သင့်ရဲ့ဝက်ခြံတွေကို သတိမထားမိဘဲ ပိုဆိုးအောင်ပြုလုပ်မိနေတဲ့ အလေ့အထ ၃ခု

0
7

ဝက်ခြံသည်အမွှေးအိတ်များတွင် အဆီနှင့် အရေပြားဆဲလ်သေများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ၀က်ခြံသည် ဆယ်ကျော်သက်လူငယ်များတွင် အဖြစ်များလေ့ရှိပါတယ်။ ၀က်ခြံပေါက်ခြင်းကိုအားပေးတဲ့ အဓိကအကြောင်းရင်း ၄ ချက်ကတော့ – အဆီအထွက်များခြင်း၊ အရေပြားဆဲလ်သေများရှိခြင်း၊ ချွေးပေါက်များတွင် အညစ်အကြေးများဖြင့် ပိတ်နေခြင်းနှင့် ဘက်တီးရီးယားပိုးမွှား တို့ကြောင့်ပဲ ဖြစ်ပါတယ်။ များစွာသောလူတွေဟာ သတိမထားမိ
လိုက်ဘဲ လုပ်လိုက်တဲ့ လုပ်ရပ်များက တကယ်တော့ သူတို့ရဲ့အရေပြားအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ သင့်ရဲ့ဝက်ခြံများကို ပိုဆိုးအောင် ပြုလုပ်မိနေတဲ့ အလေ့အထ ၃ခုရှိပါတယ်။

ရေနွေးကြမ်း သောက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ အံသြဖွယ်အရာ ၄ခု

-Advertisement-

၁။ သင့်ဖုန်းစခရင်ကို မသန့်ရှင်းတာ
အခွင့်အလမ်းများကတော့ တနေ့လျှင် အကြိမ်ပေါင်းများစွာ သင့်ရဲ့ဖုန်းကို သင့်နားနှင့် ဖိကပ်ခြင်းဖြစ်ပါတယ်။ သင်သိသိ မသိသိ သင့်ရဲ့ဖုန်းက ဘက်တီးရီးယားတွေ စုဝေးရာနေရာဖြစ်ပါတယ်။ သင့်ရဲ့မျက်နှာနှင့် ဖုန်းစခရင်ကို ဖိကပ်လို
က်ခြင်းအားဖြင့် သင့်အသားအရေပေါ်ကို ပိုးမွှားတွေရောက်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ပါတ်လျှင် အနည်းဆုံးတစ်ကြိမ် သင့်ဖုန်းစခရင်ကို သန့်ရှင်းရေုးလုပ်ဖို့ မမေ့ပါနဲ့။


၂။ သင့်မျက်နှာကို အရမ်းသစ်လွန်းခြင်း
ဒါက သင့်ရဲ့မျက်နှာကို ဆေးကြောခြင်းက ဘက်တီးရီးယားများကို ဖျက်ဆီးပြီး ၀က်ခြံထွက်ခြင်းမှ တားဆီးလိမ့်မယ်လို့ ထင်ပုံရပါတယ်။ သို့သော် ဆေးကြောခြင်းကလည်း သင့်အသားအရေမှာ လိုအပ်တဲ့ မရှိမဖြစ်အဆီများကို ဖယ်ရှားပေးပါတယ်။ သဘာဝအဆီများကို ဖယ်ရှားခြင်းအားဖြင့် သင့်အသားအရေကို သူ့ဘာသာသူ recover လုပ်နိုင်ဖို့အတွက် အဆီများကို ပိုပြီးတောင် ထွက်စေပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို မျက်နှာ တစ်ကြိမ်၊နှစ်ကြိမ်ထက်ပိုပြီး မသစ်သင့်
ပါဘူး။


၃။ သင်သည် ထုတ်ကုန်အများအပြား သုံးလွန်းခြင်း
တစ်ကြိမ်တည်းမှာ ထုတ်ကုန်တွေ အများအပြားသုံးခြင်းက သင့်အသားအရေကို အလွန်ခြောက်သွေ့လာစေနိုင်ပါတယ် အထူးသဖြင့် ၀က်ခြံများအတွက် ထုတ်လုပ်ထားတဲ့ ထုတ်ကုန်အများစုက အသားအရေကို ခြောက်သွေ့ပြီး အလွှားလိုက်ကျန်ခဲ့နိုင်ပါတယ်။ သင်သည် တစ်ခါတည်းနှင့် အကုန်လုံးကို အသုံးမပြုသင့်ပါဘူး။ ထို့ပြင် ၎င်းတို့သည် များသောအားဖြင့် cystic ၀က်ခြံဖြစ်ပေါ်လာသောနေရာ အနက်ရှိုင်းဆုံး အသားအရေအလွှာကို ရောက်အောင် မပြုလုပ်ပေးပါဘူး။


သင့်ဝက်ခြံတွေ ဆိုးဆိုးရွားရွားဖြစ်လာပြီဆိုရင်တော့ အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ကုသပါ။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here