30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • သင့်ချစ်သူက သင့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်တယ် ဆိုတဲ့လက္ခဏာ (၆) ချက်
Lifestyle Relationship

သင့်ချစ်သူက သင့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်တယ် ဆိုတဲ့လက္ခဏာ (၆) ချက်

သာယာပြည့်စုံတဲ့ relationship တစ်ခုပိုင်ဆိုင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် နားလည်မှု၊ တန်ဖိုးထားမှု၊ နှင့် တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုထားရှိရန် လိုအပ်ပါတယ်။ လူတိုင်းဟာလည်း ယခုလိုသာယာပြည့်စုံတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ချင်ကြပြီး တချို့က သူတို့ရဲ့ဆက်ဆံရေးကို သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ စုံတွဲတွေရဲ့ ဆက်ဆံရေးကိုနှိုင်းယှဉ်တတ်ကြပါတယ်။ ဒါကြောင့် သင့်ချစ်သူက သင့်ဘ၀အတွက် အကောင်းဆုံးဆိုတာကို သိနိုင်ဖို့ လက္ခဏာ(၆)ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်ရဲ့စိတ်အတိုင်း စကားပြောနိုင်တယ်
နားလည်မှုတဲ့ relationship တစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ပြီး စိတ်ထဲမှာရှိတဲ့အတိုင်း ပြောဆိုလို့ရပါတယ်။ သင့်ချစ်သူကို သင်ရဲ့အမြင်တွေ၊ အမှန်လို့ထင်တာတွေကို ပြောတဲ့အခါတိုင်း တစ်စုံတစ်ခုကို စိုးရွံ့မှုမဖြစ်ပဲ ပြောနိုင်တာကို ဆိုလိုတာပါ။ သင့်ရဲ့လက်တွဲဖော်လည်း သင့်လိုပဲ အတူတူခံစားမိပါလိမ့်မယ်။

၂။ ကိုယ်ပိုင်နယ်ပယ်ရှိခြင်း
သင့်ချစ်သူနဲ့ သင်အချိန်တိုင်းတွေ့နေရတာတောင်မှ သင့်အတွက်လွတ်လပ်တယ်လို့ ခံစားရပြီး ဘာကိုပဲလုပ်လုပ် presonal space ရှိတယ်လို့ ခံစားရတာဟာ နားလည်မှုရှိတဲ့ စုံတွဲတွေတိုင်း ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်ဘာပဲလုပ်လုပ် သင့်ချစ်သူရဲ့စွတ်ဖက်မှုကို မခံစားရပဲ အရာရာကိုပျော်ရွင်စွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။

၃။ ဆုံးဖြတ်ချက်တွေကို အတူတကွ ချမှတ်နိုင်တယ်
ပျော်ရွင်စရာကောင်းတဲ့ relationship တစ်ခုဟာ ဆုံးဖြတ်ချက်တွေကို အတူတကွချမှတ်နိုင်ကြပါတယ်။ ဒါကြောင့် ဘယ်နေရမှာနေမယ်၊ အိမ်ကိုဘယ်လိုပြုပြင်မယ်စတဲ့ ဆုံးဖြတ်ချက် သေးသေးကြီးကြီး နှစ်ယောက်သာတိုင်ပင်ပြီး ပျော်ပျော်ရွင်ရွင် ချမှတ်နိုင်ပါလိမ့်မယ်။

၎။ ညီမျှတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်တယ်
သာတူညီမျှမှုမရှိတဲ့ relationship တွေဟာ စိတ်ဖိစီးမှုအမြောက်အမြားနဲ့ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စေပြီး အခြေအနေတွေကို တင်းမာစေပါတယ်။ ညီမျှတဲ့ ဆက်ဆံရေးရှိသူတွေကတော့ တစ်ယောက်က အမှားလုပ်တဲ့အခါ တစ်ယောက်ကခွင့်လွှတ်ပေးတတ်သလို တစ်ယောက်ကိုတစ်ယောက် အလျော့ပေးတတ်တာကြောင့် အခြေအနေတွေက balance ဖြစ်နေပါတယ်။

၅။ အချင်းချင်း ယုံကြည်မှုရှိတယ်
တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းသံသယမရှိပဲ ယုံကြည်မှုပေးနေရင် အချစ်ရေးကခိုင်မြဲပါတယ်။ ဒါလိုမဟုတ်ပဲ ဘာလုပ်လုပ် ဘာပြောပြော သံသယတွေပွားနေရင် ပြဿနာအစိုင်အခဲကို ကြီးထွားလာစေမှာပါ။ ဒါကြောင့် သာယာပြည့်စုံတဲ့ relationship တစ်ခုဟာ တစ်ယောက်ကိုတစ်ယောက် လေးစားယုံကြည်မှု ရှိသလိုခံစားရပါလိမ့်မယ်။

၆။ တစ်ယောက်ကိုတစ်ယောက် အနီးစပ်ဆုံးနဲ့ အရင်းနှီးဆုံးသူတွေလို ခံစားရမယ်
တစ်ယောက်ကိုတစ်ယောက် စကားပြောတဲ့အခါတွေ ထိတွေ့တဲ့အခါတွေမှာ အရင်နှီးဆုံးနဲ့ ကြင်နာမှုအပြည့်အ၀ကို ခံစားရလျှင် ပျော်ရွင်စရာကောင်းတဲ့ စုံတွဲတွေဖြစ်ကြပြီး လုံခြုံမှုတွေ၊ နွေးထွေးမှုတွေကို ခံစားရပါလိမ့်မယ်။

ani studio

Gepostet von Ani Studio am Dienstag, 19. Dezember 2017

#LM_Naung_Naung

#Lifestyle_Myanmar

Related posts

စိတ်ဖိစီးမှုတွေကို လျော့ကျစေမယ့် ထိရောက်တဲ့ နည်းလမ်း(၆)ခု

Nandar Lwin

ဘီလ်ဂိတ်က ပေးတဲ့ အကြံဥာဏ် ၁၀ခု

Nandar Lwin

ချစ်သူတွေ တစ်သက်တာဆက်ဆံရေးခိုင်မြဲစေဖို့ ဆောင်ရန်ရှောင်ရန်များ

OMCTC

Leave a Comment