0
7
၂။ တံတွေးထွေးခြင်း
၃။ ပီကေဝါးခြင်း
၎။ လေလည်ခြင်း
၅။ လေတက်ခြင်း
#Lifestyle_Myanmar
#Thar_Nage
သကြားကို ဘာကြောင့်လျှော့စားသင့်လဲဆိုတဲ့ အကြောင်းရင်း (၇) ချက်
Unicode
မကောင်းဘူးထင်တဲ့ သင့်ရဲ့ အပြုအမူအချို့က ကျန်မာရေးအတွက် အသုံးဝင်တယ်ဆိုတာ
၁။ ရေချိုးရင်း ရှူးရှူးပေါက်ခြင်း
ရေချိုးခန်းမှာ အပေါ့သွားတဲ့လုပ်ရပ်က မသင့်တော်ဘူးဆိုပေမဲ့ ၁၀၀ မှာ ရ၅%လောက်က ဒီလုပ်ရပ်ကို လူဖူးကြလိမ့်မယ်ထင်ပါတယ်။ မသင့်တော်ဘူးဆိုပေမဲ့ အဆိုးထဲက အကောင်းတစ်ခုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကယ်၍သင့်အရေပြားမှာ ပွေးကဲ့သို့ fungal ပိုးကြောင့်ဖြစ်ပေါ်တဲ့ မှိုစွဲခြင်း၊ ယာယံခြင်းအနာဖြစ်ပေါ်နေလျှင် ဆီးမှာပါဝင်တဲ့ ယူရစ်အက်ဆစ်ဓာတ်နဲ့ အမိုးနီးယားက ထိုရောဂါကို ကာကွယ်တားဆီးပေးပါတယ်။ များပေါ်အားဖြင့် မှိုစွဲခြင်းဟာပေါင်ကြား၊ ပေါင်တံမှာအဖြစ်များတာကြောင့် ရေချိုးရင်းဆီးသွားတဲ့အခါသင့်ရောဂါကိုသက်သာစေပါတယ်။
၂။ တံတွေးထွေးခြင်း
တံတွေးထွေးတာက သင့်ကျန်မာရေးအတွက်ကောင်းမွန်ပေမဲ့ အများပြည်သူ၊ လူထူထပ်တဲ့နေရာမျိုးမှာ ထွေးမိရင်တော့ သင့်ကို ရွံရှာစက်ဆုပ်ကြမှာဖြစ်ပါတယ်။ သင့်ထွေးလိုက်တဲ့တံထွေးက သင့်အတွက် ကောင်းပေမဲ့ အများပြည်သူအတွက်တော့အန ္တရာယ်ဖြစ်စေပါတယ်။ ဒါ့ကြောင့်သင်တံတွေးထွေးတဲ့အခါ လွတ်ရာကျွတ်ရာနေရာမျိုးမှာ ရှာပြီးထွေးပါ။ တံတွေးထွေးခြင်းဟာ အနည်းဆုံးတော့ သင်ကောင်းစွာအသက်ရှူနိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။
၃။ ပီကေဝါးခြင်း
သိပ္ပံနည်းကျ လေ့လာမှုများအရပီကေထဲမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ အာရုံစူးစိုက်မှုအားကောင်းခြင်း၊ မှတ်ဉာဏ်ကိုတိုးမြှင့်ပေးခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း၊ Cortisol Level ကိုမြှင့်တင်ပေးပြီး ဟော်မုန်းကိုမျှတစေပါတယ်။ ဒါ့အပြင် ပီကေဝါးခြင်းဟာ
ခံတွင်းကို သန့်ရှင်းစေတဲ့အပြင် သွားကြားထဲမှာရှိတဲ့ စားကြွင်းစားကျန်များကို ဖယ်ရှားပေးနိုင်ပါတယ်။
၄။ လေလည်ခြင်း
လူတစ်ယောက်ဟာ အိပ်ပျော်နေစဉ်အတွင်း တစ်နေ့ကို အနည်းဆုံး ၃-၅ကြိမ် ဒါမှမဟုတ် အများဆုံး ၁၄ကြိမ်ထိ လေလည်ကြပါတယ်။ ပုံမှန်အရ အစာချေဖျက်ပြီး ၆နာရီကြာတဲ့အခါမှာ မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နဲ့ မီသိန်းဓာတ်ငွေ့ဖယ်ရှားဖို့အတွက်လေလည်ခြင်းက အထောက်အကူပြုပါတယ်။ လေလည်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမလိုအပ်တဲ့ ဓာတ်ငွေ့တွေ ထွက်သွားပြီး ဗိုက်အောက်ဗိုက်နာခြင်းနဲ့ ဝမ်းဗိုက်ပူဖောင်းခြင်းကို မဖြစ်ပေါ်စေပါဘူး။
၅။ လေတက်ခြင်း
လေတက်ခြင်းဟာ အများအမြင်မှ မသင့်တော်ပေမဲ့ ကျန်မာရေးအတွက်တော့ ကောင်မွန်ပါတယ်။ အစာစားပြီးတဲ့အခါမျိုးမှာ လေတက်လေ့ရှိပါတယ်။ အမှန်တကယ် လေတက်ခြင်းဟာ သင့်အစာအိမ်အတွက်အထူးကောင်းမွန်းပြီး ဝမ်းပူခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါပေမဲ့ တစ်နေကုန်လေတွေချည်းတက်နေရင်တော့ acid reflux ရောဂါလက္ခဏာဖြစ်နိုင်ခြေရှိတာကြောင့် ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here