30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • သင့်ကို တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူ (၁၁) ချက်
Lifestyle Relationship

သင့်ကို တကယ်ချစ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အပြုအမူ (၁၁) ချက်

သင့်ရဲ့ချစ်သူကောင်လေးက သင့်ကိုတကယ်ချစ်လားမချစ်လားဆိုတာ မရေမရာဖြစ်နေပါသလား။ ဒါဆိုရင် သင့်ရဲ့သံသယတွေကင်းအောင် အောက်ဖော်ပြပါ (၁၁) ချက်ကို ဖတ်ရှုသင့်ပါတယ်။

၁။ သူသင့်ကို တွေ့နေရင် အရမ်းကိုပျော်ရွင်ပါတယ်။ ဘယ်လောက်ပဲ သူ့ရဲ့အလုပ်မှာ စိတ်ညစ်စရာကြုံပါစေ သူသင့်ကိုတွေ့နေရရင် သူ့မျက်နှာကအပြုံးတစ်ခုကို မြင်ရပါလိမ့်မယ်။

၂။ သူက သင့်အတွက်ဂုဏ်ယူတတ်ပါတယ်။ သင့်ဘ၀ရဲ့အောင်မြင်မှုတိုင်းကို သူလည်းဂုဏ်ယူတတ်ပြီး သင့်အတွက်လက်မထောင်ချင်နေသူပါ။

၃။ အိပ်ရာပေါ်မှာ သင်ကနေရာအကျယ်ကြီး ယူရင်လည်း သူကမကျေမနပ် မဖြစ်ပါဘူး။ ဒါဟာဘာကြောင့်လည်းဆိုတော့ သူ့ဘေးနားမှာ သင်ရှိနေတာကိုက အရေးအကြီးဆုံးအရာတစ်ခု ဖြစ်လို့ပါပဲ။

၎။ သူက သင့်ချစ်သူဖြစ်တာကြောင့် မည်သူမဆို သင့်ကိုထိခိုက်အောင် လုပ်ခွင့်မပေးပါဘူး။ ဒါကြောင့် သင့်ကိုအမြဲအကာအကွယ် ပေးတတ်ပါတယ်။

၅။ သူကသင့်ကို ကူညီတတ်တယ်။ သင့်ဘ၀ရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ၊ တာဝန်သေးသေးလေးတွေကအစ သူကကူညီဆောင်ရွက်ပေးဖို့ ၀န်မလေးပါဘူး။

၆။ သူကအမြဲနားထောင်တတ်တယ်။ မိန်းကလေးတွေဟာ သူတို့ချစ်သူကို ပျင်းစရာကောင်းတဲ့အကြောင်းအရာတွေကို ရှည်လျားစွာပြောတတ်ကြပေမယ့် သူကတော့ဂရုတစိုက် နားထောင်ပေးတတ်သူဆိုရင် သင့်ကိုတကယ်ချစ်ပြီး သင်နဲ့သက်ဆိုင်တဲ့အရာမှန်သမျှကို တန်ဖိုးထားတတ်လို့ ဖြစ်ပါတယ်။

လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူမှာ ဒီလိုအမူအကျင့်(၇)ချက် ရှိမရှိ

၇။ နေ့ရက်တွေဟာ သူ့အတွက် အရေးကြီးပါတယ်။ သူဟာသင့်ကို တကယ်ဂရုစိုက်တတ်သူ တစ်ယောက်ဆိုရင် သင့်ရဲ့မွေးနေ့၊ ချစ်သူသက်တမ်း စတဲ့အရေးကြီးတဲ့နေ့ရက်တွေကို မှတ်မိနေတတ်ပါတယ်။

၈။ သင့်ရဲ့စိတ်ဝင်စားမှုတွေကို ထောက်ပံ့ပေးတတ်တယ်။ သင်ဟာ ညနေခင်းမှာ ရုပ်ရှင်ကြည့်ဖို့ဆုံးဖြတ်တာတွေ၊ နေ့လည်မှာ ဈေးဝယ်ထွက်တာတွေ၊ Spa မှာတရက်လုံးအချိန်ဖြုန်းမှာတွေ စတဲ့သင့်ရဲ့ ရည်မှန်းချက်နဲ့ ဆုံးဖြတ်ချက်တွေကို သူကပံ့ပိုးပေးခဲ့ရင် သင့်ကိုသူ ရူးရူးမူးမူးချစ်နေလို့ပါပဲ။

၉။ သင့်ကို Suprise အမြဲလုပ်ပေးတတ်တယ်။ သင်ပျော်ရွင်ဖို့အတွက် သူကအမြဲကြိုးစားနေတတ်သလို သင်အံ့သြ၀မ်းသာစေမယ့် အရာတွေကိုလည်း အမြဲဖန်းတီးတတ်ပါလိမ့်မယ်။

၁၀။ သူကသင့်ကို လေးစားတတ်တယ်။ သင့်ရဲ့ကိုယ်ပိုင်အမြင်တွေ ဆုံးဖြတ်ချက်တွေကို သူကအမြဲ respect ထားတတ်ပါတယ်။

၁၁။ အမြဲ ရိုမန်တစ် ဆန်တတ်တယ်၊ သင်နဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို အကောင်းဆုံးဖြတ်သန်းတတ်ပြီး သင့်ကိုမြတ်မြတ်နိုးနိုးနဲ့ ရင်ခုန်စရာတွေကို မပြတ်ဖန်တီးပေးပါလိမ့်မယ်။
#LM_Naung_Naung
Ref-womenbeautyextra

Related posts

ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ဖို့အတွက် လိုအပ်သည့် အချက်များ

OMCTC

ကိုရီးယား မုန်လာဥနီသုပ်

Nandar Lwin

Sexy ကျလွန်လို့အလုပ်ထွက်လိုက်ရတဲ့သူနာပြု

OMCTC

Leave a Comment