0
76
၂မိနစ်အတွင်း သင့်ခန္ဓာကိုယ်ကို ပါးလျစေပြီး ကြည့်ကောင်းစေမယ့် နည်းလမ်းလေးတွေ
-Advertisement-
#Lifestyle_Myanmar
#TB_Nandar
Unicode
လူတိုင်းလေ့လာထားသင့်တဲ့ ၀တ်စုံဝတ်ဆင်ခြင်းနှင့် ပတ်သတ်တဲ့စည်းမျဉ်းများ
အဝတ်အစားတွေက ကျွန်တော်တို့ပုံရိပ်ရဲ့ အရေးပါဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် တစ်ယောက်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံဖို့သွားတဲ့အခါ အဝတ်အစား ၀တ်ဆင်ထားပုံနှင့် ပတ်သတ်သော ဘယ်အားနည်းချက်မဆို သတိပြုမိနိုင်ပါတယ်။ အလုပ်အင်တာဗျုးတွေ သွားတဲ့အခါ ပိုပြီး အရေးကြီးပါတယ်။ ဒါ့ကြောင့် အချိန်တိုင်းမှာ ပြည့်စုံကြည့်ကောင်းနေစေဖိို့ ကူညီပေးလိမ့်မယ့် အဝတ်အစား ၀တ်ဆင်ခြင်းနှင့် ပတ်သတ်သော အခြေခံအကျဆုံး စည်းမျဉ်းစည်းကမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အပေါ်ကုတ်အကျီ င်္ဝတ်ဆင်တဲ့အခါ ကြယ်သီး တစ်လုံးတည်းပါလျှင် အမြဲတမ်း တပ်ထားသင့်ပါတယ်။ ကြယ်သီး၂လုံးပါတဲ့အခါ အပေါ်ကြယ်သီးကို တပ်ထားသင့်ပြီး အောက်ကြယ်သီးကို ဖြုတ်ထားပါ။ ကြယ်သီး ၃လုံးပါရင်တော့ အပေါ်ကြယ်သီးက ကိုယ်စိတ်အခြေအနေပေါ် မှုတည်ပါတယ်။ အောက်ဆုံးကြယ်သီးကတော့ မတပ်ရပါဘူး။
၂။ ရှပ်အကျီ င်္သို့မဟုတ် ဘလောက်အကျီ င်္ကို ၀တ်ဆင်တဲ့အခါ ကြယ်သီး ၂လုံးထက်ပိုပြီး မဖြုတ်ထားပါနဲ့။
၃။လက်ဝတ်ရတနာ ၀တ်ဆင်တဲ့အခါ တစ်ကိုယ်ဆင်စာ အကုန်လုံး မဝတ်ဆင်သင့်ပါဘူး။ သင့်ရဲ့ လက်ကောက်နှင့် လိုက်ဖက်အောင် နားဆွဲတွေကို ၀တ်ဆင်ပါ။ လည်ဆွဲ ဆွဲထားရင် လက်စွပ်ဝတ်ထားတာက သင့်ကို ပိုကြည့်ကောင်းစေပါလိမ့်မယ်။ ၃၊ ၄ခု ၀တ်ထားတာက အရမ်းများလွန်းပါတယ်။
၄။ လည်စည်း စည်းတဲ့အခါ သင့်ရဲ့လည်စည်းထိပ်ဖျားက ခါးနားကို ရောက်ရှိနေသင့်ပါတယ်။ လည်စည်း ထိပ်ဖျားက အနည်းငယ် တိုလွန်းခြင်း ၊ရှည်လွန်းခြင်း မဖြစ်သင့်ပါဘူး။
၅။ ဂါ၀န် ၀တ်ဆင်တဲ့အခါ လည်ဟိုက်လွန်းခြင်း ၊ စကပ်အရမ်းတိုလွန်းခြင်း မဖြစ်သင့်ပါဘူး။လည်ဟိုက် ၀တ်ဆင်မယ်ဆို ဂါ၀န်အရှည်ကိုသာ ၀တ်ဆင်သင့်ပြီး ဂါ၀န်အတိုဆို လည်မဟိုက်တာ ဖြစ်ရပါမယ်။ အကျီ င်္ကလည်ဟိုက်လွန်းပြီး အရမ်းတိုနေရင်တော့ ကြည့်ရတာ ရိုင်းစေပါတယ်။
၆။ အပေါ်ကုတ်အကျီ င်္မပါဘဲ ရှပ်တစ်ထည်တည်းကို ၀တ်ဆင်မယ်ဆိုလျှင် လည်စည်း စည်းဖို့ မလိုပါဘူး။
၇။ သင့်ရုံးရှပ်အကျီ င်္လည်အဟိုက်က သင့်ညှပ်ရိုးကနေ 4″ထက် ပိုမဟိုက်သင့်ပါဘူး။
၈။ ရှပ်အကျီ င်္ကို ဘောင်းဘီထဲ ထည့်ဝတ်တတ်သူဖြစ်လျှင် ခါးပတ် ၀တ်ဆင်ဖို့ လိုပါတယ်။
၉။ သင့်ခါးပတ်နှင့် ဖိနပ်အရောင်က တူညီတဲ့အရောင်ဖြစ်သင့်ပါတယ်။
၁၀။ အဝတ်အစားပေါ်က မြင်ရသမျှ တံဆိပ်တွေကို ဖြုတ်ထားသင့်ပါတယ်။
၁၁။ ဒီဇိုင်းအဆင်များလွန်းတာကို မဝတ်ဆင်ပါနဲ့။ အရောင်တူကို ဒီဇိုင်းအဆင်၂မျိုးမတူတာ သို့မဟုတ် ဒီဇိုင်းအဆင် အရွယ်အစားမတူတာကို ညှိပြီး ၀တ်ဆင်နိုင်ပါတယ်။
၁၂။ ခြေအိတ် ၀တ်ဆင်တဲ့အခါ ခြေအိတ်က လုံလောက်တဲ့အရှည်ရှိရပါမယ်။
#Lifestyle_Myanmar
#TB_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here