31 C
Yangon
June 24, 2018
  • Home
  • Uncategorized
  • မင်္ဂလာဒုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း ခြောက်ရုံအား FDA က ရက်အကန့်အသတ်မရှိ ပိတ်သိမ်း
Uncategorized

မင်္ဂလာဒုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း ခြောက်ရုံအား FDA က ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

မင်္ဂလာဒုံမြို့နယ်ရှိ

မင်္ဂလာဒုံမြို့နယ်ရှိ သောက်ရေသန့် စက်ရုံအချို့အား FDA က ၀င်ရောက်စစ်ဆေးနေစဉ်

သြဂုတ်၂၁ ရက်က မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ခံချက် လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း သုံးရုံ၊ စိစစ်ဆဲနှစ်ရုံနှင့် ထောက်ခံချက်ရရှိပြီး သက်တမ်းသုံးနှစ် ကုန်ဆုံးနေသော စက်ရုံတစ်ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲမှ သိရသည်။

သြဂုတ် ၂၁ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲနှင့်အတူ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်းသုံးရုံနှင့် စိစစ်ဆဲ သောက်ရေသန့်လုပ်ငန်းနှစ်ရုံအား ရှောင်တခင်စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် မကိုက်ညီသောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့သည့်အပြင် ထောက်ခံချက်ရရှိပြီး သက်တမ်းကုန်ဆုံးနေသော သောက်ရေသန့်လုပ်ငန်းတစ်ရုံအား ထပ်မံပိတ်သိမ်းအရေးယူခဲ့ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်လေးခရိုင်ရှိ ထောက်ခံချက်ရှိပြီး သောက်ရေသန့်စက်ရုံများ အပါအ၀င် ထောက်ခံချက်မရှိ ထုတ်လုပ်နေသော သောက်ရေသန့်လုပ်ငန်းများကို ရှောင်တခင်စစ်ဆေးနေပြီး ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်မှုမရှိသော စက်ရုံများကို စက်ရုံအလိုက် နှစ်ပတ်မှတစ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်းအရေးယူလျက်ရှိကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှသိရသည်။

လှည်းကူးနှင့် လှိုင်မြို့နယ်အတွင်းရှိ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီထုတ်လုပ်မှုမရှိသော သောက်ရေသန့်စက်ရုံ ၂၁ ရုံကို ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းများ လုပ်ဆောင်ထားကြောင်းနှင့် ဈေးကွက်၌ တရားမ၀င် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် သောက်ရေသန့်လုပ်ငန်း များစွာရှိနေပြီး အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်မရှိ ထုတ်လုပ်နေသည့်လုပ်ငန်းများ အပါအ၀င် ထုတ်လုပ်ခွင့် ယာယီဆိုင်ငံ့ထားသည့် လုပ်ငန်းများ ပြန်လည်ထုတ်လုပ်ရောင်းချပါက ဥပဒေအရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

သောက်ရေသန့်လုပ်ငန်းများ ထုတ်လုပ်ခြင်း ထောက်ခံချက်ပေးသည့် လုပ်ငန်းများ ပိုမိုတွင်ကျယ်စေရန်နှင့် လျင်မြန်စေရန်ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီးရှိ FDA ခရိုင်ရုံးခွဲများဖြစ်သော မြောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်ရုံးများတွင် လျှောက်ထားခွင့်ပြုထားကြောင်းနှင့် ယခုနှစ်အတွင်း သောက်ရေသန့် လုပ်ငန်းသစ် ၈၂ ခု၊ တိုးချဲ့ ၁၉ ခုနှင့် သက်တမ်းတိုးလုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များထုတ်ပေးရန် စိစစ်ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ယခင်က သောက်ရေသန့်လုပ်ငန်းနှင့် ပတ်သက်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ သောက်ရေသန့်လုပ်ငန်းမှာ အကြိမ်ကြိမ်စစ်ဆေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ရာတွင် လုပ်ငန်းကြန့်ကြာမှုများရှိနေသည့်အတွက် တိုင်းဒေသကြီးအလိုက် တာဝန်များခွဲဝေပေးသွားရန် စီစဉ်ခဲ့ရာ ယခုနှစ်မှစ၍ ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင် စတင်လုပ်ဆောင်ခွင့်ပြုထားကြောင်း သိရသည်။

Ref:Eleven Media

Related posts

လာဇီယိုမှ အန်ဒါဆင်ကို မန်ယူပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်း

OMCTC

Samsung ရဲ့ Chromebook Pro ကို လာမဲ့ မေလ ၂၈ရက်နေ့မှာ ဖြန့်ချိရန်ရှိ

Kyaw Htike Aung

အီရန်က ၄င်း၏သံရုံးကို ဆော်ဒီက ဗုံးကြဲသည်ဟု စွပ်စွဲလိုက်သောကြောင့် နှစ်နိုင်ငံကြားတင်းမာမှု အန္တရာယ်အဆင့်အထိ မြင့်မားလာ

OMCTC

Leave a Comment