ ပုလင်းအလွတ်တစ်ခုထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်နှင့် ရေကိုရောနှောပါ။ ချိုင်းကိုလိမ်းပေးပါ။ ဒီနညး်လမ်းအတိုင်းပဲ ခြေထောက်အန့ံဆိုး ထွက်တာကိုလည်း ဖယ်ရှားပစ်လို့ရပါတယ်။

၂။ ယားယံခြင်းအတွက် ဆေးတစ်လက်

အင်းဆက်ပိုးမွှားကိုက်ခြင်း ၊တိုက်ကပ်နွယ်ပင်အဆိပ်ကနေ ယားယံအဖုပေါက်ခြင်းတွေကို သက်သာစေစဖို့ အရေပြားကို ရေနှင့် မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်ဖျော်ပြီး လိမ်းပေးပါ။

၃။ ရင်ပူတာတွေကို သက်သာစေဖို့

ရင်ပူတာ ပျောက်စေဖို့ သင်သည် ရေဖန်ခွက်တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၁ဇွန်းကို ရောနှောပြီး သောက်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ အနညး်ငယ်ကို နို့နညး်နည်းနှင့် ဖျော်သောက်နို်င်ပါတယ်။ သင်သည်အောက်ပါအညွန်းအတိုင်းလည်း အသုံးပြုနိုင်ပါတယ်။ ရေ ၁၀၀မီလီ(၃.၄အောင်စ) ၊ မုန့်ဖုတ်ဆိုဒါလက်ဖက်စားဇွန်း ၄ပုံ၁ပုံခန့်၊ citric acid လက်ဖက်စားဇွန်း ၄ပုံ၁ပုံခန့်(သို့မဟုတ်) သံပုရာဖျော်ရည်အနည်းငယ်၊ သကြား လက်ဖက်စားဇွန်း တစ်ဝက်။

၄။ သဘာဝချေးချွတ်ဆေးအဖြစ် သုံးနိုင်

နည်းလမ်း(၁)။ တောက်ပတဲ့အသားအရေအတွက် ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း၁ဇွန်း၊ သံပုရာဖျော်ရည် လက်ဖက်စားဇွန်း ၁ဇွန်း၊ လက်ဖက်ရွက်ဆီ ၄-၅စက်၊ ရောနှောပြီး မျက်နှာကို လိမ်းပါ။ အထူးနှိပ်နယ်တဲ့ ဘရပ်တစ်ခုကို သုံးပြီး ကောင်းစွာ နှိပ်ပေးပါ။

နည်းလမ်း(၂)။ ဆားဝက်ခြံတွေ ဖယ်ရှားပစ်ဖို့ ။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၁ဇွန်း၊ ပျားရည် လက်ဖက်စားဇွန်း ၀.၅။ ဟင်းရွက်ဆီနညး်ငယ် ထည့်သွင်းနိုင်ပါတယ်။ ရောနှောပြီး ဆားဝက်ခြံဖြစ်တဲ့ နေရာတွေကို ၅မိနစ်လောက် လိမ်းထားပေးပါ။ပြီးနောက် နှိပ်နယ်ပြီး ဆေးကြောလိုက်ပါ။

နညး်လမ်း(၃)။ အရေးအကြောင်းတွေနဲ့လိုင်းတွေကို လျော့ချဖို့။ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း၂ဇွန်းနှင့် အုန်းဆီ လက်ဖက်စားဇွန်း ၁ဇွန်းကို ရောနှောပါ။ ၅မိနစ်၊ ရမိနစ်လောက် သေသေချာချာ သင့်မျက်နှာကို နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးနွေးနဲ့ ဆေးကြောပါ။ တစ်ပတ်ကို ၁ကြိမ်-၂ကြိမ်လောက် ပြုလုပ်ပေးပါ။

၅။ ဆံပင်ထိမ်းသိမ်းစောင့်ရှောက်ဖို့

သင့်ဆံပင်ကို လျှင်မြန်စွာ သန်စွမ်းဖို့ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၉ဇွန်းကို ရောနှောပေးပါ။ ထိုအရောအနှောကို ဆံပင်အမြစ်တွေကနေ လိမ်းပေးပါ။ သင့်ဦးရေပြားကို နှိပ်နယ်ပေးပါ။ ကြိုတင်ပြင်ဆင်ထားတဲ့ ပန်းသီးရှာလကာရည်နှင့်ရေကို ရောပြီး လိမ်းပေးပါ။ ပြီးနောက် သင့်ဦးရေပြားကို နောက်တခါ နှိပ်နယ်ပေးပြီး ရေနှင့် ကောင်းစွာဆေးကြောပါ။ သင့်ဆံပင်တွေ ကျန်းမာပြီး တောက်ပလာပါလိမ့်မယ်။

၆။ အကြောပြတ်အရာတွေကို ကုစားဖို့

ဒီအရောနှောနှင့်အတူ ပုံမှန် နှိပ်နယ်ပေးပါက သင့်ခန္ဓာကိုယ်ရဲ့ တစ်ရှုးတွေကို ပိုမိုမြန်ဆန်စွာ အသစ်တဖန်ပြန်လည် ဖြစ်ပေါ်စေမှာပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ဇွန်းနှင့် သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ရောလိမ်းပေးပါ။ အကြောပြတ်ရာတွေဖြစ်နေတဲ့ နေရာကို နှိပ်နယ်ပြီး ပွတ်လိမ်းပေးပါ။

၇။ ခံတွင်းအနံ့ဆိုးနှင့် သွားချေးတွေကို ဖယ်ရှားဖို့

မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း ၁ဇွန်းနှင့် သံပုရာရည်ကိုရောနှောပြီး ရေ ကိုခွက်တစ်ဝက်ထည့်ပါ။ သင့်ပါးစပ်က မနှစ်မျို့ဖွယ်ရာ အနံ့တွေ နံနေလျှင် ဒီပျော်ရည်နှင့် ခံတွင်းကို ဆေးကြောပေးပါ။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃-၄ဇွန်း နဲ့ ရေကိုဖျော်ပြီးလညး် အသုံးပြုနိုင်ပါတယ်။

၈။ လက်က အနံ့တွေ ပျောက်ဖို့

ကြက်သွန်ဖြူ၊ ငါးတွေ ကိုင်တဲ့အခါ လက်နဲ့ စင်းနှီတုံးမှာ အန့ံစွဲနေတတ်ပါတယ်။ ဒီအန့ံတွေပျောက်ဖို့ မုန့်ဖုတ်ဆိုဒါနဲ့ ပွတ်ပေးနိုင်ပါတယ်။ သင့်လက်နဲ့ ခြေထောက်အသားအရေတွေ ကြမ်းတမ်းနေရင် မုန့်ဖုတ်ဆိုဒါနှင့် ရေနွေးနွေးကိုရောပြီး သင့်လက်တွေ၊ ခြေထောက်တွေကို စိမ်ပါ။ တစ်ပတ်ကို ၂ကြိမ်လောက် ပြုလုပ်ပေးပါ။

၉။ လက်ဝတ်ရတနာတွေကို သန့်စင်ဖို့

မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်း ၃ဇွန်းနဲ့ ရေ လက်ဖက်စားဇွန်း ၁ဇွန်းကို ရောပါ။ သွားတိုက်တံကို အသုံးပြုပြီး လက်ဝတ်ရတနာတွေကို တိုက်ပေးပါ။ ရေအေးနဲ့ ဆေးကြောပေးပါ။

၁၀။ အနာလိမ်းဖို့အတွက် ဆေးတစ်လက်

ရေနွေးနွေး တစ်ဖန်ခွက်အတွက် ဆား လက်ဖက်စားဇွန်း ၁ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွနး်၁ဇွန်း အသုံးပြုပြီး ၁၅မိနစ်၊ မိနစ်၂၀လောက် တစ်နေ့ကို ၂ကြိမ် အနာဖြစ်တဲ့ နေရာကို စိမ်ထားပေးပါ။

၁၁။ နေလောင်ခြင်းအတွက် ဆေးတစ်လက်

ချိုးဖို့ရေအေးအေးလေးထဲမှာ မုန့်ဖုတ်ဆိုဒါ တစ်ခွက်ကို ရောပေးပါ။ ဒါက နေလောင်တာကို သက်သာစေဖို့ ကူညီပေးပါလိမ့်မယ်။

၁၂။ စားတော်ပဲနှင့် ပဲမျိုးစုံကို နူးအိစေဖို့

ပဲပြုတ်တဲ့အခါ အိုးထဲကို မုန့်ဖုတ်ဆိုဒါ အနညး်ငယ်ထည့်ပါ။ ပဲတွေနူးအိလာပါလိမ့်မယ်။

၁၃။ သွားဖြူစေဖို့

မုန့်ဖုတ်ဆိုဒါက သွားတွေကို ချေးချွတ်ပေးတာကြောင့် ဖြူဝင်းစေပါတယ်။ ဒါပေမယ့် ခဏခဏ မသုံးသင့်ပါဘူး။ သွားတိုက်ဆေးထဲ မုန့်ဖုတ်ဆိုဒါ အနညး်ငယ်ထည့်ပြီး ပုံမှန်အတိုင်း သင့်သွားကို သန့်ရှင်းပေးနိုင်ပါတယ်။ စိုစွတ်တဲ့ သွားတိုက်တံပေါ်မှာ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ဖြူးပြီး သံပုရာရည် ၂စက်၃စက်ထည့်ပြီး တိုက်ပါ။ ခါတိုင်းထက်ကို ပိုပြီး သန့်ရှင်းပါလိမ့်မယ်။
#TB_Nandar
#Lifestyle_Myanmar
Source-Brightside

Related Posts

သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း
0 comments
Health & Beauty

ေဆးထိုးေဆးမလိမ္းဘဲ သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း

0 comments
LifestyleRelationship

သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ေဆြမ်ိဳးေတြနဲ႔ ဘာေၾကာင့္ ေ၀းေ၀းမွာေနသင့္တာလဲ

မိတ္ကပ္လိမ္းတဲ့အခါ
0 comments
Health & Beauty

မိတ္ကပ္လိမ္းတဲ့အခါ အခ်ိန္ကုန္သက္သာမယ့္ အလြယ္နည္းလမ္းေလးတြ

ကြာျခားခ်က္

မိန္းကေလးတစ္ေယာက္နဲ႔ ေယာက်္ားေလးတစ္ေယာက္ရဲ႕ ကြာျခာ...

  • September 20, 2017
  • 0 comments

အေရျပားအတြက္သံလြင္ဆီရဲ႕အသံုး၀င္မႈမ်ားႏွင့္ အက်ိဳးေ...

  • September 20, 2017
  • 0 comments

Share this

826
SHARES
FacebookTwitterGooglePinterest
RedditTumblr

About author

Nandar Lwin

Related Posts

သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း
0 comments
Health & Beauty

ေဆးထိုးေဆးမလိမ္းဘဲ သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း

0 comments
LifestyleRelationship

သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ေဆြမ်ိဳးေတြနဲ႔ ဘာေၾကာင့္ ေ၀းေ၀းမွာေနသင့္တာလဲ

မိတ္ကပ္လိမ္းတဲ့အခါ
0 comments
Health & Beauty

မိတ္ကပ္လိမ္းတဲ့အခါ အခ်ိန္ကုန္သက္သာမယ့္ အလြယ္နည္းလမ္းေလးတြ

ခဲဖ်က္လို အသားအေရေပၚကအမဲစက္ေတြကိုပယ္ဖ်က္ေပးႏိုင္တဲ့ မီးဖိုေခ်ာင္သုံးပစၥည္း
0 comments
Health & Beauty

ခဲဖ်က္တစ္ခုလို သင့္အသားအေရေပၚမွာရွိတဲ့ အမဲစက္နဲ႔ အစြန္းအထင္းေတြကို ပယ္ဖ်က္ေပးႏိုင္တဲ့ မီးဖိုေခ်ာင္သုံးပစၥည္းအခ်ိဳ႕

Leave a Reply Cancel reply

Do not miss

သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း
0 comments
Health & Beauty

ေဆးထိုးေဆးမလိမ္းဘဲ သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း


Lifestyle Myanmar

LifestyleMyanmar.com is leading website of Myanmar to bringing knowledge and daily updated international news for youth.

Posts

သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း
0 comments
Health & Beauty

ေဆးထိုးေဆးမလိမ္းဘဲ သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မ...

  • April 20, 2018
  • 0 comments

Most commented

သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မမေတြအတြက္ ေလ့က်င့္ခန္း

ေဆးထိုးေဆးမလိမ္းဘဲ သဘာဝအတိုင္း ရင္သားကိတ္ခ်င္တဲ့ မ...

  • April 20, 2018
  • 0 comments

သင့္အတြက္ အဆိပ္အေတာက္ျဖစ္ေစမယ့္ ေဆြမ်ိဳးေတြနဲ႔ ဘာေ...

  • April 20, 2018
  • 0 comments

စိတ္ဖိစီးမႈကို သဘာ၀အတိုင္း ထိန္းခ်ဳပ္ကြပ္ကဲႏိုင္မယ...

  • April 19, 2018
  • 0 comments

Our Social Media

Copyright © 2015 Myanmar Today Bago Disable responsivity
Got a hot tip? Send it to us!

Your Name (required)

Your Email (required)

Video URL

Attach Video

Category
SportNewsTechMusic

Your Message

Got a hot tip? Send it to us!

Your Name (required)

Your Email (required)

Subject

Your Message