ရုပ်ခြင်းဆင်ကြသော်လည်း သွေးသားမတော်စပ်ကြတဲ့ ကိုရီးယားအနုပညာရှင်များ

0
26

ဒီတူညီတဲ့ မျက်နှာတွေကို ကြည့်ရင် မွေးချင်းမောင်နှမတွေလို့ ထင်မိနိုင်ပါတယ်။ ဒါပေမယ့် များစွာသော ဒီကိုရီးယားအနုပညာရှင်များဟာ မျက်နှာအသွင်အပြင်ခြင်း ခွဲမရအောင် တူညီကြသော်လည်း သွေးသားတော်စပ်ခြင်း မရှိကြပါဘူး။ သူတို့က ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
၁။ Seo In Guk နှင့် Yook Sung Jae BTOB

-Advertisement-


Seo In Guk နှင့် Yook Sung Jae တို့ဟာရုပ်ခြင်းဆင်တူကြပါတယ်။ သူတို့ နှစ်ယောက်စလုံးသည် သရုပ်ဆောင်မဖြစ်ခင်က Idols တွေအဖြစ် စတင်ခဲ့ပါတယ်။ Yook Sung Jae aနှင့် Seo In Guk တို့ဟာ ညီအစ်ကိုတွေလို ရုပ်ခြင်းဆင်ကြသော်လည်း သူတို့သည် သွေးသားတော်စပ်ခြင်းမရှိပါဘူး။
၂။ K-WILL နှင့် Daesung Bigbang


K-WILL နှင့် Bigbang အဖွဲ့ဝင် Daesung တို့နှစ်ယောက်စလုံးဟာ သူတို့ ရုပ်ခြင်းဆင်တာကို အသိအမှတ်ပြုခဲ့ပါတယ်။ Dae Sungက K-Will ကိုသူမြင်တဲ့အချိန်က မှန်ထဲမှာ မြင်နေရသလိုတောင် ခံစားရတယ်လို့ ဆိုပါတယ်။
၃။ SNSDအဖွဲ့ဝင် Yoona နှင့် f(x)အဖွဲ့ဝင်Krystal


အေဂျင်စီတစ်ခုထဲကလာတဲ့ Yoona နှင့် Krystal တို့ဟာ ရုပ်ခြင်းဆင်ကြပါတယ်။ Krystal မှာ SNSDအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျက်စီကာဆိုတဲ့ အစ်မပဲရှိပါတယ်။
၎။ Bigbangအဖွဲ့ဝင် G-Dragon နှင့် Winner အဖွဲ့ဝင် Mino


Bigbangအဖွဲ့ဝင် G-Dragon နှင့် Winner အဖွဲ့ဝင် Mino တို့နှစ်ယောက်ဟာ YG Entertainment လက်အောက်က ဖြစ်ပါတယ်။ နှစ်ယောက်စလုံးသည် မတူတဲ့ ဆွဲဆောင်မှုနှင့်အတူ ရုပ်ချင်းဆင်တူကြပေမယ့် သူတို့နှစ်ယောက်လုံးဟာ သွေးသားတော်စပ်ခြင်း မရှိပါဘူး။
၅။ Song Joong Ki နှင့် Onew Shinee


Onew ဟာ DOTS မှာ ဆောင်းဂျွန်ကီနဲ့အတူ သရုပ်ဆောင်ခဲ့ပြီးနောက် ပရိတ်သတ်များက သူတို့နှစ်ယောက် ရုပ်ချင်းဆင်ကြတယ်လို့ သဘောတူညီခဲ့ပါတယ်။
၆။ Yeo Jin Goo နှင့် Kim Min Jae


Yeo Jin Goo နှင့် Kim Min Jae တို့ဟာ ရုပ်ချင်းဆင်တူယုံသာမက အသံကျယ်တာလည်း တူတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Yeo Jin Goo နှင့် Kim Min Jaeတို့ဟာ တခါတရံ ဆံပင်စတိုင်တောင် သွားတူပါသေးတယ်။
၇။ Kim Dong Jun နှင့် Han Ga In


သူတို့နှစ်ယောက်ဟာ မောင်နှမတွေလို့ ပြောရင်ယုံနိုင်စရာရှိပါတယ်။ ZE: A မှ Kim Dong Jun နှင့် Han Ga In တို့သည် ဒီလောက်ရုပ်ချင်းဆင်နေတာ အံ့သြစရာတော့ကောင်းပါတယ်။ လိင်မတူသော်လည်း သူတို့ရဲ့ရုပ်ရည်နှင့် အမှုအယာတွေက ဆင်တူနေတာကို တွေ့နိုင်ပါတယ်။
၈။ Yoon Eun Hye နှင့် Park Shin Hye


Yoon Eun Hye နှင့် Park Shin Hyeတို့နှစ်ယောက်စလုံးက လှပတဲ့ မင်းသမီးတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အရည်အချင်းရှိတဲ့ မင်းသမီးတွေဖြစ်ပြီး နှစ်ယောက်စလုံးက ယောက်ကျားလေးဇာတ်ကောင်အဖြစ်လည်း သရုပ်ဆောင်ခဲ့ဘူးပါတယ်။
၉။ Lee Dong Gun နှင့် Jung Yong Hwa CNBLUE


တစ်ယောက်က သရုပ်ဆောင်ဖြစ်ပြီး တခြားတစ်ယောက်တော့ CN Blue ကအဆိုတော်ဖြစ်ပါတယ်။ Lee Dong Gun နှင့် Jung Yong Hwa တို့နှစ်ယောက်ဟာ ခွဲမရအောင် ရုပ်ချင်းဆင်နေတာကို တွေ့နိုင်ပါတယ်။
၁၀။ Jung Il Woo နှင့် Yoon Si Yoon


Jung Il Woo နှင့် Yoon Si Yoonတို့ဟာ ရုပ်ချင်းဆင်သလို ဆံပင်ပုံစံတွေည်း တူညီကြပါတယ်။ သူတို့ရဲ့မျက်လုံးတွေဟာ ကြည်လင်နေတာတောင် သွားတူနေပါသေးတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-my.castko

LEAVE A REPLY

Please enter your comment!
Please enter your name here