30 C
Yangon
May 21, 2018
  • Home
  • News
  • International News
  • မသန်စွမ်းသမီးကိုခေါ်ပြီး တစ်ညလုံး ကာစီနိုမှာ လောင်းကစားလုပ်နေတဲ့ မိခင်
International News

မသန်စွမ်းသမီးကိုခေါ်ပြီး တစ်ညလုံး ကာစီနိုမှာ လောင်းကစားလုပ်နေတဲ့ မိခင်

ဒါက ဖိလစ်ပိုင်က သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆေးလိပ်မီးခိုးတွေ ပြည့်နေတဲ့ ကာစီနိုတစ်ခုက လောင်းကစားရုံကြမ်းပြင်ပေါ်မှာ သူမဘေးမှာ အိပ်နေတဲ့မသန်စွမ်းကလေးနဲ့အတူ လောင်းကစားနေတဲ့ မိခင်တစ်ယောက်ရဲ့ ဓါတ်ပုံက အွန်လိုင်းပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တွေ့ရှိတဲ့ စိုးရိမ်ပူပန်သူ အမျိုးသမီးတစ်ယောက်က ဒီကလေးအလွဲသုံးစားမှုကို ကာကွယ်တားဆီးဖို့ နောက်ထပ်လောင်းကစားရုံမှာ ဒီလိုဖြစ်ရပ်တွေမဖြစ်လာဖို့ မျှော်လင့်ပြီး ဓါတ်ပုံများကို တင်ထားခဲ့တာပါ။

မိခင်က ဆေးလိပ်မီးခိုးတွေပြည့်နေတဲ့ အခန်းထဲမှာ နာရီများစွာ သူမကလေးကို စောင့်ခိုင်းထားခဲ့ပါတယ်။ ဓါတ်ပုံထဲမှာ ကလေးက မျက်နှာကျက်ကိုစိုက်ကြည့်နေပြီး ကလေးကလှုပ်ရှားနိုင်ခြင်းမရှိခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ အဆိုပါအမေက ထိုကလေးပေါ်မှာ ပစ္စည်းတွေကိုတောင် တင်ထားပါသေးတယ်။
ဒီပို့စ်က အင်တာနက်သုံးသူတွေအကြား ပျံ့နှံသွားပြီးနောက် အင်တာနက်သုံးသူတွေက အဲ့ဒီမိန်းမကို သူ့သမီးနှင့်အတူ လောင်းကစားရုံမှာ တွေ့ရှိခဲ့တာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ ဒါကအလွန်ဆိုးရွားတဲ့ ကလေးအလွဲသုံးစားမှုဖြစ်ပါတယ်။
#TB_Nandar
Source-ntd.tv

Related posts

အမေရိကန် နိုင်ငံသား တက္ကသိုလ်ဝန်ထမ်း တစ်ဦးကို မြောက်ကိုရီးယား ဖမ်းဆီး

Nandar Lwin

ကျောင်းစာလေ့လာတဲ့ ဇနီးဖြစ်သူကို ရက်ရက်စက်စက် လက်ချောင်းတွေဖြတ်ခဲ့တဲ့အမျိုးသား

Nandar Lwin

တရုတ်နိုင်ငံက ဆင်စွယ်အလုပ်ရုံနှင့် အရောင်းပြခန်း ၆၇ ခုကို ပိတ်သိမ်း

Nandar Lwin

Leave a Comment