သင့္မ်က္ႏွာအတြက္ ေဘးထြက္ဆိုးက်ိဳးမရွိဘဲ လြယ္လြယ္ကူကူးေပါင္းတင္ႏိုင္မဲ့နည္းလမ္းအခ်ိဳ႕

0
56

-Advertisement-

၁။ ဘယ္ရီသီးျဖင့္ေပါင္းတင္ျခင္း
ဘယ္ရီသီးဟာ ဘက္တီးရီးယားပိုးမႊားမ်ား၊ ဗိုင္းရစ္ပိုးမ်ား နဲ႔ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ေပးႏိုင္တဲ့ Pterostilbene ဓာတ္နဲ႔ ဗီတာမင္ဓာတ္ၾကြယ္ဝတဲ့ အသီးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒါ့အျပင္မ်က္ႏွာေပၚက တင္းတိပ္ နဲ႔ အမည္းအစက္အေျပာက္ေတြ ေပ်ာက္ကင္းဖို႔အတြက္ အသုံးဝင္တဲ့ သီးႏွံတစ္မ်ိဳးပဲျဖစ္ပါတယ္။ ပါဝင္ပစၥည္းကေတာ့ ဘယ္ရီသီးအစိမ္း ေဖာ်္ရည္ ၁ဇြန္း၊ သဘာဝပ်ားရည္ ၁ဇြန္း အဆိုပါ အရည္ႏွစ္ခုကို ေရာသမေမႊၿပီး သင့္မ်က္ႏွာေပၚမွာ လိမ္းထားေပးပါ။ မိနစ္ ၃၀ ေလာက္ၾကာတဲ့အခါက်မွ ေရေႏြးေႏြးေလးျဖင့္ သင့္မ်က္ႏွာကို ေဆးေၾကာေပးသင့္ပါတယ္။

၂။ သံပုရာသီးျဖင့္ ေပါင္းတင္ျခင္း
သံပုရာသီးကေတာ့ အလွအပ ထုတ္ကုန္ေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳေနၾကတဲ့ ကုန္ၾကမ္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဒါေပမဲ့ သံပုရာသီးကို ဓာတုပစၥည္းေတြနဲ႔ ေပါင္းစပ္ၿပီး ထုတ္လုပ္ထားတဲ့ အလွကုန္ပစၥည္းေတြထက္ သဘာဝအတိုင္းအသုံးျပဳတာကသင့္အတြက္ ေဘးထြက္ဆိုးက်ိဳးမရွိေစႏိုင္ပါဘူး။ ဒါေပမဲ့သတိထားရမွာက သင့္အသားအေရေပၚမွာ အနာအဖုအပိတ္ေတြ ရွိေနရင္ေတာ့ ယားယံျခင္း၊ က်ိန္းစပ္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ပထမဦးစြာ သံပုရာရည္ ၁ဇြန္း၊ ေရေႏြး ၁၀ဇြန္း နဲ႔ ဝါဂြမ္းတို႔ လိုအပ္ပါတယ္။ သံပုရာရည္ ၁ဇြန္းကို ေရေႏြး ၁၀ဇြန္းျဖင့္ ေရာစပ္ၿပီး ထိုေရာစပ္ထားတဲ့ ရည္ထဲသို႔ ဝါဝမ္းကို စိမ္ထားပါ။ ၿပီးလွ်င္ ထိုဝါဂြမ္ျဖင့္ သင့္မ်က္မွာေပၚမွာ မ်က္ႏွာဖုံးကဲ့သို႔ တပ္ဆင္ထားေပးပါ။ အခ်ိန္အနည္းငယ္ၾကာတဲ့ အခါက်မွ သင့္မ်က္ႏွာေပၚက ဝါဂြမ္းကို ဖယ္ၿပီး ေရေအးေအးျဖင့္ ေဆးေၾကာလိုက္ပါ။


၃။ သခြားသီးျဖင့္ေပါင္းတင္ျခင္း
သခြားသီးက အသားအေရ လွပၿပီး ၾကည္လင္ေစတဲ့အျပင္ မ်က္ႏွာေပၚက အစက္အေျပာက္ေတြဖယ္ရွားႏိုင္ဖို႔အတြက္လည္း အေထာက္အကူမ်ားစြာျပဳပါတယ္။ သခြားသီးစိပ္ျဖင့္ မ်က္ႏွာကို ပြတ္ေပးျခင္းကလည္း အသားအေရကို ေအးျမၿပီး ဝင္းပေစသလိုအျခားပါဝင္ပစၥည္းေတြနဲ႔ ေရာစပ္ၿပီး ေပါင္းတင္ႏိုင္ပါေသးတယ္။ သခြားသီးကို ႀကိတ္ၿပီး သံလြင္ဆီ၊ သံပုရာရည္ျဖင့္ေရာစပ္ၿပီး သင့္မ်က္ႏွာေပၚမွာ ေပါင္းတင္ႏိုင္ပါတယ္။ မိနစ္ ၂၀ခန္႔ၾကာတဲ့အခါမွေတာ့ ေရေႏြးေႏြးေလးျဖင့္ ေဆးေၾကာသန္႔စင္ေပးလိုက္ပါ။ အေရျပားေျခာက္ေသြ႕ျခင္းနဲ႔ အမည္းစက္ေတြကို ဖယ္ရွားေပးႏိုင္ၿပီး မ်က္ႏွာကို ၾကည္လင္ေအးျမေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

Unicode

သင့်မျက်နှာအတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ လွယ်လွယ်ကူကူးပေါင်းတင်နိုင်မဲ့နည်းလမ်းအချို့

၁။ ဘယ်ရီသီးဖြင့်ပေါင်းတင်ခြင်း
ဘယ်ရီသီးဟာ ဘက်တီးရီးယားပိုးမွှားများ၊ ဗိုင်းရစ်ပိုးများ နဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Pterostilbene ဓာတ်နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင်မျက်နှာပေါ်က တင်းတိပ် နဲ့ အမည်းအစက်အပြောက်တွေ ပျောက်ကင်းဖို့အတွက် အသုံးဝင်တဲ့ သီးနှံတစ်မျိုးပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းကတော့ ဘယ်ရီသီးအစိမ်း ဖောျ်ရည် ၁ဇွန်း၊ သဘာဝပျားရည် ၁ဇွန်း အဆိုပါ အရည်နှစ်ခုကို ရောသမမွှေပြီး သင့်မျက်နှာပေါ်မှာ လိမ်းထားပေးပါ။ မိနစ် ၃၀ လောက်ကြာတဲ့အခါကျမှ
ရေနွေးနွေးလေးဖြင့် သင့်မျက်နှာကို ဆေးကြောပေးသင့်ပါတယ်။

၂။ သံပုရာသီးဖြင့် ပေါင်းတင်ခြင်း
သံပုရာသီးကတော့ အလှအပ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုနေကြတဲ့ ကုန်ကြမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမဲ့ သံပုရာသီးကို ဓာတုပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေထက် သဘာဝအတိုင်းအသုံးပြုတာကသင့်အတွက် ဘေးထွက်ဆိုးကျိုးမရှိစေနိုင်ပါဘူး။ ဒါပေမဲ့ သင့်အသားအရေပေါ်မှာ အနာအဖုအပိတ်တွေ ရှိနေရင်တော့ ယားယံခြင်း၊ ကျိန်းစပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သံပုရားသီး တစ်မျိုးနဲ့ ဘယ်လိုပေါင်းတင်မလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
ပထမဦးစွာ သံပုရာရည် ၁ဇွန်း၊ ရေနွေး ၁၀ဇွန်း နဲ့ ဝါဂွမ်းတို့ လိုအပ်ပါတယ်။ သံပုရာရည် ၁ဇွန်းကို ရေနွေး ၁၀ဇွန်းဖြင့် ရောစပ်ပြီး ထိုရောစပ်ထားတဲ့ ရည်ထဲသို့ ဝါဝမ်းကို စိမ်ထားပါ။ ပြီးလျှင် ထိုဝါဂွမ်ဖြင့် သင့်မျက်မှာပေါ်မှာ မျက်နှာဖုံးကဲ့သို့ တပ်ဆင်ထားပေးပါ။ အချိန်အနည်းငယ်ကြာတဲ့ အခါကျမှ သင့်မျက်နှာပေါ်က ဝါဂွမ်းကို ဖယ်ပြီး ရေအေးအေးဖြင့် ဆေးကြောလိုက်ပါ။

၃။ သခွားသီးဖြင့်ပေါင်းတင်ခြင်း
သခွားသီးက အသားအရေ လှပပြီး ကြည်လင်စေတဲ့အပြင် မျက်နှာပေါ်က အစက်အပြောက်တွေဖယ်ရှားနိုင်ဖို့အတွက်လည်း အထောက်အကူများစွာပြုပါတယ်။ သခွားသီးစိပ်ဖြင့် မျက်နှာကို ပွတ်ပေးခြင်းကလည်း အသားအရေကို အေးမြပြီး ဝင်းပစေသလိုအခြားပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ပြီး ပေါင်းတင်နိုင်ပါသေးတယ်။ သခွားသီးကို ကြိတ်ပြီး သံလွင်ဆီ၊ သံပုရာရည်ဖြင့်ရောစပ်ပြီး သင့်မျက်နှာပေါ်မှာ ပေါင်းတင်နိုင်ပါတယ်။ မိနစ် ၂၀ခန့်ကြာတဲ့အခါမှတော့ ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။ အရေပြားခြောက်သွေ့ခြင်းနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးနိုင်ပြီး မျက်နှာကို ကြည်လင်အေးမြစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here