25 C
Yangon
May 25, 2018
  • Home
  • News
  • International News
  • ရုရှားအပျော်တမ်း စွန့်စားသူတစ်ယောက်သည် သူ၏၂နှစ်အရွယ်ကလေးရဲ့အသက်ကို အကြိမ်ပေါင်းများစွာ စွန့်စားမှုပြုလုပ်ခဲ့တာကြောင့် ထောင်ဒဏ် ၃နှစ်ရင်ဆိုင်နေရ
International News

ရုရှားအပျော်တမ်း စွန့်စားသူတစ်ယောက်သည် သူ၏၂နှစ်အရွယ်ကလေးရဲ့အသက်ကို အကြိမ်ပေါင်းများစွာ စွန့်စားမှုပြုလုပ်ခဲ့တာကြောင့် ထောင်ဒဏ် ၃နှစ်ရင်ဆိုင်နေရ

ရုရှားအပျော်တမ်း

သားသမီးတွေကို ယုံကြည်မှုဘယ်လိုရရှိအောင် သင်ကြားနည်းတွေ များစွာရှိသော်လည်း ရုရှားအပျော်တမ်း စွန့်စားသူတစ်ယောက်က စွန့်စွန့်စားစားဓါတ်ပုံတွေ ရိုက်ကူးဖို့အတွက် သူ့သမီးရဲ့အသက်ကို စွန့်စားမှုမှာ ပြုလုပ်ခြင်းဖြင့် အစွန်းရောက်ခဲ့ပါတယ်။ သူရဲ့အန္တရာယ်ရှိတဲ့ လုပ်ရပ်များကို မကြာမီမှာ ရဲတွေရဲ့ အာရုံစိုက်မှု၊ လူတွေရဲ့ဝေဖန်မှုကို ရရှိခဲ့ပါတယ်။

မသန်စွမ်းသမီးကိုခေါ်ပြီး တစ်ညလုံး ကာစီနိုမှာ လောင်းကစားလုပ်နေတဲ့ မိခင်

ဆိုက်ဘေးရီးယားက ၃၁နှစ်အရွယ် Roman Afanasyev သည် 2015မှာမွေးဖွားခဲ့တဲ့ သမီးအကြီးကို ကားပြတင်းပေါက်အပြင်ဘက်ကို ထုတ်ပြီးကိုင်ထားတာ၊ မြင့်မားတဲ့ အဆောက်အဦးခေါင်မိုးအစွန်းကနေ ကလေးကို စောက်ထိုးတွဲလောင်း လုပ်ထားတဲ့အတွက် ထောင်ဒဏ်၃နှစ်ကျခံရဖို့ ရင်ဆိုင်နေရတယ်လို့ The Siberian Times သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူရဲ့လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးမှု ရင်ဆိုင်ခဲ့ရတာအခါ သူ့သမီးကို အသုံးချခဲ့တာကို ငြင်းဆိုခဲ့ပြီး အရုပ်တစ်ရုပ်ဖြစ်တယ်လို့ အစပိုင်းမှာ လိမ်ညာခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မတီက သက်သေအထောက်အထားများ ပြခဲ့တဲ့အတွက် သူ့လုပ်ရပ်ကို ၀န်ခံခဲ့ပါတယ်။

သူက သူ့လုပ်ရပ်များကို မရှင်းပြပေမယ့် သူကအရာအားလုံးကို ထိန်းချုပ်ထားခြင်းနှင့် စွန့်စားမှုမှာ ကလေးကို အသုံးမချခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ ထိုသူနှင့် သူ့ဇနီး (Kristina) ကသမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပါတယ်။ အဆိုပါဓါတ်ပုံများကို 2016မှာရိုက်ကူးခဲ့ပါတယ်။ အငယ်ဆုံးသမီးကို 2017မှာမွေးဖွားခဲ့တယ်လို့ Shimanskaya ကပြောပါတယ်။

သူက သူ့သားသမီးတွေကို ပြုစုပျိုးထောင်ချင်တာကြောင့် ငယ်စဉ်ကလေးဘ၀ထဲက ဘယ်အရာမှ မကြောက်ရွံအောင် သူတို့ကိုသွင်သင်ခဲ့တယ်လို့ သူ့မိတ်ဆွေတစ်ဦးက သူ့လုပ်ရပ်များနှင့် ပတ်သတ်ပြီး ပြောပါတယ်။ သူသည်ဒီရာဇ၀တ်မှုအတွက် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် သုံးနှစ်ရင်ဆိုင်ရနိုင်ဖွယ် ရှိပါတယ်။


#TB_Nandar
Source-ntd.tv

Related posts

ကိုရီးယား ဒရမ်မာကားတွေကြောင့် တောင်ကိုရီးယားကိုခွဲထွက်လာတဲ့ မြောက်ကိုရီးယားစစ်သား

Nandar Lwin

မန်ချက်စတာတိုက်ခိုက်မှု ကျူးလွန်သူ အကြမ်းဖက်ကွန်ရက်တခုနှင့် ချိတ်ဆက်နေဟု ဗြိတိန်ရဲတပ်ဖွဲ့ ပြော

Nandar Lwin

အင်တာနက်မှာ နာမည်ကြီးနေတဲ့ ဗီယမ်နမ်နိုင်ငံက သခင်နှင့်အတူ ငါးရောင်းနေတဲ့ ကြောင်လေးရဲ့ချစ်စဖွယ်ပုံများ

Naung Naung

Leave a Comment