သင့္ရဲ႕ခႏၶာကိုယ္ အခ်ိဳးအစားအတိုင္း ဘယ္လိုမွန္ကန္ေအာင္ စားေသာက္မလဲ

0
13

လူတိုင္းရဲ႕ခႏၶာကိုယ္ အခ်ိဳးအစားတိုင္းဟာ ထူးျခားၿပီးလွပၾကေပမယ့္ ဘာေၾကာင့္ ခႏၶာကိုယ္ရဲ႕အစိတ္အပိုင္း တစ္ေနရာမွာအဆီေတြစုေနရလဲ ဆိုတာကိုေတာ့ အံ့ၾသႏိုင္ပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြဟာ ခါးနားတ၀ိုက္မွာ အဆီေတြစုေနတာေၾကာင့္ စိတ္ညစ္ရသလို႔ တစ္ခ်ဳိ႕ကေတာ့တင္ပါးနဲ႔ေပါင္တစ္၀ိုက္မွာ အဆီေတြစုေနတာေၾကာင့္ စိတ္ပူပန္ေနရတတ္ပါတယ္။ ခႏၶာကိုယ္၀ိတ္ခ်သူေတြအတြက္ ဒီအတိုင္း၀ိတ္ခ်ေနမဲ့အစား ခႏၶာကိုယ္အခ်ိဳးအစားအလိုက္ မွန္ကန္ေအာင္စားသံုးၿပီး ၀ိတ္ခ်ျခင္းက ပိုမိုက်န္းမာေစသလို ခႏၶာကိုယ္၀ိတ္တက္တဲ့အခါ အညီအမွ်၀ိတ္တက္ေစဖို႔ မွန္ကန္စြာစားေသာက္ျခင္းက ထိေရာက္ေစမွာျဖစ္တာေၾကာင့္ Lifestyle Myanmar ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဒီလိုခႏၶာကိုယ္ပံုသ႑ာန္ဟာ တင္ပါးက်ဥ္းေျမာင္းၿပီး ပိန္ပိန္သြယ္သြယ္အခ်ိဳးအစားရွိပါတယ္။ အဆိုပါခႏၶာကိုယ္ပိုင္ရွင္ဟာ ၀ိတ္တက္ဖို႔ခက္ခဲႏိုင္တာေၾကာင့္ ေထာပတ္သီး၊ ပ်ားရည္၊ ေဆာ္လမြန္ငါး စတဲ့ အစားအစာေတြနဲ႔ ပ႐ိုတိန္းဓါတ္ၾကြယ္၀တဲ့အစားအစာေတြကို ပိုမိုထည့္သြင္း စားသံုးေပးသင့္ပါတယ္။ သင္ဘယ္ေလာက္ပဲပိန္ေနပါေစ က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ ေနထိုင္စားေသာက္ဖို႔ သတိရေစခ်င္ပါတယ္။ ဒါေၾကာင့္ အခ်ိဳေတြနဲ႔ အသင့္ျပဳလုပ္ၿပီး စားေသာက္ကုန္ေတြကို အလြန္အကၽြံစားသံုးျခင္းကို ေရွာင္ရွားပါ။

၂။ သင္ဟာဒီလိုခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ထားတယ္ဆိုရင္ေတာ့ ၀ိတ္တက္လာတဲ့အခါတိုင္း သင့္ခႏၶာကိုယ္အလယ္ပိုင္းမွာပဲ ၀လာဖို႔ရွိပါတယ္။ ဒါေၾကာင့္ သင့္အတြက္အေကာင္းဆံုး စားေသာက္မႈပံုစံကေတာ့ နည္းနည္းနဲ႔အႀကိမ္မ်ားမ်ား စားေသာက္ေပးရပါမယ္။ ဒါေၾကာင့္တစ္ေနတာ သင့္တစ္ေယာက္စာ အစားအစာကို ျဖစ္ႏိုင္ရင္ ၆ႀကိမ္ေလာက္ နည္းနည္းစီခြဲစားသင့္ၿပီးေတာ့ အမွ်င္ဓါတ္ပါတဲ့သီးႏွံေတြ၊ ဟင္းသီးဟင္ရြက္၊ ဗီတာမင္စီ နဲ႔ အဆီပါ၀င္မႈနည္းတဲ့ႏို႔ထြက္ပစၥည္းေတြကို စားသံုးေပးပါ။ သင့္အတြက္ ဒိန္ခ်ဥ္ေသာက္ျခင္းဟာလည္း အစာေျခမႈကိုထိန္းညွိေပးဖို႔ ကူညီေပးပါလိမ့္မယ္။ ဒါ့အျပင္ ဂတ္စ္ပါတဲ့ေသာက္စရာေတြ၊ ပြေအာင္ျပဳလုပ္ထားတဲ့စားစရာေတြ၊
အသင့္စားစားစရာေတြ၊ ေပါင္မုန္႔နဲ႕ အေၾကာတက္ေစတဲ့ အသီးအရြက္ေတြ စားသံုးျခင္းကို ဂ႐ုစိုက္ေရွာင္ရွားသင့္ပါတယ္။

ကုိယ္၀န္ေဆာင္စဥ္အတြင္း စိတ္္ဖိစီးမွုေတြကို ဘယ္လိုနည္းနဲ႔ေျဖေဖ်ာက္ၾကမလဲ ?

၃။ ဒီလိုခႏၶာကိုယ္အခ်ိဳးအစားကေတာ့ တင္ပါးေနရာဟာ ရင္သားထက္အမ်ားႀကီးထြားေနတတ္ပါတယ္။ ဒီလိုခႏၶာကိုယ္ပိုင္ရွင္ေတြဟာ ေရဓါတ္ခ်ိဳ႕တဲ့တတ္တာေၾကာင့္ ျဖစ္ႏိုင္ၿပီး၀ိတ္တက္လာတဲ့အခါမွာလည္း တင္ပါးေနရာမွာပဲ အဆီေတြစုတတ္ပါတယ္။ အစားအေသာက္အတြက္ အသား၊ ငါး၊ ဥမ်ား၊ ႏို႔ထြက္ပစၥည္းမ်ားနဲ႔ ပ႐ိုတိန္းၾကြယ္၀တဲ့ စားစရာေတြကို စားသံုးေပးသင့္ပါတယ္။ သင့္ရဲ႕ ဇီ၀ျဖစ္စဥ္ကိုေႏွးေစဖို႔နဲ႕ ကိုယ္တြင္းကအဆိပ္ေတြကို သန္႔စင္ေစဖို႔အတြက္ နာနတ္သီးနဲ႕ ဖရဲသီး စတဲ့သစ္သီးေတြက သင့္အတြက္ အထူးေကာင္းမြန္ေစပါတယ္။ ဒါေပမယ့္ ဆိုဒီယမ္ျမင့္မားတဲ့စားစရာ(အငန္)၊ ေပါင္မုန္႔၊ ေခါက္ဆြဲ နဲ႕ ျပဳျပင္ထားတဲ့ထမင္းစတာေတြကို ေရွာင္ရွားသင့္ပါတယ္။ အစားအေသာက္မွန္ကန္ေအာင္ စားသံုး႐ံုနဲ႔ သင့္ခႏၶာကိုယ္ကို ျပဳျပင္ႏိုင္ေစဖို႔ ဆႏၵျပဳပါတယ္။

၄။ ဒီလိုခႏၶာကိုယ္အခ်ိဳးအစားကေတာ့ သဲနာရီပံုသ႑ာန္ျဖစ္တာေၾကာင့္ ကိုယ္အေလးခ်ိန္တက္တဲ့အခါတိုင္း ခႏၶာကိုယ္အေပၚေအာက္ အညီအမွ်ရရွိေစပါတယ္။ ဒါေပမဲ့ ၾကြက္သားေတြေပ်ာက္ဆံုးၿပီး ေသြးထဲမွာသၾကားဓါတ္ပါ၀င္မႈ ျမင့္မားႏိုင္တဲ့ အႏၱရာယ္ရွိတာေၾကာင့္ အစာစားတဲ့အခါ တစ္ရက္ကို ငါးႀကိမ္ေျခာက္ႀကိမ္ေလာက္ နည္းနည္းစီစားေပးပါ။ ခႏၶာကိုယ္အလွကို ထိန္းသိမ္းဖို႔အတြက္ သန္႔ရွင္းလတ္ဆတ္တဲ့ သဘာ၀အသီးအႏွံ၊ ဟင္းသီးဟင္းရြက္မ်ားနဲ႔၊ ပ႐ိုတိန္းနည္းနည္းဆန္တဲ့ က်န္မာတဲ့အဆီမ်ားကို စားသံုးႏိုင္ပါတယ္။ ေပါင္မုန္႔ျဖဴ၊ ေခါက္ဆြဲနဲ႕ ထမင္းကို ေလ်ာ့စားပါ။

#LM_Naung_Naung

#Lifestyle_Myanmar

Ref-Brightside

Unicode Version

သင့်ရဲ့ခန္ဓာကိုယ် အချိုးအစားအတိုင်း ဘယ်လိုမှန်ကန်အောင် စားသောက်မလဲ

လူတိုင်းရဲ့ခန္ဓာကိုယ် အချိုးအစားတိုင်းဟာ ထူးခြားပြီးလှပကြပေမယ့် ဘာကြောင့် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း တစ်နေရာမှာအဆီတွေစုနေရလဲ ဆိုတာကိုတော့ အံ့သြနိုင်ပါတယ်။ တချို့အမျိုးသမီးတွေဟာ ခါးနားတဝိုက်မှာ အဆီတွေစုနေတာကြောင့် စိတ်ညစ်ရသလို့ တစ်ချို့ကတော့တင်ပါးနဲ့ပေါင်တစ်ဝိုက်မှာ အဆီတွေစုနေတာကြောင့် စိတ်ပူပန်နေရတတ်ပါတယ်။ ခန္ဓာကိုယ်ဝိတ်ချသူတွေအတွက် ဒီအတိုင်းဝိတ်ချနေမဲ့အစား ခန္ဓာကိုယ်အချိုးအစားအလိုက် မှန်ကန်အောင်စားသုံးပြီး ၀ိတ်ချခြင်းက ပိုမိုကျန်းမာစေပြီး ထိရောက်စေမှာဖြစ်တာကြောင့် Lifestyle Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒီလိုခန္ဓာကိုယ်ပုံသဏ္ဍာန်ဟာ တင်ပါးကျဉ်းမြောင်းပြီး ပိန်ပိန်သွယ်သွယ်အချိုးအစားရှိပါတယ်။ အဆိုပါခန္ဓာကိုယ်ပိုင်ရှင်ဟာ ၀ိတ်တက်ဖို့ခက်ခဲနိုင်တာကြောင့် ထောပတ်သီး၊ ပျားရည်၊ ဆော်လမွန်ငါး စတဲ့ အစားအစာတွေနဲ့ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို ပိုမိုထည့်သွင်း စားသုံးပေးသင့်ပါတယ်။ သင်ဘယ်လောက်ပဲပိန်နေပါစေ ကျန်းမာရေးနဲ့ညီညွှတ်အောင် နေထိုင်စားသောက်ဖို့ သတိရစေချင်ပါတယ်။ ဒါကြောင့် အချိုတွေနဲ့ အသင့်ပြုလုပ်ပြီး စားသောက်ကုန်တွေကို အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားပါ။

၂။ သင်ဟာဒီလိုခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ၀ိတ်တက်လာတဲ့အခါတိုင်း သင့်ခန္ဓာကိုယ်အလယ်ပိုင်းမှာပဲ ၀လာဖို့ရှိပါတယ်။ ဒါကြောင့် သင့်အတွက်အကောင်းဆုံး စားသောက်မှုပုံစံကတော့ နည်းနည်းနဲ့အကြိမ်များများ စားသောက်ပေးရပါမယ်။ ဒါကြောင့်တစ်နေတာ သင့်တစ်ယောက်စာ အစားအစာကို ဖြစ်နိုင်ရင် ၆ကြိမ်လောက် နည်းနည်းစီခွဲစားသင့်ပြီးတော့ အမျှင်ဓါတ်ပါတဲ့သီးနှံတွေ၊ ဟင်းသီးဟင်ရွက်၊ ဗီတာမင်စီ နဲ့ အဆီပါ၀င်မှုနည်းတဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးပေးပါ။ သင့်အတွက် ဒိန်ချဉ်သောက်ခြင်းဟာလည်း အစာခြေမှုကိုထိန်းညှိပေးဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် ဂတ်စ်ပါတဲ့သောက်စရာတွေ၊ ပွအောင်ပြုလုပ်ထားတဲ့စားစရာတွေ၊
အသင့်စားစားစရာတွေ၊ ပေါင်မုန့်နဲ့ အကြောတက်စေတဲ့ အသီးအရွက်တွေ စားသုံးခြင်းကို ဂရုစိုက်ရှောင်ရှားသင့်ပါတယ်။

၃။ ဒီလိုခန္ဓာကိုယ်အချိုးအစားကတော့ တင်ပါးနေရာဟာ ရင်သားထက်အများကြီးထွားနေတတ်ပါတယ်။ ဒီလိုခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ရေဓါတ်ချို့တဲ့တတ်တာကြောင့် ဖြစ်နိုင်ပြီးဝိတ်တက်လာတဲ့အခါမှာလည်း တင်ပါးနေရာမှာပဲ အဆီတွေစုတတ်ပါတယ်။ အစားအသောက်အတွက် အသား၊ ငါး၊ ဥများ၊ နို့ထွက်ပစ္စည်းများနဲ့ ပရိုတိန်းကြွယ်ဝတဲ့ စားစရာတွေကို စားသုံးပေးသင့်ပါတယ်။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကိုနှေးစေဖို့နဲ့ ကိုယ်တွင်းကအဆိပ်တွေကို သန့်စင်စေဖို့အတွက် နာနတ်သီးနဲ့ ဖရဲသီး စတဲ့သစ်သီးတွေက သင့်အတွက် အထူးကောင်းမွန်စေပါတယ်။ ဒါပေမယ့် ဆိုဒီယမ်မြင့်မားတဲ့စားစရာ(အငန်)၊ ပေါင်မုန့်၊ ခေါက်ဆွဲ နဲ့ ပြုပြင်ထားတဲ့ထမင်းစတာတွေကို ရှောင်ရှားသင့်ပါတယ်။ အစားအသောက်မှန်ကန်အောင် စားသုံးရုံနဲ့ သင့်ခန္ဓာကိုယ်ကို ပြုပြင်နိုင်စေဖို့ ဆန္ဒပြုပါတယ်။

၄။ ဒီလိုခန္ဓာကိုယ်အချိုးအစားကတော့ သဲနာရီပုံသဏ္ဍာန်ဖြစ်တာကြောင့် ကိုယ်အလေးချိန်တက်တဲ့အခါတိုင်း ခန္ဓာကိုယ်အပေါ်အောက် အညီအမျှရရှိစေပါတယ်။ ဒါပေမဲ့ ကြွက်သားတွေပျောက်ဆုံးပြီး သွေးထဲမှာသကြားဓါတ်ပါ၀င်မှု မြင့်မားနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် အစာစားတဲ့အခါ တစ်ရက်ကို ငါးကြိမ်ခြောက်ကြိမ်လောက် နည်းနည်းစီစားပေးပါ။ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝအသီးအနှံ၊ ဟင်းသီးဟင်းရွက်များနဲ့၊ ပရိုတိန်းနည်းနည်းဆန်တဲ့ ကျန်မာတဲ့အဆီများကို စားသုံးနိုင်ပါတယ်။ ပေါင်မုန့်ဖြူ၊ ခေါက်ဆွဲနဲ့ ထမင်းကို လျော့စားပါ။

#LM_Naung_Naung

#Lifestyle_Myanmar

Ref-Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here