ပ်ိဳေမတို႔အတြက္ အသံုး၀င္မယ့္ အလွအပဆိုင္ရာ နည္းလမ္းေလးေတြ

0
15

ပ်ိဳေမတို႔အတြက္ အသံုး၀င္မယ့္ အလွအပဆိုင္ရာ နည္းလမ္းတစ္္ခ်ိဳ႕ကို ေျပာျပေပးမယ္ေနာ္။

ပ်ိဳေမတို႔ ေန႔တိုင္းၾကည့္ေကာင္းေနေစဖို႔ ကူညီေပးလိမ့္မယ့္ အလွအပဆိုင္ရာ သိေကာင္းစရာမ်ား

၁။ ဖိနပ္အသစ္စီးတဲ့အခါ ဖိနပ္ေပါက္ၿပီး အရည္ၾကည္ဖုထြက္မလာေအာင္တားဆီးဖို႔ဆိုရင္ ဖိနပ္မစီးခင္ သင့္ေျခေထာက္ေပၚမွာ deodorant လိမ္းေပးျခင္း သို႔မဟုတ္ hairspray ျဖန္းေပးျခင္း ျပဳလုပ္ပါ။


၂။ သင့္မ်က္ေတာင္ေလးအခ်ိန္ၾကာၾကာ ေကာ့ေနဖို႔ဆိုရင္ မ်က္ေတာင္ေကာ့ေဆး မသံုးခင္ စကၠန္႔အနည္းငယ္ေလာက္ မ်က္ေတာင္ေကာ့စက္ကို ဆံပင္ေလမႈတ္စက္နဲ႔ ေႏြးေအာင္လုပ္ေပးပါ။


၃။ ေရေမႊးရန႔ံၾကာရွည္ခံေအာင္ ေရေမႊးမဆြတ္ခင္မွာ လက္ေကာက္၀တ္ေပၚကို Vaseline ႏွင့္ ညင္သာစြာပြတ္ေပးပါ။


၄။ သင့္လက္သည္းေလးေတြ ခိုင္မာၿပီး လွပေအာင္ အက္စပရင္ေဆးျပား ၂ျပားႏွင့္ ဗီတာမင္ေအေဆးေထာင့္ ၁ေတာင့္၊ ပင္လယ္ဆား စားပြဲတင္ဇြန္း၁ဇြန္း၊ ဟင္းသီးဟင္းရြက္ဆီအနည္းငယ္ကို ေရ၂၀၀ml ထဲမွာေဖ်ာ္ပါ။ ၿပီးေနာက္ ၁၀မိနစ္ေလာက္ သင့္လက္ေတြကို ထိုေဖ်ာ္ထားတဲ့ခြက္ထဲမွာ ႏွစ္ထားေပးပါ။ ၿပီးမွ တစ္ရႈးႏွင့္ သုတ္ေပးပါ။


၅။ သင့္မွာ deodarant ကုန္သြားတဲ့အခါ အဲ့ဒီအစား ခံတြင္းသန္႔ေဆးရည္ကို သံုးႏိုင္ပါတယ္။ ၀ါရြမ္းတစ္ခုျဖင့္ ခံတြင္းသန္႔ေဆးကို တို႔ၿပီး သင့္ခ်ိဳင္းမွာ လိမ္းေပးပါ။ ခံတြင္းသန္႔ေဆးက ဘက္တီးရီးယားအားလံုးကို သတ္ေပးၿပီး တစ္ေန႔တာလံုး လန္းဆန္းေနမွာပါ။


၆။ သင္မလိုခ်င္တဲ့ အေမႊးေတြ ဖယ္ရွားပစ္ခ်င္ရင္ သင့္ရဲ႕အသားအေရကို exfoliate ေကာင္းေကာင္းလုပ္ဖို႔ လိုအပ္ပါတယ္။ ပံုမွန္သံုးေနက် ဆပ္ျပာတံုးတစ္တံုးကို အရည္ေဖ်ာ္ပါ။ ကုလားပဲမႈန္႔ စားပြဲတင္ဇြန္း ၁ဇြန္း၊ ပဲနီကေလးအမႈန္႔ စားပြဲတင္ဇြန္း ၁ဇြန္းကို ထည့္ပါ။နႏြင္း စားပြဲတင္ဇြန္း ၁ဇြန္းထည့္ပါ။ မလိုခ်င္တဲ့ အေမႊးအမွ်င္ေတြကို ဖယ္ရွားေပးၿပီး အေရျပားဆဲလ္ေသေတြကို exfoliate လုပ္ေပးမယ့္ သဘာ၀ဆပ္ျပာတံုး ရလာပါလိမ့္မယ္။


#Lifestyle_Myanmar
#TB_Nandar

Unicode

ပျိုမေတို့အတွက် အသုံးဝင်မယ့် အလှအပဆိုင်ရာ နည်းလမ်းလေးတွေ
ပျိုမေတို့အတွက် အသုံးဝင်မယ့် အလှအပဆိုင်ရာ နည်းလမ်းတစ််ချို့ကို ပြောပြပေးမယ်နော်။
၁။ ဖိနပ်အသစ်စီးတဲ့အခါ ဖိနပ်ပေါက်ပြီး အရည်ကြည်ဖုထွက်မလာအောင်တားဆီးဖို့ဆိုရင် ဖိနပ်မစီးခင် သင့်ခြေထောက်ပေါ်မှာ deodorant လိမ်းပေးခြင်း သို့မဟုတ် hairspray ဖြန်းပေးခြင်း ပြုလုပ်ပါ။
၂။ သင့်မျက်တောင်လေးအချိန်ကြာကြာ ကော့နေဖို့ဆိုရင် မျက်တောင်ကော့ဆေး မသုံးခင် စက္ကန့်အနည်းငယ်လောက် မျက်တောင်ကော့စက်ကို ဆံပင်လေမှုတ်စက်နဲ့ နွေးအောင်လုပ်ပေးပါ။
၃။ ရေမွှေးရန့ံကြာရှည်ခံအောင် ရေမွှေးမဆွတ်ခင်မှာ လက်ကောက်ဝတ်ပေါ်ကို Vaseline နှင့် ညင်သာစွာပွတ်ပေးပါ။
၄။ သင့်လက်သည်းလေးတွေ ခိုင်မာပြီး လှပအောင် အက်စပရင်ဆေးပြား ၂ပြားနှင့် ဗီတာမင်အေဆေးထောင့် ၁တောင့်၊ ပင်လယ်ဆား စားပွဲတင်ဇွန်း၁ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီအနည်းငယ်ကို ရေ၂၀၀ml ထဲမှာဖျော်ပါ။ ပြီးနောက် ၁၀မိနစ်လောက် သင့်လက်တွေကို ထိုဖျော်ထားတဲ့ခွက်ထဲမှာ နှစ်ထားပေးပါ။ ပြီးမှ တစ်ရှုးနှင့် သုတ်ပေးပါ။
၅။ သင့်မှာ deodarant ကုန်သွားတဲ့အခါ အဲ့ဒီအစား ခံတွင်းသန့်ဆေးရည်ကို သုံးနိုင်ပါတယ်။ ၀ါရွမ်းတစ်ခုဖြင့် ခံတွင်းသန့်ဆေးကို တို့ပြီး သင့်ချိုင်းမှာ လိမ်းပေးပါ။ ခံတွင်းသန့်ဆေးက ဘက်တီးရီးယားအားလုံးကို သတ်ပေးပြီး တစ်နေ့တာလုံး လန်းဆန်းနေမှာပါ။
၆။ သင်မလိုချင်တဲ့ အမွှေးတွေ ဖယ်ရှားပစ်ချင်ရင် သင့်ရဲ့အသားအရေကို exfoliate ကောင်းကောင်းလုပ်ဖို့ လိုအပ်ပါတယ်။ ပုံမှန်သုံးနေကျ ဆပ်ပြာတုံးတစ်တုံးကို အရည်ဖျော်ပါ။ ကုလားပဲမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း၊ ပဲနီကလေးအမှုန့် စားပွဲတင်ဇွန်း ၁ဇွန်းကို ထည့်ပါ။နနွင်း စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပေးပြီး အရေပြားဆဲလ်သေတွေကို exfoliate လုပ်ပေးမယ့် သဘာဝဆပ်ပြာတုံး ရလာပါလိမ့်မယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here