30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ဗီတာမင်ချို့တဲ့လျှင် ဖြစ်ပေါ်နိုင်တဲ့ လက္ခဏာ ၆ချက်
Health & Beauty

ဗီတာမင်ချို့တဲ့လျှင် ဖြစ်ပေါ်နိုင်တဲ့ လက္ခဏာ ၆ချက်

ဗီတာမင်ဓာတ်များချို့တဲ့လျှင် ဖြစ်ပေါ်နိုင်တဲ့ ရောဂါ လက္ခဏာ ၆ချက်

မှားယွင်းတဲ့ အစားအစား စားခြင်း၊ မျှမျှတတ မစားသုံးလျှင် ဗီတာမင်ချို့တဲ့ခြင်းကိုဖြစ်ပေါ်နိုင်ပါတယ်။ ဗီတာမင်ချို့တဲ့ခြင်းကြောင့် မျက်စိရောင်ရမ်းခြင်း၊ ခံတွင်းများခြောက်ကပ်ခြင်း၊ အသားအရေ ဖြူဖက်ဖြူရော်ဖြစ်ခြင်း စတဲ့ နိမိတ်လက္ခဏာများဖြစ်ပေါ်နိုင်ပါတယ်။ ဗီတာမင်ချို့တဲ့ခြင်းကြောင့် မကြခဏဆိုသလို ကျန်းမာရေးချို့ယွင်းမှုများဖြစ်ပေါ်တတ်ပြီး အခြားမနှစ်မြို့ဖွယ် ရောဂါလက္ခဏာများဖြစ်ပေါ်နိုင်ပါတယ်။
၁။ သွားဖုံးများ အထိခိုက်မခံခြင်း


ဗီတာမင်ချို့တဲ့ခြင်းကြောင့် သွားများ မကြာခဏဆိုသလို သွေးထွက်ခြင်း၊ နာခြင်း၊ သွားများ ခိုင်ခံမှုမရှိခြင်းများဖြစ်ပေါ်တတ်ပါတယ်။ ဆင်းရဲချို့တဲ့သူများဟာ ဗီတာမင်လုံလုံလောက်လောက်မရရှိတာကြောင့် ကူးစက်ရောဂါများဖြစ်နိုင်ချေများပြီး အနာရောဂါများတိုးပွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဗီတာမင် C ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကော်လာဂျင်ထုတ်လုပ်မှုပေးပြီး ခိုင်ခံ့မှုရှိတဲ့ တစ်ရှူးများကို စောင့်ရှောက်ပေးပါတယ်။ Citrus အသီးအုပ်စု၊ ဟင်းနုနွယ်၊ ငရုတ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ် နှင့် အခြားသစ်သီးခြောက်များတွင် ကြွယ်ဝတဲ့ ဗီတာမင် C ဓာတ်ရှိပြီး ဗီတာမင် C ချို့တဲ့သူတွေ အများဆုံး စားသုံးသင့်တဲ့ အသီးအနှံတွေဖြစ်ပါတယ်။
၂။ အသားအရေများ ဖြူဖက်ဖြူရော်ဖြစ်ခြင်း
အသားအရေများ ဖြူဖက်ဖြူရော်ဖြစ်ခြင်းဟာ ဗီတာမင် B12 လုံလုံလောက်လောက်မရှိခြင်းကြောင်ဖြစ်တဲ့ နိမိတ်လက္ခဏာ တစ်ရပ်ပဲဖြစ်ပါတယ်။ ဗီတာမင် B12 လုံလောက်မှုမရှိလျှင် စိတ်ဖောက်ပြန်ခြင်း၊ အကြောသေခြင်းနှင့် ဦးနှောက်အာရုံကြောစနစ်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ရောဂါကူးစက်မှုနှုန်းမြန်ခြင်း၊ စိတ်အပြောင်းအလဲမြန်းခြင်း စတဲ့ ရောဂါမျိုးခံစားစေရပြီး ဗီတာမင် B12 လုံလောက်မှုမရှိသူအတွက် တိရစ္ဆာန်ထွက် စားသောက်ကုန်များ၊ ဒိန်ခဲ၊ အသည်း၊ အမဲသား၊ ငါး စတဲ့ အစာအစားမျိုးကို ပိုပြီးစားသုံးသင့်ပါတယ်။
၃။ ဆံပင်များ ခြောက်ကပ်ခြင်း


ဆံပင်ကို ဆေးခဏခဏဆိုးခြင်း၊ ကောက်လိုက်ဖြောင့်လိုက် ခဏခဏပြုလုပ်ခြင်းဟာ ဆံသားကို ပျက်စီးစေပြီး ခြောက်ကပ်စေပါတယ်။ ဒါမှမဟုတ် ဆေးဆိုးခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်း မပြုလုပ်ဘဲ၊ မှန်ကန်တဲ့ ထုတ်ကုန်မျိုးကို သုံးစွဲနေရင် နဲ့ ဆံသားပျက်စီးခြင်း၊ ခြောက်ကပ်ခြင်းဖြစ်ပေါ်နေပြီဆိုရင် ဗီတာမင်ဓာတ်လျော့နည်းတဲ့ နိမိတ်လက္ခဏာကို ပြသနေတာပဲဖြစ်ပါတယ်။ ထိုပြဿနာတွေ ကြုံတွေ့နေရင်တော့ ပဲ၊ ခရမ်းချဉ်သီး၊ ကြက်ဥ စတဲ့ အဟာဓာတ်မြင့်မားတဲ့ အစာအစားများကို ရွေးချယ်စားသုံးသင့်ပါတယ်။
၎။ ဝက်ခြံများပေါက်ခြင်း


ဝက်ခြံ၊ နှင်းခူ စတဲ့အနာမျိုး နှင့် အသားအရေခြောက်သွေ့ခြင်း ပြဿနာများဖြစ်ပေါ်နေလျှင် ဇင့်ဓာတ်ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။ ဇင့်ဓာတ်ဟာ ဆဲလ် နှင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စွာ ထိန်းသိမ်းပေးပါတယ်။ ဇင့်ဓာတ်လျော့နည်းသူအဖို့ ဂျုံ၊ ကမာကောင်၊ ဒိန်ခဲ၊ အမဲသည်း၊ ရွှေဖရုံစေ့ စတဲ့ အစာအစားမျိုးကို ပိုမိုစားသုံးသင့်ပါတယ်။
၅။ မျက်ခမ်းများရောင်ရမ်းခြင်း


ငိုခြင်းကြောင့် မဟုတ်ဘဲ မျက်ခမ်းများရောင်ရမ်းခြင်း၊ ဖောင်းခြင်းဖြစ်ပေါ်နေလျှင် အိုင်အိုဒင်းဓာတ်ချို့တဲ့ တဲ့သဘောကို ညွှန်ပြပေးနေတာဖြစ်ပါတယ်။ လူတိုင်းမှာ Thyroid လို့ခေါ်တဲ့ လည်ပင်းအကျိတ်ရှိပါတယ်။ သူဟာ အိုင်အိုဒင်းဓာတ်ကို အသုံးပြုပြီး ဟော်မုန်း ၂မျိုးကို ထုတ်ပေးပါတယ်။ ဒီဟိုမုန်းတွေက(ဆဲလ်) မှန်သမျှအပေါ်သက်ရောက်မှုရှိပြီး ဇီဝဖြစ်စဉ်တွေကိုလဲ ထိန်းညှိပေးပါတယ်။ ထို့ကြောင့် အိုင်အိုဒင်းဓာတ်ချို့တဲ့လျှင် လည်ပင်းအကျိတ်ကင်ဆာဖြစ်နိုင်ခြေများပြီး ပြင်းထန်စွာ မောပန်းခြင်း၊ ဆံပင်ခဏခဏကျွတ်ခြင်း စတဲ့ မကောင်းတဲ့ခံစားမှုမျိုးခံစားနေရလျှင် ဆရာဝန်နှင့်ပြပြီး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၆။အရေပြားတွန့်ခြင်း


အသက်အရွယ်ကြီးလာလို့ အသားအရေ တွန့်ခြင်းမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်မတန်ခင် အသားအရေများ တွန့်ခြင်း လျော့ခြင်းဖြစ်ပေါ်နေလျှင် ဗီတာမင် E ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ ဗိတာမင် E ဟာ စိတ်ဖိစီးမှုကို လျှော့ချပေးရန်ကူညီပြီး၊ အရေးအကြောင်းတွေမဖြစ်ဖို့ ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E လုံလောက်မှုမရှိတဲ့အခါ ကော်လဂျင်ထုတ်လုပ်မှုအား နှေးကွေးလာပြီး ကော်လဂျင်မရှိခြင်းကြောင့် အရေးအကြောင်းများဖြစ်ပေါ်လာပါတယ်။ ဗီတာမင် E ဟာ ကိုယ်ခံအားစနစ်ကို ဖွံ့ဖြိုးစေခြင်း၊ ကလေးမွေးဖွားခြင်းနှင့် မျက်စိကျန်မာရေးအတွက် အလွန်းအရေးပါပါတယ်။ ဗီတာမင် E ချို့တဲ့လျှင်သစ်ကြားသီး၊ သစ်သီးခြောက်များ၊ ပျားရည်၊ သံလွင်ဆီ၊ နေကြာဆီ စတဲ့အစားအစာမျိုးကို ပိုမိုစားသုံးသင့်ပါတယ်။

လူတိုင်း ဟင်းသီးဟင်းရွက်ကို ပိုမိုစားသုံးပေးသင့်တဲ့ အကြောင်းအရင်း (၄) ချက်

#Lifestyle_Myanmar

#Thar_Nage

Related posts

ဆံကေသာကို တန်ဖိုးထားသူတိုင်း မပြုလုပ်သင့်တဲ့ အမှားများ

Kyaw Htike Aung

မည်းနေတဲ့ နှုတ်ခမ်းကို ရွန်းလဲ့တောက်ပစေမယ့် နည်းလမ်းများ

OMCTC

နေလောင်ထားတဲ့အသားအရေကိုပြန်လည်ဖြူဖွေးလာစေမည့်နည်းလမ်းကောင်း

OMCTC

Leave a Comment