ပ်ိဳေမတို႔ ေန႔တိုင္းၾကည့္ေကာင္းေနေစဖို႔ ကူညီေပးလိမ့္မယ့္ အလွအပဆိုင္ရာ သိေကာင္းစရာမ်ား

0
98

ပ်ိဳေမတို႔အတြက္ အသံုး၀င္မယ့္ အလွအပဆိုင္ရာ သိေကာင္းစရာတစ္္ခ်ိဳ႕ကို ေျပာျပေပးမယ္ေနာ္။

ႏႈတ္ခမ္းပါးတဲ့သူေတြ ႏႈတ္ခမ္းဖူးဖူးေလးျဖစ္ေစမယ့္ ႏႈတ္ခမ္းနီဆိုးနည္း

-Advertisement-

၁။ သစ္ႀကံပိုးႏွင့္ ပူစီနံ essential oils သည္ သင့္ႏႈတ္ခမ္းေလးေတြကို ဖူးဖူးေလးနဲ႔ ေတာက္ပေစေအာင္ ျပဳလုပ္တဲ့အခါ အလြန္ထိေရာက္ပါတယ္။ ဒီပါ၀င္ပစၥည္းေတြနဲ႔ မတည့္တာ မရွိဘူးဆိုလွ်င္ သင့္ရဲ႕ Lip balm or lip gloss ထဲကို အစက္အနည္းငယ္ထည့္ၿပီး အသံုးျပဳႏုိင္ပါတယ္။


၂။ အုန္းဆီႏွင့္ သံလြင္ဆီ ဟာေရစိုခံမိတ္ကပ္ေတြကို ဖ်က္ဖို႔အတြက္ အလြန္ေကာင္းပါတယ္။ ဒီနည္းလမ္းကို ႀကိဳးစားၾကည့္ပါ။ သင့္မိတ္ကပ္ေတြကို မ်က္ႏွာသစ္ cleanser မပါဘဲန႔ဲေတာင္ အလြယ္တကူ ေဆးေၾကာလို႔ရတာကို ေတြ႕ရပါမယ္။


၃။ သင့္ေအာက္ခံမိတ္ကပ္က ထူလြန္းလွ်င္ သင္ႏွစ္သက္ရာ moisturizer အနည္းငယ္ထည့္ၿပီး ပါးႏိုင္ပါတယ္။ Liquid bronzer အခ်ိဳ႕နဲ႔ ေရာစပ္ျခင္းျဖင့္ သင့္ရဲ႕အရမ္းေဖ်ာ့လြန္းတဲ့ ေအာက္ခံမိတ္ကပ္ကို အေရာင့္ရင္ေစပါတယ္။


၄။ မိတ္ကပ္လိမ္းတဲ့အခါ လတ္ဆတ္ၿပီး ရႊန္းစိုတဲ့ အသားအေရာင္မ်ိဳးလိုခ်င္လွ်င္ သင့္မ်က္ႏွာရဲ႕ အထင္ရွားဆံုး အစိတ္အပိုင္း(ႏွာတံ၊ ပါးရိုး၊ ေမးေစ့၊ နဖူးအလယ္)အမ်ားစုေပၚမွာ Highlighter cream နည္းနည္း လိမ္းေပးပါ။ သင့္မ်က္ခံုးေတြနဲ႔ မ်က္ေတာင္ေတြကို အျမင္အာရံုမွာ ျမင့္ေနေစဖို႔အတြက္ မ်က္ခံုးအထက္ကို Highlighter လိမ္းေပးပါ။ သင့္နဖူးဆီကို ဦးတည္ၿပီး blend လုပ္ေပးပါ။


၅။ လင္းလက္ေတာက္ပတဲ့အသားအေရ ရရွိဖို႔အတြက္ မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၁ဇြန္းကို မ်က္ႏွာသစ္ဂ်ယ္လ္ သို႔မဟုတ္ cleansing milk ႏွင့္ ေရာစပ္ပါ။ ဒီအေရာအေႏွာကို သင့္မ်က္ႏွာေပၚမွာ လိမ္းၿပီး စကၠန္႔အနည္းငယ္ေလာက္ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ၿပီးေနာက္ ေရေႏြးျဖင့္ ေဆးေၾကာပါ။ တစ္ပတ္ကို ၂ႀကိမ္၊ ၃ႀကိမ္ ဒီနည္းလမ္းအတိုင္း ျပန္လုပ္ပါ။


၆။ သင့္အႀကိဳက္ဆံုး မ်က္ေတာင္ေကာ့ေဆး စတင္ေျခာက္ေသြ႕လာတဲ့အခါ ျပြန္ထဲကုိ saline solution အစက္အနည္းငယ္ထည့္ျခင္း၊ သို႔မဟုတ္ ေရပူပန္းကန္လံုးထဲမွာ ၅မိနစ္ေလာက္ထားေပးျခငး္ျဖင့္ ျပန္လည္အသံုးျပဳလို႔ ရလာမွာပါ။


၇။ (မိတ္ကပ္၊ အိုင္းရွဲဒိုး၊ ပါးနီ)ဘူးေတြ က်ကြဲသြားလို႔ အမႈန္႔ေတြ ေၾကသြားတဲ့အခါ လႊင့္ပစ္ဖို႔ မလိုပါဘူး။ အလြယ္တကူ ျပန္ျပင္လုိ႔ရႏိုင္ပါတယ္။ အမႈန္႔ေတြကို က်စ္လစ္သိပ္သည္းသြားေအာင္ အေပၚက အယ္ကိုေဟာ အစက္အနည္းငယ္ထည့္ၿပီး ေခ်ာေမြ႔သြားေအာင္ ဓါးေလးျဖင့္ လိုက္ဖိေပးပါ။ ေျခာက္သြားေအာင္ တစ္ညထားေပးပါ။ ေနာက္ေန႔မွာ အယ္ကိုေဟာအားလံုး အေငြ႕ျပန္သြားပါလိမ့္မယ္။ သင္မိတ္ကပ္အသစ္၀ယ္ဖို႔မလိုေတာ့ပါဘူး။


၈။ သင့္အႀကိဳက္ဆံုး လက္သည္းနီပုလင္းေတြ ဖြင့္ရခက္တဲ့အခါ ဒါမွမဟုတ္ ပ်စ္ေနလို႔ ဆိုးမရတဲ့အခါ၊ ေရပူပူထဲမွာ ပုလင္းကို မိနစ္အနည္းငယ္ေလာက္ထားပါ။ ၿပီးေနာက္ အျပင္ထုတ္ၿပီး လႈပ္ေပးပါ။ ပုလင္းေႏြးေနတုန္း သင့္လက္သည္းေပၚမွာ ဆိုးေပးပါ။


၉။ Hairsplay က သင့္မ်က္ခံုးေတြကို ပံုက်လွပေအာင္ ပံုေဖာ္တဲ့ ေနရာမွာ အသံုး၀င္ပါတယ္။ မ်က္ေတာင္ေကာ့ေဆးတုတ္တံအေဟာင္းေပၚကို Hairspray အနည္းငယ္ျဖန္းၿပီး မ်က္ခံုးေလးကို ပံုေဖာ္ေပးပါ။


၁၀။ Baby Powder သို႔မဟုတ္ ေျပာင္းမႈန္႔ကို Dry Shampoo အျဖစ္ အသံုးျပဳႏိုင္ပါတယ္။ သင့္ဆံပင္္ေတြကို ေလွ်ာ္ဖို႔အခ်ိန္မရတဲ့အခါ ဆံပင္ေတြ Refresh ျဖစ္ေစမယ့္ အျမန္နည္းျဖစ္ပါတယ္။

Spilled baby scented powder on striped background

#Lifestyle_Myanmar
#TB_Nandar

Unicode

ပျိုမေတို့ နေ့တိုင်းကြည့်ကောင်းနေစေဖို့ ကူညီပေးလိမ့်မယ့် အလှအပဆိုင်ရာ သိကောင်းစရာများ
ပျိုမေတို့အတွက် အသုံးဝင်မယ့် အလှအပဆိုင်ရာ သိကောင်းစရာတစ််ချို့ကို ပြောပြပေးမယ်နော်။
၁။ သစ်ကြံပိုးနှင့် ပူစီနံ essential oils သည် သင့်နှုတ်ခမ်းလေးတွေကို ဖူးဖူးလေးနဲ့ တောက်ပစေအောင် ပြုလုပ်တဲ့အခါ အလွန်ထိရောက်ပါတယ်။ ဒီပါ၀င်ပစ္စည်းတွေနဲ့ မတည့်တာ မရှိဘူးဆိုလျှင် သင့်ရဲ့ Lip balm or lip gloss ထဲကို အစက်အနည်းငယ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

၂။ အုန်းဆီနှင့် သံလွင်ဆီ ဟာရေစိုခံမိတ်ကပ်တွေကို ဖျက်ဖို့အတွက် အလွန်ကောင်းပါတယ်။ ဒီနည်းလမ်းကို ကြိုးစားကြည့်ပါ။ သင့်မိတ်ကပ်တွေကို မျက်နှာသစ် cleanser မပါဘဲနဲ့တောင် အလွယ်တကူ ဆေးကြောလို့ရတာကို တွေ့ရပါမယ်။

၃။ သင့်အောက်ခံမိတ်ကပ်က ထူလွန်းလျှင် သင်နှစ်သက်ရာ moisturizer အနည်းငယ်ထည့်ပြီး ပါးနိုင်ပါတယ်။ Liquid bronzer အချို့နဲ့ ရောစပ်ခြင်းဖြင့် သင့်ရဲ့အရမ်းဖျော့လွန်းတဲ့ အောက်ခံမိတ်ကပ်ကို အရောင့်ရင်စေပါတယ်။

၄။ မိတ်ကပ်လိမ်းတဲ့အခါ လတ်ဆတ်ပြီး ရွှန်းစိုတဲ့ အသားအရောင်မျိုးလိုချင်လျှင် သင့်မျက်နှာရဲ့ အထင်ရှားဆုံး အစိတ်အပိုင်း(နှာတံ၊ ပါးရိုး၊ မေးစေ့၊ နဖူးအလယ်)အများစုပေါ်မှာ Highlighter cream နည်းနည်း လိမ်းပေးပါ။ သင့်မျက်ခုံးတွေနဲ့ မျက်တောင်တွေကို အမြင်အာရုံမှာ မြင့်နေစေဖို့အတွက် မျက်ခုံးအထက်ကို Highlighter လိမ်းပေးပါ။ သင့်နဖူးဆီကို ဦးတည်ပြီး blend လုပ်ပေးပါ။

၅။ လင်းလက်တောက်ပတဲ့အသားအရေ ရရှိဖို့အတွက် မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ဇွန်းကို မျက်နှာသစ်ဂျယ်လ် သို့မဟုတ် cleansing milk နှင့် ရောစပ်ပါ။ ဒီအရောအနှောကို သင့်မျက်နှာပေါ်မှာ လိမ်းပြီး စက္ကန့်အနည်းငယ်လောက် ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးနောက် ရေနွေးဖြင့် ဆေးကြောပါ။ တစ်ပတ်ကို ၂ကြိမ်၊ ၃ကြိမ် ဒီနည်းလမ်းအတိုင်း ပြန်လုပ်ပါ။

၆။ သင့်အကြိုက်ဆုံး မျက်တောင်ကော့ဆေး စတင်ခြောက်သွေ့လာတဲ့အခါ ပြွန်ထဲကို saline solution အစက်အနည်းငယ်ထည့်ခြင်း၊ သို့မဟုတ် ရေပူပန်းကန်လုံးထဲမှာ ၅မိနစ်လောက်ထားပေးခြငး်ဖြင့် ပြန်လည်အသုံးပြုလို့ ရလာမှာပါ။

၇။ (မိတ်ကပ်၊ အိုင်းရှဲဒိုး၊ ပါးနီ)ဘူးတွေ ကျကွဲသွားလို့ အမှုန့်တွေ ကြေသွားတဲ့အခါ လွှင့်ပစ်ဖို့ မလိုပါဘူး။ အလွယ်တကူ ပြန်ပြင်လို့ရနိုင်ပါတယ်။ အမှုန့်တွေကို ကျစ်လစ်သိပ်သည်းသွားအောင် အပေါ်က အယ်ကိုဟော အစက်အနည်းငယ်ထည့်ပြီး ချောမွေ့သွားအောင် ဓါးလေးဖြင့် လိုက်ဖိပေးပါ။ ခြောက်သွားအောင် တစ်ညထားပေးပါ။ နောက်နေ့မှာ အယ်ကိုဟောအားလုံး အငွေ့ပြန်သွားပါလိမ့်မယ်။ သင်မိတ်ကပ်အသစ်ဝယ်ဖို့မလိုတော့ပါဘူး။

၈။ သင့်အကြိုက်ဆုံး လက်သည်းနီပုလင်းတွေ ဖွင့်ရခက်တဲ့အခါ ဒါမှမဟုတ် ပျစ်နေလို့ ဆိုးမရတဲ့အခါ၊ ရေပူပူထဲမှာ ပုလင်းကို မိနစ်အနည်းငယ်လောက်ထားပါ။ ပြီးနောက် အပြင်ထုတ်ပြီး လှုပ်ပေးပါ။ ပုလင်းနွေးနေတုန်း သင့်လက်သည်းပေါ်မှာ ဆိုးပေးပါ။

၉။ Hairsplay က သင့်မျက်ခုံးတွေကို ပုံကျလှပအောင် ပုံဖော်တဲ့ နေရာမှာ အသုံးဝင်ပါတယ်။ မျက်တောင်ကော့ဆေးတုတ်တံအဟောင်းပေါ်ကို Hairspray အနည်းငယ်ဖြန်းပြီး မျက်ခုံးလေးကို ပုံဖော်ပေးပါ။

၁၀။ Baby Powder သို့မဟုတ် ပြောင်းမှုန့်ကို Dry Shampoo အဖြစ် အသုံးပြုနိုင်ပါတယ်။ သင့်ဆံပင််တွေကို လျှော်ဖို့အချိန်မရတဲ့အခါ ဆံပင်တွေ Refresh ဖြစ်စေမယ့် အမြန်နည်းဖြစ်ပါတယ်။

#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here