• Home
  • Lifestyle
  • Celebrity
  • လူျမင္ကြင္းမွာ သိပ္ျမင္ရခဲတဲ့ ကမၻာတစ္၀န္းက နာမည္ႀကီး brands တည္ေထာင္သူ ၅ ဦး
Celebrity General Knowledge

လူျမင္ကြင္းမွာ သိပ္ျမင္ရခဲတဲ့ ကမၻာတစ္၀န္းက နာမည္ႀကီး brands တည္ေထာင္သူ ၅ ဦး

brands တည္ေထာင္သူ

နာမည္ႀကီး brands ေတြရဲ႕ တည္ေထာင္သူအခ်ိဳ႕ဟာ သူတို႔ရဲ႕ေက်ာ္ၾကားမႈကို သာယာၾကည္ႏူးၾကသလို ကမာၻတစ္၀ွမ္းလံုးက မဂၢဇင္းမ်က္ႏွာဖံုးမ်ားမွာ ေတြ႕ျမင္ႏိုင္ပါတယ္။ ဒီအထဲမွာ နာမည္ႀကီး brand ေတြကို တည္ေထာင္ထားေပမယ့္ ပရိတ္သတ္ေတြေရွ႕ထြက္ရမွာကို မႏွစ္သက္တဲ့ သူေတြလည္း ရွိပါတယ္။ ကၽြန္ေတာ္တို႔ ေန႔စဥ္ေန႔တိုင္း သံုးေနတဲ့အရာေတြကို ဖန္တီးေပးတဲ့ သူတို႔ရဲ႕ေအာင္ျမင္မႈဇာတ္လမ္းမ်ားက အထင္ႀကီး အားက်စရာေကာင္းတာေၾကာင့္ မွ်ေ၀ေပးလိုက္ပါတယ္။

Single mother တစ္ဦးျဖစ္သူ ကမာၻေက်ာ္ေပါ့ပ္အဆိုေတာ္ စီလင္းဒီယြန္ ရဲ႕ မိဘအုပ္ထိန္းမႈနည္းလမ္း

၁။ Nike — Phil Knight

(တာလတ္ေျပးသမား) ဖီးလ္ႏိုက္ႏွင့္ သူရဲ႕နည္းျပဆရာ ဘီလ္ဘို၀ါမန္း တို႔ႏွစ္ေယာက္ဟာ အေျပးကစားနည္းကို ခ်စ္ၾကပါတယ္။ ၆၀ခုႏွစ္က အေမရိကန္မွာ ေရာင္းခ်ခဲ့တဲ့ အေျပးအားကစားဖိနပ္ေတြရဲ႕ အရည္အေသြးက သူတို႔အတြက္ အလံုအေလာက္မေကာင္းခဲ့ပါဘူး။ ဒါ့ေၾကာင့္ သူတို႔သည္ အေမရိကန္မွာ ဂ်ပန္အားကစားဖိနပ္ေတြေရာင္းဖို႔ Blue Ribbon Sports လို႔ေခၚတဲ့ ကုမၸဏီကို ဖန္တီးခဲ့ပါတယ္။ ဒီကုမၸဏီကို ယခု Asics လို႔ေခၚပါတယ္။
အခ်ိန္ၾကာလာေတာ့ ပစၥည္းတင္သြင္းသူေတြနဲ႔အတူ အလုပ္လုပ္ဖို႔ ခက္ခဲလာၿပီး အခက္အခဲေတြ ျဖစ္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဖီးလ္ႏွင့္ ဘီလ္တို႔က အားကစားဖိနပ္(sneakers)ရဲ႕ ကိုယ္ပိုင္အမွတ္တံဆိပ္ကို ဖန္တီးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဘို၀ါမန္းက ဒီဇိုင္းေရးဆြဲခဲ့ၿပီး ေ၀ဖာနဲ႕တူတဲ့ ဒီဇိုင္းကို နည္းျပက သူ႔ဇနီးရဲ႕ေ၀ဖာမုန္႔အိုးကိုၾကည့္ၿပီး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

၁၉၇၈ခုႏွစ္မွာ ကုမၸဏီဟာ Nike ဆိုတဲ့တရား၀င္နာမည္ရရွိခဲ့ၿပီး သူတို႔ရဲ႕ ေက်ာ္ၾကားတဲ့ လိုဂိုျဖစ္ခဲ့ပါတယ္။ Knight ဟာ Nike ဆိုတဲ့ စကားလံုးကို မႏွစ္သက္ခဲ့ဘဲ သူသည္ ကုမၸဏီကို အျခားနာမည္တစ္ခုခုေပးခ်င္ခဲ့တယ္လို႔ သူ႔ရဲ႕စာအုပ္မွာ ေဖာ္ျပခဲ့ပါတယ္။

Phil Knight

၂။ Starbucks — Howard Schultz

အစပိုင္းမွာ Starbucks ကို Seattleၿမိဳ႕မွာ ပစၥည္းကိရိယာမ်ားႏွင့္ ေကာ္ဖီေစ့ေတြေရာင္းတဲ့ စတိုးဆိုင္တစ္ခုအျဖစ္ ၁၉၇၁ခုႏွစ္မွာ ဖြင့္ခဲ့တာ ျဖစ္ပါတယ္။ Starbucks ကုမၸဏီကို ( Il Giornaleရဲ႕တည္ေထာင္သူ) ေဟာင္း၀ဒ္ေရွာ့ထ္ က ၁၉၈၇ခုႏွစ္မွာ ၀ယ္ခဲ့ၿပီး တကယ့္ေကာ္ဖီဆိုိင္အျဖစ္သို႔ ေျပာင္းလဲခဲ့ပါတယ္။

ေဟာင္း၀ဒ္သည္ အီတလီ espresso ဘားရဲ႕အေငြ႕အသက္ေတြပါေအာင္ ျပင္ဆင္ခဲ့ၿပီး အေမရိကန္မွာ အီတလီပုံစံဖမ္းထားတဲ့ ေကာ္ဖီဆုိင္ေလးဟာ ေအာင္ျမင္ခဲ့ပါတယ္။၂ဝ၁၆ခုႏွစ္ ႏုိဝင္ဘာလမွာ ကမၻာတစ္လႊားမွာ Starbucks ေကာ္ဖီဆုိင္ခြဲေပါင္း ၂၃,၇၆၈ ဆုိင္ ဖြင့္ႏုိင္တဲ့အထိ တုိးတက္ခဲ့ပါတယ္။ ယခုအခ်ိန္မွာ ကမာၻရဲ႕ဘယ္ေနရာမွာ မဆို Starbucksကို ရွာေတြ႕ႏိုင္ပါတယ္။

Howard Schultz

၃။ ZARA — Amancio Ortega

စပိန္လူမ်ိဳး Amancio သည္ ၇၀ခုႏွစ္မွာ သူရဲ႕စီးပြားေရးလုပ္ငန္းမ်ားကို စတင္ခဲ့ပါတယ္။ သူဟာ ဧည့္ခန္းထဲမွာ သူ႔ဇနီးႏွင့္အတူ ည၀တ္အက်ီ ၤႏွင့္ ေရခ်ိဳးတဘက္အက်ီ ၤတို႔ကို ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ရဲ႕ ဂ်ာမန္စီးပြားဖက္တစ္ေယာက္ရဲ႕ orderႀကီးတစ္ခုကို ျငင္းဆိုခဲ့ၿပီး ဇနီးႏွင့္အတူ သူတုိ႔ကိုယ္ပိုင္ အ၀တ္အထည္ေရာင္းဖို႔ ဆံုးျဖတ္လိုက္ၾကပါတယ္။ သူတို႔သည္ ၁၉၇၅ခုႏွစ္တြင္ စပိန္ႏိုင္ငံ La Coruña မွာ Fast-fashion လုပ္ငန္းႀကီး Zara ကို တည္ေထာင္ခဲ့ပါတယ္။

စီးပြားေရးက အရမ္းေကာင္းလာတာေၾကာင့္ ၂ပတ္တစ္ခါေလာက္ ေခတ္မီအ၀တ္အစားေတြ၊ ဒီဇိုင္းအသစ္ေတြ စတိုးဆိုင္ေတြမွာ တင္ႏိုင္ဖို႔ ကုမၸဏီက ဆံုးျဖတ္ခဲ့ပါတယ္။ ဒီဇိုင္းအသစ္ တစ္ခုထုတ္လုပ္ဖို႔ တစ္ပတ္ပဲ အခ်ိန္ယူပါတယ္။ ေနာက္ပိုင္းမွာ ကုမၸဏီကို Inditex လို႔အမည္ေျပာင္းခဲ့ၿပီး zara အမွတ္တံဆိပ္အပါအ၀င္ Massimo Dutti, Pull and Bear, Oysho, Zara Home, Uterqüe, Stradivarius, Lefties, ႏွင့္ Bershka ကဲ့သို႔ အ၀တ္အစား brands အသစ္စတိုးဆိုင္ေတြ ဖြင့္လွစ္ခဲ့ပါတယ္။ Forbes မဂၢဇင္းမွာ ေဖာ္ျပခ်က္အရ Ortega သည္ ကမာၻ႔အခ်မ္းသာဆံုး ပုဂၢိဳလ္ျဖစ္ပါတယ္။

Amancio Ortega

၄။ Google — Larry Page and Sergey Brin

အဆိုပါကုမၸဏီကို Sergey Brin ႏွင့္ Larry Page ဆိုတဲ့ စတန္းဖို႕ဒ္တကၠသိုလ္ေက်ာင္းသားႏွစ္ဦးက စတင္ဖန္တီးခဲ့ပါတယ္။ ၁၉၉၈ခုႏွစ္မွာ သူတို႔သည္ google.com ဒိုမိန္း မွတ္ပံုတင္ခဲ့ၿပီး ကုမၸဏီကို စတင္တည္ေထာင္ခဲ့ပါတယ္။ Google ဆိုတဲ့နာမည္ကို zero ၁၀၀ႏွင့္အတူ နံပါတ္တစ္ခုလို႔ ဆိုလိုတဲ့ googol အဂၤလိပ္စကားလံုးမွေန ဖန္တီးခဲ့တာပါ။ ယခု ကၽြန္ေတာ္တို႔ဟာ ေန႔တိုင္း ဒီsearch engineကို အသံုးျပဳေနၾကတာပါ။

Larry Page and Sergey Brin

၅။ Instagram — Kevin Systrom

ကမာၻတစ္၀ွမ္း ေက်ာ္ၾကားေနတဲ့ Instagram ဆိုရွယ္မီဒီယာကို Kein Systrom ဆိုတဲ့ စတန္းဖို႔ဒ္တကၠသိုလ္ေက်ာင္းသားက ဖန္တီးခဲ့ပါတယ္။ သူသည္ ေဆာ့ဖ္၀ဲ အင္ဂ်င္နီယာေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီး နာမည္ေက်ာ္ နည္းပညာအဖြဲ႕အစည္းျဖစ္တဲ့ ဂူဂဲလ္မွာလည္း အလုပ္လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ဒီေကာင္ေလးဟာ ဓါတ္ပံုရိုက္ ၀ါသနာပါသူျဖစ္ၿပီး ဒီအႏုပညာအေၾကာင္း ပိုၿပီးေတာ့ ရွာေဖြဖို႔ Florence ကို သြားခဲ့ပါတယ္။ ဆရာတစ္ေယာက္က သူ႔ကို retro စတိုင္နဲ႔ ေလးေထာင့္ပံုစံဓါတ္ပံုမ်ား ျပဳလုပ္တဲ့ Holga ကင္မရာတစ္ခု ျပသခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ကီဗင္သည္ ရင္းႏွီးျမဳပ္ႏွံ့သူမ်ားကို ေတြ႕ရွိခဲ့ၿပီး သူႏွင့္ Mike Krieger တို႔သည္ သူတို႔ရဲ႕ ဓါတ္ပံု မွ်ေ၀ေရးလႈမႈကြန္ယက္ကို စတင္ခဲ့ပါတယ္။ သူတို႔သည္ ပထမေတာ့ ရိုးရိုး အသံုးျပဳဖုိ႔ေပမယ့္ ေနာက္ပိုင္းမွာ ထူးျခားမႈတစ္ခုခုကို ျပဳလုပ္ခ်င္ခဲ့ပါတယ္။ ကီဗင္သည္ Florence ကေန ေစ်းေပါတဲ့ကင္မရာကို သတိရသြားၿပီး filters ေတြကို ဖန္တီးဖို႔ထည့္သြင္းခဲ့ပါတယ္။ ဒါက ပထမဆံုး filter X-Pro II ကို ဖန္တီးခဲ့ပံုပါပဲ။
သူ႔ရဲ႕ အင္စတာဂရမ္ အပလီေကးရွင္းကို စတင္ခဲ့ၿပီး ၂ႏွစ္အၾကာမွာ Facebook က ေဒၚလာ ၁ဘီလီယံနဲ႔ ၀ယ္ယူခဲ့ပါတယ္။


#Lifestyle_Myanmar
#TB_Nandar
Source-brightside

Unicode

လူမြင်ကွင်းမှာ သိပ်မြင်ရခဲတဲ့ ကမ္ဘာတစ်ဝန်းက နာမည်ကြီး brands တည်ထောင်သူ ၅ ဦး
နာမည်ကြီး brands တွေရဲ့ တည်ထောင်သူအချို့ဟာ သူတို့ရဲ့ကျော်ကြားမှုကို သာယာကြည်နူးကြသလို ကမ္ဘာတစ်ဝှမ်းလုံးက မဂ္ဂဇင်းမျက်နှာဖုံးများမှာ တွေ့မြင်နိုင်ပါတယ်။ ဒီအထဲမှာ နာမည်ကြီး brand တွေကို တည်ထောင်ထားပေမယ့် ပရိတ်သတ်တွေရှေ့ထွက်ရမှာကို မနှစ်သက်တဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်နေ့တိုင်း သုံးနေတဲ့အရာတွေကို ဖန်တီးပေးတဲ့ သူတို့ရဲ့အောင်မြင်မှုဇာတ်လမ်းများက အထင်ကြီး အားကျစရာကောင်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။

၁။ Nike — Phil Knight

(တာလတ်ပြေးသမား) ဖီးလ်နိုက်နှင့် သူရဲ့နည်းပြဆရာ ဘီလ်ဘိုဝါမန်း တို့နှစ်ယောက်ဟာ အပြေးကစားနည်းကို ချစ်ကြပါတယ်။ ၆ဝခုနှစ်က အမေရိကန်မှာ ရောင်းချခဲ့တဲ့ အပြေးအားကစားဖိနပ်တွေရဲ့ အရည်အသွေးက သူတို့အတွက် အလုံအလောက်မကောင်းခဲ့ပါဘူး။ ဒါ့ကြောင့် သူတို့သည် အမေရိကန်မှာ ဂျပန်အားကစားဖိနပ်တွေရောင်းဖို့ Blue Ribbon Sports လို့ခေါ်တဲ့ ကုမ္ပဏီကို ဖန်တီးခဲ့ပါတယ်။ ဒီကုမ္ပဏီကို ယခု Asics လို့ခေါ်ပါတယ်။
အချိန်ကြာလာတော့ ပစ္စည်းတင်သွင်းသူတွေနဲ့အတူ အလုပ်လုပ်ဖို့ ခက်ခဲလာပြီး အခက်အခဲတွေ ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ဖီးလ်နှင့် ဘီလ်တို့က အားကစားဖိနပ်(sneakers)ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘိုဝါမန်းက ဒီဇိုင်းရေးဆွဲခဲ့ပြီး ဝေဖာနဲ့တူတဲ့ ဒီဇိုင်းကို နည်းပြက သူ့ဇနီးရဲ့ဝေဖာမုန့်အိုးကိုကြည့်ပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

၁၉၇၈ခုနှစ်မှာ ကုမ္ပဏီဟာ Nike ဆိုတဲ့တရားဝင်နာမည်ရရှိခဲ့ပြီး သူတို့ရဲ့ ကျော်ကြားတဲ့ လိုဂိုဖြစ်ခဲ့ပါတယ်။ Knight ဟာ Nike ဆိုတဲ့ စကားလုံးကို မနှစ်သက်ခဲ့ဘဲ သူသည် ကုမ္ပဏီကို အခြားနာမည်တစ်ခုခုပေးချင်ခဲ့တယ်လို့ သူ့ရဲ့စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။

၂။ Starbucks — Howard Schultz

အစပိုင်းမှာ Starbucks ကို Seattleမြို့မှာ ပစ္စည်းကိရိယာများနှင့် ကော်ဖီစေ့တွေရောင်းတဲ့ စတိုးဆိုင်တစ်ခုအဖြစ် ၁၉၇၁ခုနှစ်မှာ ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ Starbucks ကုမ္ပဏီကို ( Il Giornaleရဲ့တည်ထောင်သူ) ဟောင်းဝဒ်ရှော့ထ် က ၁၉၈ရခုနှစ်မှာ ဝယ်ခဲ့ပြီး တကယ့်ကော်ဖီဆိိုင်အဖြစ်သို့ ပြောင်းလဲခဲ့ပါတယ်။

ဟောင်းဝဒ်သည် အီတလီ espresso ဘားရဲ့အငွေ့အသက်တွေပါအောင် ပြင်ဆင်ခဲ့ပြီး အမေရိကန်မှာ အီတလီပုံစံဖမ်းထားတဲ့ ကော်ဖီဆိုင်လေးဟာ အောင်မြင်ခဲ့ပါတယ်။၂ဝ၁၆ခုနှစ် နိုဝင်ဘာလမှာ ကမ္ဘာတစ်လွှားမှာ Starbucks ကော်ဖီဆိုင်ခွဲပေါင်း ၂၃,၇၆၈ ဆိုင် ဖွင့်နိုင်တဲ့အထိ တိုးတက်ခဲ့ပါတယ်။ ယခုအချိန်မှာ ကမ္ဘာရဲ့ဘယ်နေရာမှာ မဆို Starbucksကို ရှာတွေ့နိုင်ပါတယ်။

၃။ ZARA — Amancio Ortega

စပိန်လူမျိုး Amancio သည် ရဝခုနှစ်မှာ သူရဲ့စီးပွားရေးလုပ်ငန်းများကို စတင်ခဲ့ပါတယ်။ သူဟာ ဧည့်ခန်းထဲမှာ သူ့ဇနီးနှင့်အတူ ညဝတ်အကျီ င်္နှင့် ရေချိုးတဘက်အကျီ င်္တို့ကို ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ ဂျာမန်စီးပွားဖက်တစ်ယောက်ရဲ့ orderကြီးတစ်ခုကို ငြင်းဆိုခဲ့ပြီး ဇနီးနှင့်အတူ သူတို့ကိုယ်ပိုင် အဝတ်အထည်ရောင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့သည် ၁၉၇၅ခုနှစ်တွင် စပိန်နိုင်ငံ La Coruña မှာ Fast-fashion လုပ်ငန်းကြီး Zara ကို တည်ထောင်ခဲ့ပါတယ်။

စီးပွားရေးက အရမ်းကောင်းလာတာကြောင့် ၂ပတ်တစ်ခါလောက် ခေတ်မီအဝတ်အစားတွေ၊ ဒီဇိုင်းအသစ်တွေ စတိုးဆိုင်တွေမှာ တင်နိုင်ဖို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဇိုင်းအသစ် တစ်ခုထုတ်လုပ်ဖို့ တစ်ပတ်ပဲ အချိန်ယူပါတယ်။ နောက်ပိုင်းမှာ ကုမ္ပဏီကို Inditex လို့အမည်ပြောင်းခဲ့ပြီး zara အမှတ်တံဆိပ်အပါအဝင် Massimo Dutti, Pull and Bear, Oysho, Zara Home, Uterqüe, Stradivarius, Lefties, နှင့် Bershka ကဲ့သို့ အဝတ်အစား brands အသစ်စတိုးဆိုင်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ Forbes မဂ္ဂဇင်းမှာ ဖော်ပြချက်အရ Ortega သည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

၄။ Google — Larry Page and Sergey Brin

အဆိုပါကုမ္ပဏီကို Sergey Brin နှင့် Larry Page ဆိုတဲ့ စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းသားနှစ်ဦးက စတင်ဖန်တီးခဲ့ပါတယ်။ ၁၉၉၈ခုနှစ်မှာ သူတို့သည် google.com ဒိုမိန်း မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ်။ Google ဆိုတဲ့နာမည်ကို zero ၁ဝဝနှင့်အတူ နံပါတ်တစ်ခုလို့ ဆိုလိုတဲ့ googol အင်္ဂလိပ်စကားလုံးမှနေ ဖန်တီးခဲ့တာပါ။ ယခု ကျွန်တော်တို့ဟာ နေ့တိုင်း ဒီsearch engineကို အသုံးပြုနေကြတာပါ။

၅။ Instagram — Kevin Systrom

ကမ္ဘာတစ်ဝှမ်း ကျော်ကြားနေတဲ့ Instagram ဆိုရှယ်မီဒီယာကို Kein Systrom ဆိုတဲ့ စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းသားက ဖန်တီးခဲ့ပါတယ်။ သူသည် ဆော့ဖ်ဝဲ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်ပြီး နာမည်ကျော် နည်းပညာအဖွဲ့အစည်းဖြစ်တဲ့ ဂူဂဲလ်မှာလည်း အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဒီကောင်လေးဟာ ဓါတ်ပုံရိုက် ၀ါသနာပါသူဖြစ်ပြီး ဒီအနုပညာအကြောင်း ပိုပြီးတော့ ရှာဖွေဖို့ Florence ကို သွားခဲ့ပါတယ်။ ဆရာတစ်ယောက်က သူ့ကို retro စတိုင်နဲ့ လေးထောင့်ပုံစံဓါတ်ပုံများ ပြုလုပ်တဲ့ Holga ကင်မရာတစ်ခု ပြသခဲ့ပါတယ်။

နောက်ပိုင်းမှာ ကီဗင်သည် ရင်းနှီးမြုပ်နှံ့သူများကို တွေ့ရှိခဲ့ပြီး သူနှင့် Mike Krieger တို့သည် သူတို့ရဲ့ ဓါတ်ပုံ မျှဝေရေးလှုမှုကွန်ယက်ကို စတင်ခဲ့ပါတယ်။ သူတို့သည် ပထမတော့ ရိုးရိုး အသုံးပြုဖို့ပေမယ့် နောက်ပိုင်းမှာ ထူးခြားမှုတစ်ခုခုကို ပြုလုပ်ချင်ခဲ့ပါတယ်။ ကီဗင်သည် Florence ကနေ စျေးပေါတဲ့ကင်မရာကို သတိရသွားပြီး filters တွေကို ဖန်တီးဖို့ထည့်သွင်းခဲ့ပါတယ်။ ဒါက ပထမဆုံး filter X-Pro II ကို ဖန်တီးခဲ့ပုံပါပဲ။
သူ့ရဲ့ အင်စတာဂရမ် အပလီကေးရှင်းကို စတင်ခဲ့ပြီး ၂နှစ်အကြာမှာ Facebook က ဒေါ်လာ ၁ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-brightside

Related posts

အုိင္စီမိနစ္ကိုးဆယ္ပဲြ ေဖ်ာ္ေျဖမႈကိုတစ္သက္လုံး အမွတ္ရေနမယ္ဆိုတဲ့ မိစႏၵီ

OMCTC

ယေန႔ေခတ္ကမာၻႀကီးမွာ ျဖစ္ပ်က္ေနတဲ့ အရာေတြကို သေရာ္ထားတဲ့ ဖန္တီးမႈ႐ုပ္ပံုမ်ား

Naung Naung

မ်က္လံုးဒဏ္ရာကို ဘန္ေကာက္မွာ ကုသမႈခံယူေနလုိ႔ ခ်စ္သူမ်ားေန႔ ေဖ်ာ္ေျဖပြဲမႏႊဲႏိုင္ေတာ့တဲ့ Bobby Soxer

OMCTC

Leave a Comment