25 C
Yangon
May 25, 2018
  • Home
  • Technology
  • Automobile
  • လျှပ်စစ် ဟိုက်ပါကားတစ်စီး McLaren စတင် တည်ဆောက်နေပြီလို့ သတင်းထွက်
Automobile

လျှပ်စစ် ဟိုက်ပါကားတစ်စီး McLaren စတင် တည်ဆောက်နေပြီလို့ သတင်းထွက်

McLaren

McLaren ဟာ လျှပ်စစ်စွမ်းအင် သီးသန့်အသုံးပြု မောင်းနှင်နိုင်မယ့် ဟိုက်ပါကား တစ်မျိုးကို လက်တွေ့ တည်ဆောက်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ တကယ်တော့ McLarenရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး Ultimate Seriesမှာ လျှပ်စစ်ကား တစ်မျိုး ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ။ အခုတော့ Project P15 Conceptကို အခြေခံတဲ့ လျှပ်စစ် ဟိုက်ပါကားကို McLarenက အမှန်တကယ် ဖန်တီးဖို့ ကြိုးစားနေပြီလို့ ဆိုပါတယ်။

ဒီကားရဲ့ အင်ဂျင်ပိုင်း နည်းပညာဟာ လာမယ့်နှစ်က စတင်ပါဝင်တော့မယ့် ဖော်မြူလာအီး ပြိုင်ပွဲဝင် ကားတွေမှာ အသုံးပြုတဲ့ အခြေခံအတိုင်း ဖြစ်မယ်လို့ သိရပါတယ်။ ဖော်မြူလာအီးဟာ လျှပ်စစ်ကားတွေ သီးသန့် ပြိုင်ဆိုင်ရတဲ့ ချန်ပီယံလုပွဲပါ။ အစောပိုင်းက စူပါကား ကုမ္ပဏီတွေဟာ လျှပ်စစ်ကား နည်းပညာကို စိတ်ဝင်တစား မရှိခဲ့ပေမယ့် လက်ရှိ ပြောင်းလဲလာတဲ့ ဈေးကွက် ရေစီးကြောင်းကြောင့် ဒီနယ်ပယ်ကို မျက်ကွယ် မပြုကြတော့ပါဘူး။ AMGလို ကုမ္ပဏီတောင် သူတို့ရဲ့ နာမည်ကျော် V8 အင်ဂျင်တွေကို အမြဲတမ်း ထုတ်လုပ်ရောင်းချနေဖို့ မျှော်လင့်လို့ မရနိုင်ကြောင်း ဝန်ခံထားပါတယ်။

ကားနည်းပညာဆိုင်ရာ အချက်အလက် ဦးပိုင် လုပ်ငန်းကြီးတစ်ခု Toyota ဦးဆောင်ပြီး ဖွဲ့စည်းဖို့ စီစဉ်

 McLaren ဟာ လက်ရှိ Sports Seriesနဲ့ Super Series စူပါကားတွေရဲ့ မျိုးဆက်သစ်တွေကို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဆက်တိုက် ထုတ်လုပ် ရောင်းချသွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ လျှပ်စစ် ဟိုက်ပါကား ပရောဂျက်ဟာ ခိုင်ခိုင်မာမာ ရုပ်လုံး ပေါ်လာဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
Ref-7 Day Car

Related posts

ကမ္ဘာ့ အကောင်းဆုံး တစ်ယောက်စီး ဂျက် ယာဉ်ပျံ (ရုပ်သံ)

Kyaw Htike Aung

ကားမှန်များကို သတင်းအချက်အလက်ဖော်ပြရာ အရည်အသွေးမြင့်မှန်အဖြစ် အသုံးချ (ရုပ်သံ)

Kyaw Htike Aung

၎နှစ်အရွယ် ကလေးငယ်တွေရဲ့ ဆိုင်ကယ်မောင်းတဲ့ Skills တွေ

Kyaw Htike Aung

Leave a Comment