ဘွဲ့ယူဖို့နှင့် အနာဂတ် အစီအစဉ်များ အကြောင်းကို ပြောပြခဲ့တဲ့ ပတ်ခ်ဘိုဂွမ်
0
18
-Advertisement-
#Lifestyle_Myanmar
#TB_Nandar
Source-soompi
Unicode
တောင်ကိုရီးယား သရုပ်ဆောင် ပတ်ခ်ဘိုဂွမ်သည် မကြာသေးမီက ဖေဖော်ဝါရီလ cover model အဖြစ် Vogue Taiwan မဂ္ဂဇင်းတစ်ခုနဲ့ အင်တာဗျူး ပြုုလုပ်ခဲ့ပါတယ်။ အင်တာဗျူးမှာ ပတ်ခ်ဘိုဂွမ်က သူကျောင်းတတ်နေရင်း အားလပ်ချိန်တွေမှာ အလုပ်အတွက် ပြင်ဆင်ခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော် နောက်ဆုံး စာသင်နှစ်ရောက်နေပါပြီ။ ဖေဖော်ဝါရီလမှာ ဘွဲ့ယူရလိမ့်မယ် လို့ ပတ်ခ်ဘိုဂွမ်က ဆိုပါတယ်။
နာမည်ကျော်အနုပညာရှင်တွေ မဖြစ်လာခင်က အံ့သြစရာကောင်းတဲ့ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းများ
သူ့ရဲ့နောက်ထပ်သရုပ်ဆောင်အလုပ်အတွက်လည်း ပြင်ဆင်နေကြောင်းနှင့် သူ့ရဲ့သရုပ်ဆောင်မှု ပုံရိပ်တိုးတတ်လာဖို့အတွက် ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ်ခြင်း၊ ကာရိုက်တာအမျိုးမျိုးအတွက် ရှာဖွေ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။
သရုပ်ဆောင်ပတ်ခ်ဘိုဂွမ်သည် အစားအစာတွေကို သူချစ်ကြောင်းပြောခဲ့ပါတယ်။ “အစားစားခြင်းက အရေးကြီးတယ်။ ကျွန်တော် စားရတာကို နှစ်သက်လို့ အစားအသောက်ထဲမှာ အချိန်အများကြီး ရင်းနှီးမြှုပ်နှံခဲ့တယ်လို့” ပြောပါတယ်။
ပတ်ခ်ဘိုဂွမ်သည် သူ့ရဲ့နောက်ထပ်သရုပ်ဆောင်အလုပ်နှင့် ပတ်သက်ပြီး အတည်မပြုသေးပေမယ့် ပရိတ်သတ်တွေ မကြာမီ “Hyori’s Homestay 2″ဇာတ်ကားမှာ အချိန်ပိုင်း အလုပ်သမားတစ်ယောက်အဖြစ် မြင်တွေ့ရနိုင်ပါလိမ့်မယ်။
#Lifestyle_Myanmar
#TB_Nandar
Source-soompi
LEAVE A REPLY
Please enter your comment!
Please enter your name here