25 C
Yangon
May 25, 2018
  • Home
  • Technology
  • Mobile Phone Review
  • လာမည့် ၂၀၁၈ မှာ ထွက်ပေါ်လာမဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး OnePlus 6 ရဲ့ အသေးစိတ်အချက်အလက်များ
Mobile Phone Review

လာမည့် ၂၀၁၈ မှာ ထွက်ပေါ်လာမဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး OnePlus 6 ရဲ့ အသေးစိတ်အချက်အလက်များ

OnePlus 6 စမတ်ဖုန်းကို လာမည့် ၂၀၁၈ မှာ မိတ်ဆက်ပြသမှာဖြစ်ပြီး ယခုအချိန်မှာတော့ concept အဆင့်သာရှိပါသေးတယ်။ ၎င်းမှာ ပါဝင်တဲ့ အသေးစိတ်အချက်လက်တွေက စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပြီးတကယ့်ကို အားရကျေနပ်စရာပါ။ OnePlus 6 ရဲ့ မျက်နှာပြင်အရွယ်အစားးဟာ ၅.၅လက်မအရွယ်ရှိပြီး AMOLED Display ကို အသုံးပြုထားပါတယ်။ Display မျက်နှာပြင်ဟာ အပြည့်ဖြစ်ပြီး ဘေးဘက်မှာ Bezel ဘောင်မပါဝင်ပါဘူး။ ဒါ့အပြင် Display မျက်နှာပြင်ရဲ့ အောက်မှာ FingerPrint Scanner ကို မြှုပ်နှံထားပါတယ်။

ကင်မရာအပိုင်းမှာတော့ အရှေ့ဘက်မှာ 16MP ရှိတဲ့ Dual ကင်မရာနဲ့ ကျောဘက်မှာ Dual-LED Flash နဲ့အတူ 25MP ရှိတဲ့ Dual ကင်မရာ စုစုပေါင်း ကင်မရာ ၄လုံးကို တပ်ဆင်ထားပါတယ်။ RAM 8GB ပါဝင်မှာဖြစ်ပြီး Internal Storage ကတော့ 32GB, 128GB နဲ့ 256GB ဆိုပြီး သုံးမျိုး သုံးစားရရှိမှာဖြစ်ပါတယ်။

Samsung က ၁၂သိန်းခွဲဝန်းကျင်ရှိတဲ့ Galaxy Note 8 ကို တရားဝင်ကြေညာ

IP68 Certified ရရှိထားတာကြောင့် ဖုံမှုန်နဲ့ ရေစိုခံနိုင်မှုရှိပါတယ်။ ဘက်ထရီကို 4000mAh အသုံးပြုထားပြီး ကြိုးမဲ့အားသွင်းစနစ်လဲပါဝင်မှာဖြစ်ပါတယ်။ Version ကိုတော့ Oxygen OS နဲ့အတူ Android 8.0 Oreo ဖြင့် run ထားမှာဖြစ်ပါတယ်။ ရွှေရောင်၊ ပုလဲရောင် နဲ့ အနက်ရောင် ဆိုပြီး ကာလာသုံးမျိုး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Ref – Tech Viral
#Thar_Nage

Related posts

Dual ကင်မရာနဲ့ နောက်ဆုံးပေါ် Helio X30 SoC  ကိုအသုံးပြုထားတဲ့ Meizu Pro 7 စမတ်ဖုန်း

Kyaw Htike Aung

မျက်နှာပြင်အရွယ်အစား 6inch, RAM 6GB နဲ့ 6020mAh ဘက်ထရီပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Gionee M6S Plus စမတ်ဖုန်းသစ် ထွက်ပေါ်

Kyaw Htike Aung

Onboard Storage 128GB ရှိတဲ့ Glaxy C9 Pro မူကွဲ စမတ်ဖုန်းကို ထုတ်လုပ်

Kyaw Htike Aung

Leave a Comment