0
37
-Advertisement-
အရိုးရှင်းဆုံးနည်းလမ်းတစ်ခုက ခွက်တစ်ခုထဲမှာ လက်သည်းနီနှင့် ပြောင်းမှုန့်ကို ဆတူရောမွှေပြီး ဆိုးပေးပါ။
#Lifestyle_Myanmar
#TB_Nandar
Unicode
လက်သည်းအလှ ပုံဖော်ချင်သူတွေအတွက် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေ
လက်သည်းပုံဖော်ရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေတွေအတွက် ဆိုင်မှာပိုက်ဆံအကုန်ခံပြီးသွားလုပ်စရာမလိုဘဲ အိမ်မှာ မိမိဘာသာ ဖန်တီးချယ်သနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပရော်ဖက်ရှင်နယ်မဟုတ်တာကြောင့် ခုမှစပြီး လက်သည်းပုံဖော်ကြည့်မယ့် ပျိုမေတွေအတွက် လွယ်ကူမယ့် နည်းလမ်းလေးတွေပါ။
၁။ အကွေ့အကောက်လေးတွေ ဖန်တီးမယ်
အကွေ့အကောက်လေးတွေ၊ အစင်းကျားလေးတွေ ဖန်တီးချင်ရင်တော့ cello တိပ်အကြည်လေးကို အသုံးပြုပေးပါ။ပြီးပြည့်စုံတဲ့အစင်းကြောင်းလေးတွေကို ဖန်တီးဖို့ အရမ်းရိုးရှင်းတဲ့ နည်းလမ်းလေးပါ။
၂။ ဇာလက်သည်းလေး ဖန်တီးမယ်
ဇာအပွင့်လေးတွေကို မိမိလိုချင်သလောက် ညှပ်ထားပါ။ ပထမဆုံး လက်သည်းပေါ်မှာ Base Coatအရင်ဆိုးပြီး လက်သည်းနီ အနက်ရောင်လေးဆိုးပေးပါ။ ပြီးမှာ ညှပ်ထားတဲ့ ဇာပွင့်လေးတွေကိုကပ်ပေးပါ။ လက်သည်းပေါ်ကို ဖိဖို့ သွားကြားထိုးတံကို သုံးပါ။ လက်သညး်နီခြောက်သွားပြီ ဆိုရင် Top coat အကြည်ရောင်လေး အပေါ်ကဆိုးပေးပါ။
၃။ လက်သည်းအစင်းဒီဇိုင်းလေးတွေ ဖန်တီးမယ်
အစင်းကြား ဒီဇိုင်းဖန်တီးဖို့ (fan brush)ယပ်တောင်လို ဘရပ်လေးရှိဖို့လိုပါတယ်။ ပထမဆုံး သင့်လက်သည်းပေါ်မှာ သင်နှစ်သက်တဲ့အရောင်ဆိုးပါ။ ခပ်ပါးပါးအစင်းကြောင်းလေးတွေဖန်တီးဖို့ ကိုယ်ဆိုးချင်တဲ့ အရောင်သုံးရောင်ကို ကော်ပြား သို့မဟုတ် ခွက်တစ်ခုထဲမှာ ပုံထားပါ။ လက်သည်းနီကို ဘရပ်အဖျားလေးတွေနဲ့တို့ပြီး သင့်လက်သည်းပေါ်မှာ အလျားအတိုင်း ဆွဲပေးပါ။ စိတ်တိုင်းကျသွားပြီဆိုရင် အခြောက်ခံပြီး Top coat အကြည်လေးဆိုးပေးပါ။
၄။ အစက်လေးတွေဖန်တီးဖို့ ညှပ်ကလစ်ကို အသုံးပြုမယ်
ချစ်စရာကောင်းတဲ့ အစက်အပြောက်လေးတွေဖန်တီးဖို့ ပထမဆံးလက်သည်းပေါ်မှာ ကိုယ့်စိတ်ကြိုက်အရောင်လေးတစ်ရောင်ဆိုးပေးပါ။ နောက်အရောင်တစ်ရောင်နဲ့ ကလစ်အသေးလေး သို့မဟုတ် သွားကြားထိုးတံကို အသုံးပြုပြီး အစက်အပြောက်လေးတွေ ဖန်တီးပါ။
၅။ မြွေအရေခွံဒီဇိုင်းဖန်တီးမယ်
မြွေအရေခွံဒီဇိုင်းလေး ဖန်တီးဖို့ ပထမဆုံး ကိုယ့်စိတ်ကြိုက်အရောင်တစ်ရောင်ဆိုးပေးပါ။ ရေချိုးတဲ့အခါ သုံးတဲ့ loofah ကို တစ်ပိုင်းလောက်ညှပ်ပြီး လက်သည်းပေါ်မှာ ခပ်တင်းတင်း အုပ်ပေးပါ။ တခြားအရောင်နဲ့ ရေမြုပ်ကိုသုံးပြီး ပါးပါးလေးတို့ပေးပါ။
၆။ အနာကပ်ပလာစတာနှင့် အစက်အပြောက်သေးသေးလေးတွေ ဖန်တီးမယ်
အနာကပ်ပလာစတာအပေါက်လေးတွေပါတဲ့ အပိုင်းကိုယူပြီး သင့်လက်သည်းပေါ်မှာ ကပ်ပါ။ အပေါ်ကနေ လက်သည်းနီခြယ်ပေးပြီး ခြောက်သွေ့သွားတဲ့အခါ ခွာလိုက်ပါ။
၇။ သင့်လက်သည်းနီကို matte အဖြစ် ပြောင်းလဲချင်ရင်
အရိုးရှင်းဆုံးနညး်လမ်းတစ်ခုက ခွက်တစ်ခုထဲမှာ လက်သည်းနီနှင့် ပြောင်းမှုန့်ကို ဆတူရောမွှေပြီး ဆိုးပေးပါ။
#Lifestyle_Myanmar
#TB_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here