
0
12





#Lifestyle_Myanmar
#TB_Nandar

Unicode

လက်ထပ်ပြီး ကလေးတစ်ယောက်တောင် ရနေပြီဆိုတဲ့ F4 မင်းသား ဆောင်းဝူဘင်း
Boys Over Flowers(F4)ဇာတ်ကားထဲမှာ ဆောင်းဝူဘင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ F4မင်းသားကင်ဂျွန်းဟာ 2015 ခုနှစ်ထဲက သူတိတ်တဆိတ် လက်ထပ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို ထုတ်ဖော်ပြောတဲ့အခါ ပရိတ်သတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ ကင်မ်ဂျွန်သည် သူနဲ့ အသက်တူရုံးဝန်ထမ်းတစ်ယောက်နဲ့ 2015မှာ လက်ထက်ခဲ့ပြီး ခုဆိုရင် ကလေးတစ်ယောက်အဖေဖြစ်နေပြီဆိုတဲ့ အကြောင်းကို llgan အားကစားမှတဆင့် ကြေညာခဲ့ပါတယ်။


“ကျွန်တော် လွန်ခဲ့တဲ့ ၃နှစ်လောက်က လက်ထပ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ မင်္ဂလာဆောင်အကြောင်းကို ဘယ်ဆောင်းပါးတွေကမှ မဖော်ပြခဲ့တာကြောင့် အနီးနားကလူလောက်သာ သိခဲ့ကြပါတယ်။ ကျွန်တော်ဇနီးနဲ့ ပထမဆုံးတွေ့ဆုံခဲ့တာတော့ debut မလုပ်ခင် လွန်ခဲ့တဲ့ ၉နှစ် လောက်ကပါ။ ကျွန်တော် အခုကလေးတစ်ယောက် အဖေလည်းဖြစ်နေပါပြီ” လို့ ကင်မ်ဂျွန်းက ဆိုပါတယ်။


ကင်မ်ဂျွန်းသည် 2009ခုနှစ်တွင် f4လို့ သိကြတဲ့ Boys Over Flowers ဒရမ်မာကားဖြင့် KBS2 မှာ သူ့ရဲ့ပွဲဦးထွက်ကို ပြုလုပ်ခဲ့တာပါ။ သူဟာ ဒရမ်မာကားရဲ့ အထင်ကရ theme song ဖြစ်တဲ့ “Paradise” ကိုသီဆိုခဲ့တဲ့ T-Max ဂီတအဖွဲ့ရဲ့ တစ်စိတ်တပိုင်းလည်း ဖြစ်ခဲ့ပါတယ်။ ထိုအချိန်ကတည်းက သူဟာ KBSရဲ့ Detectives in Trouble ဒရမ်မာကားနှင် ့SBS ရဲ့Endless Love မှာ သရုပ်ဆောင်ခဲ့ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here