• Home
  • Lifestyle
  • Celebrity
  • မင္းသမီး ကင္မ္ဂ်ီ၀န္ရဲ႕ ေအာင္ျမင္မႈ မရရွိခင္က အႏုပညာလမ္းေၾကာင္း
Celebrity Fashion

မင္းသမီး ကင္မ္ဂ်ီ၀န္ရဲ႕ ေအာင္ျမင္မႈ မရရွိခင္က အႏုပညာလမ္းေၾကာင္း

မင္းသမီး ကင္မ္ဂ်ီ၀န္ရဲ

Descendants of the Sun(DOTS)ဆိုတဲ့ဇာတ္ကားေလးထဲက ခ်စ္စရာေကာင္းတဲ့အမႈအယာေလးနဲ႔ မင္းသမီး ကင္မ္ဂ်ီ၀န္ကို မွတ္မိၾကမယ္ထင္ပါတယ္။ ေတာင္ကိုရီးယား မင္းသမီးတစ္ဦးျဖစ္တဲ့ ကင္မ္ဂ်ီ၀န္ဟာ Heirs(2013)၊ Descendants of the Sun(2016)၊ Fight for My Way (2017) တီဗြီဇာတ္လမ္းတြဲမ်ားမွာ သရုပ္ေဆာင္ရင္းကတဆင့္ ပရိတ္သတ္အာရံုစိုက္မႈကို ရရွိခဲ့သူတစ္ဦးျဖစ္ပါတယ္။

မင္းသမီး ကင္မ္ဂ်ီ၀န္ဟာ ၁၉၉၂ခုႏွစ္ဖြားျဖစ္ၿပီး သူမအသက္ ၁၉ႏွစ္အရြယ္တည္းက အႏုပညာေလာကထဲ စတင္၀င္လာခဲ့တာပါ။

သူမသည္ Oran C ေၾကာ္ျငာကို ရုိက္ကူးခဲ့ၿပီးေနာက္ ေၾကာ္ျငာမင္းသမီး၊ ေမာ္ဒယ္တစ္ေယာက္အျဖစ္ နာမည္ႀကီးလာခဲ့ပါတယ္။ သူမရဲ႕အလွ၊ သူမရဲ႕ၾကည့္ေကာင္းတဲ့ရုပ္ရည္ႏွင့္ အကစြမ္းရည္တို႔ေၾကာင့္ နာမည္ႀကီး ေၾကာ္ျငာမင္းသမီးအျဖစ္ ပရိတ္သတ္ရဲ႕ အားေပးမႈကို ရရွိခဲ့တာျဖစ္ပါတယ္။

သူမကိုျမင္တဲ့သူေတြက မင္းသမီးကင္ေတဟီးနဲ႔ေတာင္ ႏိႈင္းယွဥ္ၿပီး တန္ဖိုးထားေလးစားခဲ့ၾကပါတယ္။ ေၾကာ္ျငာေတြမွာ သရုပ္ေဆာင္ကတည္းက ၇ႏွစ္တာ အားေပးခဲ့ၾကတဲ့ သူမရဲ႕ပရိတ္သတ္အစစ္ေတြကို ဘယ္ေတာ့မွ မေမ့ဘူးလို႔ ဆိုပါတယ္။

အမွတ္တရလက္မွတ္ထိုးေပးေနစဥ္မွာ ပရိတ္သတ္တစ္ဦးက သူမကို လက္မွတ္ထိုးခိုင္းဖို႔အတြက္ OranC ပုလင္းတစ္လံုးကို ၀ွက္ၿပီးယူလာတာနဲ႔ ပတ္သတ္ၿပီး သူမရဲ႕တုံ႔ျပန္မႈက တန္ဖိုးမျဖတ္ႏိုင္စရာပါပဲ။

သူမရဲ႕ေၾကာ္ျငာေအာင္ျမင္ၿပီးကတည္းက Heirs ဇာတ္ကားမွာ Rachel Yoo အျဖစ္လည္းေကာင္း၊ Descendants of the Sun ဇာတ္ကားမွာ Yoon Myung Joo အျဖစ္လည္းေကာင္း၊ Fight My Way ဇာတ္ကားမွာ Choi Aa Ra အျဖစ္လည္းေကာင္း ထင္ရွားစြာ ပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။


#Lifestyle_Myanmar
#TB_Nandar
Source-koreaboo

Unicode

မင်းသမီး ကင်မ်ဂျီဝန်ရဲ့ အောင်မြင်မှု မရရှိခင်က အနုပညာလမ်းကြောင်း
Descendants of the Sun(DOTS)ဆိုတဲ့ဇာတ်ကားလေးထဲက ချစ်စရာကောင်းတဲ့အမှုအယာလေးနဲ့ မင်းသမီး ကင်မ်ဂျီဝန်ကို မှတ်မိကြမယ်ထင်ပါတယ်။ တောင်ကိုရီးယား မင်းသမီးတစ်ဦးဖြစ်တဲ့ ကင်မ်ဂျီဝန်ဟာ Heirs(2013)၊ Descendants of the Sun(2016)၊ Fight for My Way (2017) တီဗွီဇာတ်လမ်းတွဲများမှာ သရုပ်ဆောင်ရင်းကတဆင့် ပရိတ်သတ်အာရုံစိုက်မှုကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။

မင်းသမီး ကင်မ်ဂျီဝန်ဟာ ၁၉၉၂ခုနှစ်ဖွားဖြစ်ပြီး သူမအသက် ၁၉နှစ်အရွယ်တည်းက အနုပညာလောကထဲ စတင်ဝင်လာခဲ့တာပါ။ သူမသည် Oran C ကြော်ငြာကို ရိုက်ကူးခဲ့ပြီးနောက် ကြော်ငြာမင်းသမီး၊ မော်ဒယ်တစ်ယောက်အဖြစ် နာမည်ကြီးလာခဲ့ပါတယ်။ သူမရဲ့အလှ၊ သူမရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်နှင့် အကစွမ်းရည်တို့ကြောင့် နာမည်ကြီး ကြော်ငြာမင်းသမီးအဖြစ် ပရိတ်သတ်ရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ သူမကိုမြင်တဲ့သူတွေက မင်းသမီးကင်တေဟီးနဲ့တောင် နှိုင်းယှဉ်ပြီး တန်ဖိုးထားလေးစားခဲ့ကြပါတယ်။

ကြော်ငြာတွေမှာ သရုပ်ဆောင်ကတည်းက ရနှစ်တာ အားပေးခဲ့ကြတဲ့ သူမရဲ့ပရိတ်သတ်အစစ်တွေကို ဘယ်တော့မှ မမေ့ဘူးလို့ ဆိုပါတယ်။ အမှတ်တရလက်မှတ်ထိုးပေးနေစဉ်မှာ ပရိတ်သတ်တစ်ဦးက သူမကို လက်မှတ်ထိုးခိုင်းဖို့အတွက် OranC ပုလင်းတစ်လုံးကို ဝှက်ပြီးယူလာတာနဲ့ ပတ်သတ်ပြီး သူမရဲ့တုံ့ပြန်မှုက တန်ဖိုးမဖြတ်နိုင်စရာပါပဲ။ သူမရဲ့ကြော်ငြာအောင်မြင်ပြီးကတည်းက Heirs ဇာတ်ကားမှာ Rachel Yoo အဖြစ်လည်းကောင်း၊ Descendants of the Sun ဇာတ်ကားမှာ Yoon Myung Joo အဖြစ်လည်းကောင်း၊ Fight My Way ဇာတ်ကားမှာ Choi Aa Ra အဖြစ်လည်းကောင်း ထင်ရှားစွာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-koreaboo

Related posts

မုန္းစရာေကာင္းတဲ့ ေကာလဟာလေတြနဲ႔ ဘ၀ကို ပ်က္စီးလုနီးပါးျဖစ္ခဲ့ရတဲ့ Idol ၇ေယာက္

Nandar Lwin

ဂ်နီဖာေလာ္ရင့္စ္နဲ႕ ဟာသမင္းသား အဇစ္အန္ဆာရီတို႔ တြဲေနၾကၿပီလား

OMCTC

နီနီခင္ေဇာ္ႏွင့္ေတြ႕ဆံုျခင္း

OMCTC

Leave a Comment