30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • သင်္ချာမတွက်တတ်လို့ 911 ကိုဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ ၄နှစ်ကလေး
Funny Lifestyle

သင်္ချာမတွက်တတ်လို့ 911 ကိုဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ ၄နှစ်ကလေး

မိဘတိုင်းဟာ ကလေးတွေဒုက္ခနဲ့ ကြုံတွေ့တဲ့အခါတိုင်း 911 ဆက်သွယ်ဖို့သင်ပေးထားကြပါတယ်။ ဒါပေမယ့် ဘယ်လိုဒုက္ခမျိုးနဲ့ကြုံတွေ့ခဲ့ရင် ဆက်သွယ်သင့်လဲဆိုတာ သေသေချာချာမသင်ပေးထားတဲ့အတွက် သူတို့ရဲ့စိတ်ထဲမှာ အခက်အခဲတွေ့တိုင်း 911 ကကူညီပေးမယ်လို့စွဲနေတတ်ကြောင်း ဒီကလေးကသာဓက ပေးလိုက်ပါတယ်။

ကမ္ဘာတ၀ှမ်းက ထူးထူးဆန်းဆန်း မင်္ဂလာဆောင်ရိုးရာဓလေ့များ

လေးနှစ်သားအရွယ်ကလေးတစ်ယောက်ဟာ သင်္ချာအဖြေမထွက်တဲ့အတွက် တစ်စုံတစ်ယောက်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် သူသိတဲ့ဖုန်းနံပါတ်က တစ်ခုတည်းရှိပါတယ်။ ဟုတ်ပါတယ် သေသေချာချာပဲ သူ ၉၁၁ ကိုနှိပ်လိုက်ပါပြီ။ ဖုန်းဝင်သွားပြီး အော်ပရေတာက ဘာအကူအညီပေးရမလဲလို့မေးတဲ့အခါ ချစ်စရာကောင်းတဲ့ကလေးက သူအကူအညီလိုတဲ့အကြောင်း ၁၆ ထဲက ၈ နှုတ်တာမတွက်တတ်တဲ့ အကြောင်းပြောပြပါတယ်။ အစပိုင်းတော့ အော်ပရေတာဖြစ်သူ ကြောင်သွားပြီး ကလေးကိုအဖြေပေးလိုက်ပါတယ်။ နောက်မှ ကလေးရဲ့နေရပ်လိပ်စာကို မေးတဲ့အခါ အဲဒီသင်္ချာပညာရှင်ချာတိတ်က သူမဖြေချင်တဲ့အကြောင်း ပြောပါတယ်။ ဒီအခြေအနေဟာ သူ့အိမ်လိပ်စာပြောဖို့ မလိုအပ်ဘူးလို့ သိတဲ့လူလည်လေးပါပဲ။ အမေဖြစ်သူကတော့ ရဲစခန်းကိုဖုန်းဆက်တဲ့သားအတွက် Shock ဖြစ်သွားခဲ့ပါတယ်။
#LM_Naung_Naung
Ref-fabbiosa

Related posts

မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ ကွာခြားချက်

Kyaw Htike Aung

အမျိုးသမီးတွေတိုင်း ချစ်သူကောင်လေးဆီက အလိုချင်ဆုံး အရာ(၇) ခုကဘာတွေလဲ

Naung Naung

အားစိုက်မထုတ်ရဘဲ ကိုယ်အလေးချိန်ကျဖို့ ကူညီလိမ့်မယ့် နည်းလမ်းလေးတွေ

Nandar Lwin

Leave a Comment