0
36
စိတ်တူကိုယ်မျှ လက်တွဲဖော်ကို သင်တွေ့ရှိတဲ့အခါ သင့်ဘ၀ထဲက အရာတွေဘယ်လိုပြောင်းလဲကုန်ပြီလဲ
-Advertisement-
၁။ အိပ်ရာအတူတူဝင်ခြင်း
၃။ နံဘေးမှာ ရှိနေခြင်း ဒါမှမဟုတ် လက်တွဲပြီး အတူတူလမ်းလျှောက်ခြင်း
၅။ အမှားတွေလုပ်တဲ့ အပေါ်မှာ အာရုံစိုက်ခြင်းအစား သင့်ရဲ့လက်တွဲဖော် ကောင်းတာ လုပ်တဲ့အရာပေါ်မှာပဲ အာရုံစူးစိုက်ခြင်း
#Lifestyle_Myanmar
#Nandar
Souce- glowpink
Unicode
သင့်လက်တွဲဖော်နဲ့ ဒီအလေ့အကျင့်၁၀ခုထဲက အနည်းဆုံး၂ခုရှိပါက သင့်အိမ်ထောင်ရေး ကြာရှည်မြဲပါလိမ့်မယ်
အိမ်ထောင်တစ်ခုကို ကြာရှည်အောင်တည်ဆောက်ဖို့ ဆိုတာ လွယ်ကူတဲ့့အရာတော့မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ သစ္စာရှိမှု၊ ကြင်နာမှုစတဲ့ အရာတွေနဲ့ ပြည့်စုံမှသာလျှင် ပျော်ရွင်ပြီး ခိုင်မြဲတဲ့အိမ်ထောင်တစ်ခုဖြစ်မှာပါ။ သင်က သင့်ရဲ့အချစ်ရေး ဒါမှမဟုတ် အိမ်ထောင်တစ်ခုကို တိုးတတ်လာဖို့ ကြိုးစားနေပါလျှင် သင်သည် မှန်ကန်တဲ့နေရာပေါ်မှာ ရှိပါတယ်။ ဒီဆောင်းပါးကနေ ပျော်ရွင်တဲ့စုံတွဲများမှာ ရှိတတ်တဲ့ အလေ့အထ ၁၀ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အိပ်ရာအတူတူဝင်ခြင်း
သင်သည် ပျော်ရွင်တဲ့စုံတွဲများထဲက တစ်ယောက်ဖြစ်လိုလျှင် အတူတူအိပ်ရာဝင်ဖို့ လိုအပ်ပါတယ်။ တစ်နေ့တာမှာဖြစ်ခဲ့တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ ပျော်ရွင်မှုတွေကို အတူတူဝေမျှရင်း၊ နားထောင်ဖြေရှင်းပေးရင်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးနွေးထွေးမှုတိုးလာစေပါတယ်။
၂။ တစ်ယောက်နှင့် တစ်ယောက် စိတ်ဝင်စားမှုရှိခြင်း
များသောအားဖြင် ့လက်တွဲဖော်နှစ်ဦးက  စိတ်အားထက်သန်မှု ကျဆင်းတဲ့အခါ သူတို့မှာ လုံးဝ မတူညီတဲ့ စိတ်ဝင်စားမှုရှိတယ်ဆိုတာ သဘောပေါက်နားလည်ကြပါတယ်။ သင်သည်ဒီအဖြစ်အပျက်ကို လုပ်ဆောင်ဖို့ သင်လိုအပ်တာ ဘာလဲ?  သင်တို့နှစ်ယောက်ပျော်ရွင်တဲ့ အရာတွေကိုပြုလုပ်ဖို့ တတ်နိုင်သလောက်အချိန်ပေးပြီး သေချာပြုလုပ်ရပါမယ်။ ဥပမာ အားလပ်ရက်မှာ အတူချက်ပြုတ်တာ၊ အိမ်သန့်ရှင်းရေး အတူတူလုပ်တာ ၊ အပြင်မှာ နှစ်ယောက်အတူ နေ့လယ်စာစားတာမျိုး၊ စျေးဝယ်ထွက်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။
၃။ နံဘေးမှာ ရှိနေခြင်း ဒါမှမဟုတ် လက်တွဲပြီး အတူတူလမ်းလျှောက်ခြင််း
သင်သိဖို့လိုအပ်တဲ့ အရာတစ်ခုက ပျော်ရွင်တဲ့စုံတွဲတွေက တစ်ယောက်ဘေးမှာ တစ်ယောက်နေပြီး ဒါမှမဟုတ် လက်တွေတွဲပြီး သက်သောင့်သက််သာ လမ်းလျှောက်တာကြောင့် ဖြစ်ပါတယ်။ အရေးကြီးတာက သင့်လက်တွဲဖော်နှင့်ဖြစ်ရပြီး သင့်အကြောင်းပြောနေခြင်း သို့မဟုတ် တခြားလူတွေအကြောင်း တွေးနေခြင်းကိုမပြုလုပ်ရပါဘူး။ ဒါက သင့်လက်တွဲဖော်ကို ဂရုမစိုက်ခြင်းပဲဖြစ်ပါတယ်။
၄။ သင့်လက်တွဲဖော်ယုံကြည်ဖို့နှင့် တစ်ဦးနဲ့ တစ်ဦး ခွင့်လွတ်ဖို့ ပြင်ဆင်
ကိစ္စအများစုမှာ ပျော်ရွှင်တဲ့စုံတွဲတွေက အယုံအကြည်နည်းပါးမှုပေါ်မှာ ယုံကြည်မှုနှင့် ခွင့်လွတ်မှု ကိုရွေးချယ်ကြပါတယ်။ သင်အမှားလုပ်မိရင် ရိုးသားစွာ ခွင့်လွတ်မှုကို ပြန်တောင်းခံပါ။
၅။ အမှားတွေလုပ်တဲ့ အပေါ်မှာ အာရုံစိုက်ခြင်းအစား သင့်ရဲ့လက်တွဲဖော် ကောင်းတာ လုပ်တဲ့အရာပေါ်မှာပဲ အာရုံစူူးစိုက်တယ်
ပျော်ရွင်တဲ့ စုံတွဲတွေက အမြဲတမ်း သူတို့လက်တွဲဖော်ဘေးမှာ အကောင်းဘက်ကသာ ကြည့်လေ့ရှိကြပါတယ်။ အမှားတွေအတွက် သင့်ကို ပြဿနာမရှာပဲ နှစ်သိမ့်ပေးပါတယ်။ သင်ကောင်းတာလုပ်တဲ့အပေါ်မှာ ၀မ်းမြောက်ဂုဏ်ယူ ပေးပါတယ်။
၆။ အလုပ်ပြီးနောက် တွေ့တွေ့ချင်းတစ်ယောက်စီက ပွေ့ဖက်
ပျော်ရွှင်တဲ့စုံတွဲများတွေဆိုတာ သူတို့တွေ့ဆုံတဲ့အချိန်မှာ တဦးကိုတဦး ပွေ့ဖက်ကြတဲ့ စုံတွဲများ ဖြစ်ကြပါတယ်။
၇။ မနက်တိုင်း တစ်ဦးကိုတစ်ဦး “ကောင်းသောနေ့ဖြစ်ပါစေ”  “မင်းကိုချစ်တယ်”လို့ ပြောပါ
ဒီရိုးရှင်းတဲ့ အရာတွေကိုပြောခြင်းက စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတချို့ကို ပိုင်ဆိုင်ဖို့ ကြီးမားတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်  ကျွန်တော်တို့နေ့စဉ်ဘဝက စိတ်ဖိစီးမှုအခြေအနေတွေနဲ့ ပြည့်နေတာကို ကျွန်တော်တို့ သိကြတာကြောင့်  ဒီစကားလုံးများက သင့်အချစ်ရေးကို အမှန်တကယ်တိုးတတ်စေပါတယ်။
၈။ ညစဉ်ညတိုင်း “Good Night” ဟုပြောပါ
သင်အိပ်ရာဝင်တဲ့အချိန်မှာ သင့်လက်တွဲဖော်ကို ဒီစကားလုံးကိုပြောပေးပါ။
၉။ တစ်နေ့တာအတွင်း အချိန်စစ်ဆေးပါ
အိမ်သို့မဟုတ်အလုပ်မှာ သင့်လက်တွဲဖော်ကို ဖုန်းခေါ်ဖို့ သင်၏အလုပ်များတဲ့ အစီအစဉ်ဇယားထဲက အချိန်တချို့ကို သူ့အတွက်ထားပေးပါ။ ဒီနည်းက သင့်လက်တွဲဖော်ကို ဂရုစိုက်ခြင်းနှင့် သင်တို့အချစ်ရေး ဒါမှမဟုတ် အိမ်ထောင်ရေး တိုးတတ်စေတာကို မြင်ပါလိမ့်မယ်။
၁၀။ သင့်လက်တွဲဖော်ကို ဂုဏ်ယူပါ
ပျော်ရွင်တဲ့စုံတွဲများက အတူတူ မြင်နေရခြင်းကို ကျေနပ်ကြတာကြောင့် သင်သိဖိို့လိုအပ်ပါတယ်။ သူတို့က တစ်ဦးကိုတစ်ဦး ဂုဏ်ယူဝမ်းမြောက်ကြပြီး သူတိုရဲ့လက်တွဲဖော်ကို ရှက်ကြောက်ခြင်း သူတို့မခံစားရပါဘူး။
ပျော်ရွင်မှုတစ်ခုရှိဖို့အတွက် အရေးအကြီးဆုံးအရာက ငြိမ်းချမ်းတဲ့အချစ်ရေးမျိုးနှင့် စကားပြောဆိုမှုဖြစ်ပါတယ်။ အရာခပ်သိမ်းကို တဦးနဲ့တစ်ဦးပြောပါ။ စကားပြောဆိုခြင်းအားဖြင့် သင်တို့ပြဿနာများကို ဖြေရှင်းပါ။ စိတ်ရှည်ပါ။ သင့်ရဲ့ လက်တွဲဖော်ကို နားထောင်ပေးပါ။ အရာရာတိုင်းမှာ သူ့ကို ထောက်ပ့ံကူညီပါ။ သင့်ရဲ့ဘဝမှာ လုပ်ဆောင်မှုများနဲ့ အမူအရာအသစ်များကို ယူလာပါ။ နေ့တိုင်း တစ်ဦးကိုတစ်ဦး ဆွဲဆောင်ပါ။ဒီနည်းလမ်းများအားလုံးကို သင်သေချာပြုလုပ်ပါက သင့်အိမ်ထောင်ရေးမှာ ပြဿနာများ ရှိမှာ မဟုတ်တော့ပါဘူး။ သင်သည် ပျော်ရွင်တဲ့စုံတွဲများ၏ တစ်ယောက် ဧကန်ဖြစ်ပါလိမ့်မယ်။
သင့်မိသားစုနဲ့ သင့်သူငယ်ချင်းတို့ကို ဒီဆောင်းပါးကိုဝေမျှပေးခြင်းဖြင့်  အနည်းဆုံး ပျော်ရွင်သောအိမ်ထောင်ရေးတစ်ခုကို ထိန်းသိမ်းဖို့ အဓိကသော့ချက်ကို တွေ့ရှိပါလိမ့်မယ်။
#Nandar
Souce- glowpink
LEAVE A REPLY
Please enter your comment!
Please enter your name here