31 C
Yangon
June 24, 2018
  • Home
  • Uncategorized
Uncategorized


Gionee M6S Plus


Ref-Rayarena

#Thar_Nage



Unicode

မျက်နှာပြင်အရွယ်အစား 6inch, RAM 6GB နဲ့ 6020mAh ဘက်ထရီပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Gionee M6S Plus စမတ်ဖုန်းသစ် ထွက်ပေါ်
Gionee ကုမ္ပဏီကနေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံမှာ M6 Plus ကို ထုတ်လုပ်ခဲ့ပြီးတော့ ယခုအခါမှာတော့ Gionee M6S Plus စမတ်ဖုန်းအသစ်ကို မိတ်ဆက်ပြသထားခဲ့ပါတယ်။ ဒီစမတ်ဖုန်းဟာဆိုရင် resolution 1920 x 1080 pixel နဲ့ မျက်နှာပြင်အရွယ်အစား 6inch ရှိတဲ့ Full HD AMOLED 2.5D ဖန်ကျွေး မျက်နှာပြင်ကို တပ်ဆင်ထားပါတယ်။ RAM 6GB နဲ့အတူ Adreno 510 GPU ပါဝင်ပြီး Octa core Snapdragon 653 Processor ဖြင့် မောင်းနှင်ထားပါတယ်။ ဒီ Device ကိုတော့ Storage 64GB နဲ့ 256GB ဆိုပြီးတော့ မျိုးကွဲမော်ဒယ်နှစ်မျိုးထုတ်လုပ်ထားပါတယ်။ microSD ကဒ်ကိုလည်း 256GB ထိ တိုးမြှင့် အသုံးပြုနိုင်ပါတယ်။ Amigo OS 3.5 နဲ့အတူ Android 6.0 Marshmallow ပေါ်မှာ အခြေခံထားပါတယ်။ M6S Plus မှာ ကျောဘက်ကင်မရာ 12 MP နဲ့ အရှေ့ကင်မရာ 8MP ရှိပါတယ်။ ကျောဘက်ကင်မရာရဲ့ အောက်မှာ fingerprint Sensor ပါဝင်ပြီး 6020mAh ရှိတဲ့ ဘက်ထရီကို တပ်ဆင်အသုံးပြုထားပါတယ်။ ဒီ Device ကို အသုံးပြုသူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို လုံခြုံစေရန်အတွက် encrypted chip ကို ထည့်သွင်းပေးထားပါတယ်။ အဆိုပါ စမတ်ဖုန်းကိုတော့ တရုတ်ဗားရှင်းတစ်မျိုးတည်းသာ ရရှိနိုင်မှာဖြစ်ပါတယ်။
အနက်ရောင်နဲ့ Storage 64GB ရှိတဲ့ မော်ဒယ်ကို 3499 ယွမ် (508 ဒေါ်လာ) နဲ့ ရောင်းချမှာဖြစ်ပြီး 256GB ရှိတဲ့ မျိုးကွဲမော်ဒယ်အမြင့်ကိုတော့ 4299 ယွမ် (625 ဒေါ်လာ) နဲ့ရရှိမှာဖြစ်ပါတယ်။ ဒီမျိုးကွဲမော်ဒယ်နှစ်မျိုးစလုံးကို ယခုအခါမှာ တရုတ်နိုင်ငံမှာကြိုတင်မှာယူနိုင်ပြီး လာမည့်လထဲမှာ တော့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

Related posts

မိုင်းဗုံးရှင်းတဲ့ နည်းပညာ

Kyaw Htike Aung

ထုတ်လုပ်မှုအရှားပါးဆုံးဖြစ်တဲ့ Lamborghini Centenario စူပါကားကို ပထမဦးဆုံး အမေရိကန်နိုင်ငံတွင် ရောင်းချ

Kyaw Htike Aung

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်နေဟု နည်းပြများ သုံးသပ်

OMCTC

Leave a Comment