30 C
Yangon
May 21, 2018
  • Home
  • General Knowledge
  • သင့္ရဲ႕အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရးကို ခန္႔မွန္းႏိုင္မယ့္ လကၡဏာပံုစံ (၃) ခု
General Knowledge Unique Things

သင့္ရဲ႕အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရးကို ခန္႔မွန္းႏိုင္မယ့္ လကၡဏာပံုစံ (၃) ခု

လကၡဏာပညာရွင္ေတြရဲ႕အဆိုအရ သင့္လက္ဖ၀ါးႏွစ္ဖက္မွာရွိတဲ့ ႏွလံုးသားလမ္းေၾကာင္းႏွစ္ခု ဆံုမွတ္ကိုၾကည့္ၿပီး သင့္ရဲ႕အခ်စ္ေရးနဲ႔ အိမ္ေထာင္ေရးကို သိႏိုင္သလို သင့္ရဲ႕ဆြဲေဆာင္ႏိုင္စြမ္း အရည္အေသြးေတြကိုလည္း ခန္႔မွန္းလို႔ရေၾကာင္း ေျပာခဲ့ၾကပါတယ္။ဒါေၾကာင့္ သင့္လက္ဖ၀ါးႏွစ္ဖက္ကိုယွဥ္ၾကည့္ၿပီး ႏွလံုးသားနဲ႔ဆိုင္တဲ့ အခ်က္ေတြကို သူတို႔ဘယ္လိုေဟာခဲ့လဲဆိုတာ သိႏိုင္ေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ တကယ္လို႔ သင့္ဘယ္ဖက္လက္ဖ၀ါးရဲ႕ ႏွလံုးလမ္းေၾကာင္းက ဘာဖက္လက္ဖ၀ါးရဲ႕လမ္းေၾကာင္းထက္ ပိုျမင့္ေနပါက သင္ဟာအခ်စ္အတြက္ တိုက္ခိုက္ရမယ့္သူတစ္ေယာက္ ျဖစ္ပါတယ္။ သင္အခ်စ္ကိုခံစားမိတာနဲ႔ စိန္ေခၚမႈေတြကို ဘယ္ေတာ့မွေၾကာက္ေနမွာ မဟုတ္ပါဘူး။ အျခားသူေတြက စိန္ေခၚမႈေတြကိုပဲ ျမင္တဲ့အခါ သင္ကအခြင့္အေရးတစ္ရပ္အျဖစ္ ျမင္တတ္ပါတယ္။ ဒါေၾကာင့္လဲ ဘယ္လိုစိန္ေခၚမႈအတားအဆီးေတြကိုမဆို လြယ္လြယ္နဲ႔ေက်ာ္လႊားႏိုင္ပါလိမ့္မယ္။ ညာဖက္လက္ဖ၀ါးက အဆိုပါႏွလံုးလမ္းေၾကာင္းျမင့္တက္ေနျခင္းရဲ႕ အဓိပၸာယ္တစ္ခုကေတာ့ သင္ဟာမိန္းကေလးတစ္ေယာက္ဆို အလြန္လွပသူတစ္ေယာက္ျဖစ္ၿပီး ေယာက်္ားေလးဆိုပါက ၾကည့္ေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။

အသက္ ၅၀ေက်ာ္အမ်ိဳးသမီးေတြအတြက္ ၾကည့္ေကာင္းေစမယ့္ မိတ္ကပ္လိမ္းခ်ယ္နည္း

၂။ တကယ္လို႔သင့္ရဲ႕ညာဖက္လက္ဖ၀ါးကႏွလံုးလမ္းေၾကာင္းက ဘယ္ဖက္ထက္ပိုမိုျမင့္တက္ေနပါက သင့္ထက္အသက္ႀကီးသူႏွင့္ အိမ္ေထာင္ျပဳရမယ့္သူတစ္ေယာက္ ျဖစ္ပါတယ္။ သင္ဟာ ေရွး႐ိုးအစဥ္အလာ အေတြးအေခၚေတြကို သိပ္ဂ႐ုမစိုက္တတ္ပဲ အမွန္လို႔ယူဆတဲ့အရာတစ္ခုကို ရဲရဲ၀င့္၀င့္ တိုက္႐ိုက္ေျပာရဲသူတစ္ေယာက္ျဖစ္ေပမယ့္ ဘယ္လိုမတူကြဲျပားသူနဲ႔ျဖစ္ျဖစ္လည္း အဆင္ေျပေအာင္ေပါင္းသင္းတတ္သူတစ္ေယာက္ျဖစ္ပါတယ္။

၃။ တကယ္လို႔ သင့္လက္ဖ၀ါးႏွစ္ဖက္စလံုးရဲ႕ ႏွလံုးလမ္းေၾကာင္းက ညီမွ်ေနပါက သင့္ရဲ႕ႏွလံုးသားဟာ ကေလးတစ္ေယာက္လို ျဖဴစင္သူတစ္ေယာက္ျဖစ္တယ္လို႔ အဓိပၸာယ္ရပါတယ္။ သင့္ရဲ႕ႏွလံုးသား စင္ၾကယ္တာနဲ႔အမွ် သင္ကိုယ္တိုင္ အရမ္းကိုႏူးညံ့သိမ္ေမြ႔ၿပီး အျခားသူေတြကိုလည္း သိမ္ေမြ႔စြာေပါင္းသင္းဆက္ဆံတတ္ပါတယ္။ လူေတြစိတ္ညစ္စရာေတြနဲ႔ ၾကံဳတဲ့အခါသင္က စာနာစိတ္နဲ႔ဆက္ဆံေပးတတ္တဲ့အတြက္ လူေတြရဲ႕ခ်စ္ခင္ႏွစ္သက္မႈကို ရရွိေစပါတယ္။ ဒါ့အျပင္သင္လက္ထပ္မယ့္သူကိုလည္း မိသားစု၊ သူငယ္ေတြကလက္ခံတဲ့သူမ်ိဳးကို ေရြးခ်ယ္ေလ့ရွိၿပီး ဘ၀မွာဘယ္ေလာက္ပဲ အေျပာင္းအလဲေတြၾကံဳေတြ႕ေတြ႕ ေနာက္ဆံုးမွာပိုေကာင္းတဲ့အရာေတြကို ရရွိျခင္းနဲ႔ အဆံုးသတ္ပါလိမ့္မယ္။
#Lifestylle_Myanmar
Ref-myinformator

Unicode version

သင့်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ခန့်မှန်းနိုင်မယ့် လက္ခဏာပုံစံ (၃) ခု

လက္ခဏာပညာရှင်တွေရဲ့အဆိုအရ သင့်လက်ဖဝါးနှစ်ဖက်မှာရှိတဲ့ နှလုံးသားလမ်းကြောင်းနှစ်ခု ဆုံမှတ်ကိုကြည့်ပြီး သင့်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးကို သိနိုင်သလို သင့်ရဲ့ဆွဲဆောင်နိုင်စွမ်း အရည်အသွေးတွေကိုလည်း ခန့်မှန်းလို့ရကြောင်း ပြောခဲ့ကြပါတယ်။ဒါကြောင့် သင့်လက်ဖဝါးနှစ်ဖက်ကိုယှဉ်ကြည့်ပြီး နှလုံးသားနဲ့ဆိုင်တဲ့ အချက်တွေကို သူတို့ဘယ်လိုဟောခဲ့လဲဆိုတာ သိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ တကယ်လို့ သင့်ဘယ်ဖက်လက်ဖဝါးရဲ့ နှလုံးလမ်းကြောင်းက ဘာဖက်လက်ဖဝါးရဲ့လမ်းကြောင်းထက် ပိုမြင့်နေပါက သင်ဟာအချစ်အတွက် တိုက်ခိုက်ရမယ့်သူတစ်ယောက် ဖြစ်ပါတယ်။ သင်အချစ်ကိုခံစားမိတာနဲ့ စိန်ခေါ်မှုတွေကို ဘယ်တော့မှကြောက်နေမှာ မဟုတ်ပါဘူး။ အခြားသူတွေက စိန်ခေါ်မှုတွေကိုပဲ မြင်တဲ့အခါ သင်ကအခွင့်အရေးတစ်ရပ်အဖြစ် မြင်တတ်ပါတယ်။ ဒါကြောင့်လဲ ဘယ်လိုစိန်ခေါ်မှုအတားအဆီးတွေကိုမဆို လွယ်လွယ်နဲ့ကျော်လွှားနိုင်ပါလိမ့်မယ်။ ညာဖက်လက်ဖဝါးက အဆိုပါနှလုံးလမ်းကြောင်းမြင့်တက်နေခြင်းရဲ့ အဓိပ္ပာယ်တစ်ခုကတော့ သင်ဟာမိန်းကလေးတစ်ယောက်ဆို အလွန်လှပသူတစ်ယောက်ဖြစ်ပြီး ယောကျ်ားလေးဆိုပါက ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

၂။ တကယ်လို့သင့်ရဲ့ညာဖက်လက်ဖဝါးကနှလုံးလမ်းကြောင်းက ဘယ်ဖက်ထက်ပိုမိုမြင့်တက်နေပါက သင့်ထက်အသက်ကြီးသူနှင့် အိမ်ထောင်ပြုရမယ့်သူတစ်ယောက် ဖြစ်ပါတယ်။ သင်ဟာ ရှေးရိုးအစဉ်အလာ အတွေးအခေါ်တွေကို သိပ်ဂရုမစိုက်တတ်ပဲ အမှန်လို့ယူဆတဲ့အရာတစ်ခုကို ရဲရဲဝင့်ဝင့် တိုက်ရိုက်ပြောရဲသူတစ်ယောက်ဖြစ်ပေမယ့် ဘယ်လိုမတူကွဲပြားသူနဲ့ဖြစ်ဖြစ်လည်း အဆင်ပြေအောင်ပေါင်းသင်းတတ်သူတစ်ယောက်ဖြစ်ပါတယ်။

၃။ တကယ်လို့ သင့်လက်ဖဝါးနှစ်ဖက်စလုံးရဲ့ နှလုံးလမ်းကြောင်းက ညီမျှနေပါက သင့်ရဲ့နှလုံးသားဟာ ကလေးတစ်ယောက်လို ဖြူစင်သူတစ်ယောက်ဖြစ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ သင့်ရဲ့နှလုံးသား စင်ကြယ်တာနဲ့အမျှ သင်ကိုယ်တိုင် အရမ်းကိုနူးညံ့သိမ်မွေ့ပြီး အခြားသူတွေကိုလည်း သိမ်မွေ့စွာပေါင်းသင်းဆက်ဆံတတ်ပါတယ်။ လူတွေစိတ်ညစ်စရာတွေနဲ့ ကြုံတဲ့အခါသင်က စာနာစိတ်နဲ့ဆက်ဆံပေးတတ်တဲ့အတွက် လူတွေရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိစေပါတယ်။ ဒါ့အပြင်သင်လက်ထပ်မယ့်သူကိုလည်း မိသားစု၊ သူငယ်တွေကလက်ခံတဲ့သူမျိုးကို ရွေးချယ်လေ့ရှိပြီး ဘဝမှာဘယ်လောက်ပဲ အပြောင်းအလဲတွေကြံုတွေ့တွေ့ နောက်ဆုံးမှာပိုကောင်းတဲ့အရာတွေကို ရရှိခြင်းနဲ့ အဆုံးသတ်ပါလိမ့်မယ်။
#Lifestylle_Myanmar
Ref-myinformator

Related posts

အမ်ိဳးသမီးေတြရဲ႕ဦးေႏွာက္နဲ႔ ပတ္သတ္ၿပီး သင္မသိေသးတဲ့ အခ်က္(၇)ခု

Nandar Lwin

အရပ္ပုတဲ့ မိန္းကေလးေတြပဲ နားလည္ႏုိ္င္မယ့္ အေသးစားျပႆနာေလးမ်ား

OMCTC

ဒါကုိသင္ဖတ္ၿပီးေနာက္မွာ သင္ဘယ္ေတာ့မွ သန္႔စင္ခန္းထဲမွာ ဖုန္းအသံုးမျပဳပါနဲ႔

Nandar Lwin

Leave a Comment