30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ရင့်ကျက်တဲ့ အမျိုးသမီးတွေအတွက် မိတ်ကပ်လိမ်းတဲ့အခါ ရှောင်ကြဉ်ရမယ့် လိမ်းချယ်မှု အမှားလေးတွေ
Health & Beauty

ရင့်ကျက်တဲ့ အမျိုးသမီးတွေအတွက် မိတ်ကပ်လိမ်းတဲ့အခါ ရှောင်ကြဉ်ရမယ့် လိမ်းချယ်မှု အမှားလေးတွေ

ရင့်ကျက်တဲ့ အမျိုးသမီးတွေအတွက်

၁။ ကွန်ဆီလာအထူကြီးလိမ်းတာ

မိတ်ကပ်ထူထူလိမ်းတာက သင့်ကို အသက်၂ဆလောက်ရင့်သွားစေပါတယ်။ mineral micropigments နှင့် အစိုဓါတ်ထိန်းခရမ်ရဲ့(၆၀-၇၅%) အမြင့်ဆုံးရာခိုင်နှုန်း ပါဝင်တဲ့ light ဖော်မြူလာနှင့်အတူ ကွန်ဆီလာကို ရွေးချယ်တာက ပိုကောင်းပါတယ်။ ခရမ်ကို လိမ်းပြီးနောက် အရေးအကြောင်းတွေ ရှိတဲ့နေရာမှာ ပိုလျှံနေတာတွေကို ရေမြှုပ်နဲ့ ဖယ်ရှားပါ။ ပိုလျှံတာက အမြဲတမ်း မကောင်းဘူးဆိုတာ သတိရပါ။

မျက်တောင်ကော့တဲ့အခါ ပြုလုပ်မိတတ်ကြတဲ့ အကြီးမားဆုံး အမှား ၇ခု

၂။ အရမ်းလင်းလွန်းတဲ့ ကွန်ဆီလာ

သင့်ရဲ့ကွန်ဆီလာက အသားအရောင်ထက် အများကြီး ပိုလင်းလွန်းလျှင် သင့်အရေးအကြောင်းတွေကို ထင်ရှားစေပြီး မိတ်ကပ်အသားအရောင်နှင့် ကွန်ဆီလာလိမ်းတဲ့နေရာက တစ်ရောင်စီဖြစ်နေပြီး ကြည့်ရဆိုးစေပါတယ်။ ဒါ့ကြောင့် သင့်မျက်နှာအရောင်က ဆင်စွယ်ရောင် ဖြစ်နေရင် သင့်အသားအရောင်ထက် အနည်းငယ်ရင့်တဲ့ကွန်ဆီလာကို ၀ယ်ယူပါ။ ဒါက အလင်းပြန်တာ ပါဝင်တဲ့ အလှကုန်ပစ္စည်းကို ရွေးချယ်ဖို့ ပိုနှစ်သက်တာဖြစ်ပါတယ်။

၃။ မှန်ကန်သော ကွန်ဆီလာ

မျက်ကွင်းညိုတာက အမြဲတမ်း ပြဿနာတစ်ခုဖြစ်ပါတယ်။ မျက်ကွင်းညိုနေရင် အသက်နည်းနည်းကြီးတယ်လို့ ထင်ရစေပါတယ်။ ဒီမျက်ကွင်းညိုတာကို ဖယ်ရှားပစ်ချင်တယ်ဆိုရင် မှန်ကန်တဲ့ ကွန်ဆီလာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့နှင့် အရေပြားရဲ့အပြစ်အနာအဆာများကို ဖုံးကွယ်ဖို့ သင့်အသားအရေရဲ့မျက်နှာပြင်အရောင်နှင့် ကွန်ဆီလာက လုံးဝကို လိုက်လျောညီထွေဖြစ်ဖို့လိုပါတယ်။

၎။ ပေါင်ဒါအလွန်အကျွံသုံးခြင်း

အသက်ကြီးတဲ့ အမျိုးသမီးတွေက ပိုမိုဆင်ခြင်ပြီး ပေါင်ဒါကို အသုံးပြုသင့်ပါတယ်။ ပေါင်ဒါတအားများသွားရင် အရေးအကြောင်းတွေကို ပေါ်လွင်စေပါတယ်။ အသက်၄၀ကျော်ရင် T-Zone ပေါ်မှာသာ ပေါင်ဒါကို လိမ်းတာက ပိုကောင်းပါတယ်။ ဒါ့အပြင် သင့်မျက်နှာမိတ်ကပ်အတွက် မှန်ကန်စွာ ပြင်ဆင်တတ်ဖို့က အရေးကြီးသလို သင့်အသားအရေသန့်ရှင်းဖို့ ကိုလည်း ကောင်းမွန်တဲ့ နေ့စဉ်ဂရုစိုက်မှု ပြုလုပ်ပေးသင့်ပါတယ်။

၅။ အောက်မျက်တောင်ပေါ်မှာ မျက်တောင်ကော့ဆေးဆိုးခြင်း

မျက်တောင်ကော့ဆေးကို အောက်မျက်တောင်တွေကို အရမ်းထင်းထင်းကြီးဆိုးတာက မျက်လုံးတ၀ိုက်က အရေးအကြောင်းတွေကို ပိုပြီးပေါ်လွင်စေပါတယ်။ အကောင်းဆုံးကတော့ အထက်မျက်တောင်များကို မျက်တောင်ကော့ဆေးထူထူ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒါကဖြူတဲ့သူတွေကို ပိုတောက်ပစေပြီး မျက်ဝန်းကို ကျယ်စေပါလိမ့်မယ်။

၆။ အောက်မျက်ခမ်းပေါ်မှာ အိုင်းလိုင်နာဆိုးခြင်း

အောက်မျက်ခမ်းပေါ်မှာ အိုင်းလိုင်နာ ထင်းထင်းကြီးဆိုးတာက မျက်ကွင်းညိုတာကို ပိုထင်ရှားစေပြီး မျက်ဝန်းအရွယ်အစားကို လျော့ကျစေပါတယ်။ အကောင်းဆုံးကတော့ အပေါ်မျက်ခွံမှာပဲ ဆိုးပါ။

၇။ နှုတ်ခမ်းနီ

အသက်အရွယ်ကြီးလာတာနဲ့အမျှ သဘာဝနှုတ်ခမ်းလိုင်းတွေက ရှင်းလင်းပြတ်သားမှု လျော့နည်းလာပါတယ်။ သင်နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းလိုင်းကိုကျော်ပြီး ဆိုးမိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအမှားကို တားဆီးဖို့ Lip Linerကို သင့်နှုတ်ခမ်းနီရဲ့အရောင်နှင့် အနီးစပ်ဆုံးအရောင်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။

၈။ တောက်ပတဲ့ နှုတ်ခမ်းနီ

တောက်ပပြီး မှောင်ရိပ်သန်းတဲ့အရောင်၊ သို့ metallic အရောင်တွေက သင့်နှုတ်ခမ်းတွေကို ပိုပါးလွှာစေဖို့ အကောင်းဆုံးရွေးချယ်မှု မဟုတ်ပေမယ့် ဒါက အမျိုးသမီးအားလုံးကို မဆိုလိုပါဘူး။ ပိုကောင်းတာက ကြားနေအရောင်နှင့် ကိုယ်နဲ့လိုက်ဖက်မယ့် သဘာဝအရောင်ပြေးကို ရွေးချယ်ပါ။ နှုတ်ခမ်းသား ဖူးဖူးလေးဖြစ်အောင် အောက်နှုတ်ခမ်း ကို Lip Gloss လေးသုံးနိုင်ပါတယ်။


#Lifestyle_ Myanmar
#TB_Nandar
Source-fabiosa

Related posts

ပျိုမေတို့အတွက် အလှအပနှင့်သက်ဆိုင်တဲ့ နည်းလမ်းများနှင့် လှို့ဝှက်ချက်များ

Nandar Lwin

နှင်းဆီးပွင့်ဖတ်လေးများကို အလှအပအတွက်ကောင်းစွာအသုံးချနိုင်

OMCTC

ကျန်းမာရေးကို ထိခိုက်စေတဲ့ ပြန်နွှေးမစားသင့်တဲ့ အစားအစာများ

Nandar Lwin

Leave a Comment