25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ပ်ိဳေမတိုင္း သိထားသင့္တဲ့ မတူညီေသာ မိတ္ကပ္အမ်ိဳးအစားမ်ားအေၾကာင္း
Health & Beauty

ပ်ိဳေမတိုင္း သိထားသင့္တဲ့ မတူညီေသာ မိတ္ကပ္အမ်ိဳးအစားမ်ားအေၾကာင္း

ပ်ိဳေမတိုင္း သိထားသင့္တဲ့

မိတ္ကပ္က လူတစ္ေယာက္ရဲ႕အလွအပကို ျမွင့္တင္ေပးႏိုင္သလို ကိုယ့္ရဲ႕ရွိရင္းစြဲအလွအပကို ပိုၿပီးေပၚလြင္ေစပါတယ္။ မိတ္ကပ္က ကိုယ့္ရဲ႕မ်က္ႏွာေပၚက အျပစ္အနာအခ်ိဳ႕ကို ဖံုးကြယ္ေပးႏိုင္ၿပီး ကုိယ့္ကိုယ္ကို ယံုၾကည္မႈ ရရွိေစတာေၾကာင့္ ကၽြန္မတို႔မိန္းကေလးေတြ ႏွစ္သက္ၾကတာျဖစ္ပါတယ္။ ကၽြန္မတို႔မိန္းကေလးေတြကို ပိုၿပီးလွပေစဖို႔အတြက္ အသံုးျပဳႏုိင္တဲ့ မိတ္ကပ္အမ်ိဳးအစား အမ်ိဳးမ်ိဳးရွိပါတယ္။
၁။ Moisturizer


မိတ္ကပ္ေတြထဲမွာ Moisturizer က မျဖစ္မေနလိမ္းသင့္တဲ့ အစိတ္အပိုင္းတစ္ခုပါပဲ။ မနက္မိုးလင္းတာနဲ႔ သင့္မ်က္ႏွာကို သန္႔ရွင္းၿပီးေနာက္မွာ လိမ္းေပးသင့္တဲ့ ပထမဆံုးအရာတစ္ခုပါ။ moisturizer က ေရဓါတ္ကို ျပန္လည္ထိန္းသိမ္းျခင္းအားျဖင့္ အသားအေရကို ပ်က္စီးျခင္းမွ တားဆီးေပးပါတယ္။ အသားအေရတိုင္းအတြက္ moisturizer ကလိုအပ္ပါတယ္။ moisturizer ဟာ အေရးအေၾကာင္းေတြ ျဖစ္ေပၚျခင္းမွလည္း ထိန္းသိမ္းေပးႏိုင္တာေၾကာင့္ သင့္ makeup collection ထဲမွ အံ့ၾသစရာ အရာတစ္ခုျဖစ္ပါတယ္။
၂။ primer


lip primer, eyelid primer,နဲ႕ mascara primer အပါအဝင္ primer အမ်ိဳးမ်ိဳး ရွိပါတယ္။ အခုေတာ့ foundation primer အေၾကာင္းကို ေျပာျပေပးပါ့မယ္။ moisturize လိမ္းၿပီးေနာက္ foundation မလိမ္းခင္မွာ primer ကိုလိမ္းေပးရပါမယ္။ ဒါက မိတ္ကပ္ထဲမွာ အေကာင္းဆံုးအရာတစ္ခုလို႔ဆိုလညး္ မမွားႏိုင္ပါဘူး။ primer ကိုအဓိကရည္ရြယ္ခ်က္ ၂ခုအတြက္ အသံုးျပဳပါတယ္။ မိတ္ကပ္လိမ္းတဲ့အခါ မိတ္ကပ္ညီညာၿပီး တစ္သားတည္းျဖစ္ေနေစဖို႔ႏွင့္ မိတ္ကပ္ပိုၿပီး တာရွည္ခံေစဖို႔ ျဖစ္ပါတယ္။ မ်က္ႏွာအသားအေရကို ပိုၿပီးေခ်ာမြတ္ေစၿပီး ေခၽြးေပါက္ေတြ၊ အေရးေၾကာင္းေတြကို မျမင္ေအာင္ဖံုးေပးပါတယ္။
၃။ Foundation


မိန္းကေလးေတြ မိတ္ကပ္လိမ္းတဲ့အခါ Foundation မိတ္ကပ္က မပါမျဖစ္တစ္ခုပါ။ Foundation မိတ္ကပ္က အသားအေရာင္ကို ပိုေကာင္းေအာင္ လုပ္ေပးတဲ့အျပင္ အသားအေရကို အျပစ္အနာဆာကင္းၿပီး သဘာဝက်က်ျဖစ္ေအာင္ လုပ္ေပးတဲ့ ေအာက္ခံမိတ္ကပ္အမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။ Foundation ဟာ အသားအေရအျပစ္အနာအဆာတစ္ခ်ိဳ႕ရွိသူ အမ်ိဳးသား၊ အမ်ိဳးသမီးအတြက္ပဲလို႔ လူအမ်ားက ထင္ၾကပါတယ္။ ဒါက မဟုတ္ပါဘူး။ ဘယ္မိတ္ကပ္လိမ္းလိမ္း မရွိမျဖစ္လိုအပ္တဲ့ မိတ္ကပ္အမ်ိဳးအစားတစ္ခုျဖစ္ပါတယ္။
၄။ concealer


လူတိုင္းက Perfect ျဖစ္တဲ့ အသားအေရကို လိုခ်င္ၾကေပမယ့္ Perfect ျဖစ္တဲ့ အသားအေရဆိုတာ လူအနည္းငယ္ေလာက္သာ ရွိၾကမွာပါ။ ဒီေတာ့ မိတ္ကပ္လိမ္းတဲ့အခါ Perfect ျဖစ္ေနေစဖို႔ မ်က္ႏွာအသားအေရေပၚက အနာအဆာမ်ားကို ဖံုးအုပ္ေပးႏိုင္တဲ့ concealer မိတ္ကပ္ကို သံုးဖို႔ လိုပါတယ္။ concealer ကအသားအေရာင္ကို ပိုဝင္းေစၿပီး မ်က္ကြင္းညိဳတာေတြ အေရးအေၾကာင္းေတြ၊ အမာရြတ္ေတြကို ဖံုးကြယ္ေပးႏိုင္ပါတယ္။ Foundation မိတ္ကပ္ကို အရင္လိ္္မ္းၿပီးမွ concealer ကို လိမ္းေပးပါ။
၅။ Contour


Contouring ကို အေရးႀကီးတဲ့ နည္းစနစ္ အမ်ိဳးအစားတစ္ခုအျဖစ္ အသံုးျပဳပါတယ္။ ဒါက ေမာ္ဒယ္ေတြကို လိ္မ္းေပးတဲ့အခါ မိတ္ကပ္ artists ေတြသာ အသံုးျပဳၾကတာပါ။ Contouring က လူတစ္ေယာက္ရဲ႕ မ်က္ႏွာက်ကို သတ္မွတ္ဖို႔အတြက္ သံုးတာျဖစ္ၿပီး ေသးသြယ္တဲ့မ်က္ႏွာ impression ကို ေပးပါတယ္။ ကိုယ္လိုခ်င္တဲ့ လူတစ္ေယာက္ရဲ႕မ်က္ႏွာအသြင္သ႑ာန္ကို ေျပာင္းလဲပစ္ႏိုင္ပါတယ္။ မ်က္ႏွာရဲ႕ အလင္းအေမွာင္ေနရာေတြကို ဖန္တီးဖို႔ ကိုယ့္အသားအေရာင္ထက္ အနည္းငယ္ညိဳတဲ့ပံုစံကိုေရြးခ်ယ္ပါ။ အသားအရမ္းညိဳတဲ့သူဆိုရင္ contour အေရာင္ကို ခပ္ရင့္ရင့္မသံုးသင့္ပါဘူး။
၆။ Highlighter


Highlighter က contour ရဲ႕အစ္မလို႔ေျပာရင္မမွားပါဘူး။ ဖန္တီးမႈပါဝင္တဲ့ မိတ္ကပ္အျပင္အဆင္ေတြထဲမွာ Highlighter ကမပါမျဖစ္ပါပဲ။ Highlighter ကမိတ္ကပ္ျပင္ဆင္မႈကို ေျပာင္းလဲသြားေစႏိုင္တဲ့ မိတ္ကပ္တစ္မ်ိဳးျဖစ္ၿပီး မ်က္ႏွာကို ေျပာင္လက္ ဝငး္ပေနေစပါတယ္။ Highlighter ေတြမွာလည္း Foundation ေတြလိုပဲ ကိုယ့္အသားေရာင္နဲ႔ လိုက္ဖက္ညီတဲ့ အေရာင္ေတြ ေ႐ြးခ်ယ္ဖို႔ လိုပါတယ္။
၇။ Blushes


ပါးမို႔ေလးကို ပန္းေသြးေရာင္သန္းေနေစၿပီး အလွကို ပိုေပၚလြင္ေစဖို႔ Blushes(ပါးနီ) ကို သံုးၾကတာျဖစ္ပါတယ္။ ပါးနီဆိုးတဲ့အခါ အမ်ားႀကီးမဆိုးပဲ သဘာဝက်က်ေလးပဲ ဆိုးေပးပါ။ ပါးနီမွာ ပန္းေရာင္၊ မက္မြန္ေရာင္၊ ပန္းေသြးေရာင္ စသျဖင့္ မတူညီတဲ့ အေရာင္အေသြး အမ်ိဳးမ်ိဳးရွိပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Source-fashioncentra

Unicode

ပျိုမေတိုင်း သိထားသင့်တဲ့ မတူညီသော မိတ်ကပ်အမျိုးအစားများအကြောင်း
မိတ်ကပ်က လူတစ်ယောက်ရဲ့အလှအပကို မြှင့်တင်ပေးနိုင်သလို ကိုယ့်ရဲ့ရှိရင်းစွဲအလှအပကို ပိုပြီးပေါ်လွင်စေပါတယ်။ မိတ်ကပ်က ကိုယ့်ရဲ့မျက်နှာပေါ်က အပြစ်အနာအချို့ကို ဖုံးကွယ်ပေးနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ရရှိစေတာကြောင့် ကျွန်မတို့မိန်းကလေးတွေ နှစ်သက်ကြတာဖြစ်ပါတယ်။ ကျွန်မတို့မိန်းကလေးတွေကို ပိုပြီးလှပစေဖို့အတွက် အသုံးပြုနိုင်တဲ့ မိတ်ကပ်အမျိုးအစား အမျိုးမျိုးရှိပါတယ်။
၁။ Moisturizer


မိတ်ကပ်တွေထဲမှာ Moisturizer က မဖြစ်မနေလိမ်းသင့်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ မနက်မိုးလင်းတာနဲ့ သင့်မျက်နှာကို သန့်ရှင်းပြီးနောက်မှာ လိမ်းပေးသင့်တဲ့ ပထမဆုံးအရာတစ်ခုပါ။ moisturizer က ရေဓါတ်ကို ပြန်လည်ထိန်းသိမ်းခြင်းအားဖြင့် အသားအရေကို ပျက်စီးခြင်းမှ တားဆီးပေးပါတယ်။ အသားအရေတိုင်းအတွက် moisturizer ကလိုအပ်ပါတယ်။ moisturizer ဟာ အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းမှလည်း ထိန်းသိမ်းပေးနိုင်တာကြောင့် သင့် makeup collection ထဲမှ အံ့သြစရာ အရာတစ်ခုဖြစ်ပါတယ်။
၂။ primer


lip primer, eyelid primer,နဲ့ mascara primer အပါအဝင် primer အမျိုးမျိုး ရှိပါတယ်။ အခုတော့ foundation primer အကြောင်းကို ပြောပြပေးပါ့မယ်။ moisturize လိမ်းပြီးနောက် foundation မလိမ်းခင်မှာ primer ကိုလိမ်းပေးရပါမယ်။ ဒါက မိတ်ကပ်ထဲမှာ အကောင်းဆုံးအရာတစ်ခုလို့ဆိုလညး် မမှားနိုင်ပါဘူး။ primer ကိုအဓိကရည်ရွယ်ချက် ၂ခုအတွက် အသုံးပြုပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်ညီညာပြီး တစ်သားတည်းဖြစ်နေစေဖို့နှင့် မိတ်ကပ်ပိုပြီး တာရှည်ခံစေဖို့ ဖြစ်ပါတယ်။ မျက်နှာအသားအရေကို ပိုပြီးချောမွတ်စေပြီး ချွေးပေါက်တွေ၊ အရေးကြောင်းတွေကို မမြင်အောင်ဖုံးပေးပါတယ်။
၃။ Foundation


မိန်းကလေးတွေ မိတ်ကပ်လိမ်းတဲ့အခါ Foundation မိတ်ကပ်က မပါမဖြစ်တစ်ခုပါ။ Foundation မိတ်ကပ်က အသားအရောင်ကို ပိုကောင်းအောင် လုပ်ပေးတဲ့အပြင် အသားအရေကို အပြစ်အနာဆာကင်းပြီး သဘာဝကျကျဖြစ်အောင် လုပ်ပေးတဲ့ အောက်ခံမိတ်ကပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Foundation ဟာ အသားအရေအပြစ်အနာအဆာတစ်ချို့ရှိသူ အမျိုးသား၊ အမျိုးသမီးအတွက်ပဲလို့ လူအများက ထင်ကြပါတယ်။ ဒါက မဟုတ်ပါဘူး။ ဘယ်မိတ်ကပ်လိမ်းလိမ်း မရှိမဖြစ်လိုအပ်တဲ့ မိတ်ကပ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။
၄။ concealer


လူတိုင်းက Perfect ဖြစ်တဲ့ အသားအရေကို လိုချင်ကြပေမယ့် Perfect ဖြစ်တဲ့ အသားအရေဆိုတာ လူအနည်းငယ်လောက်သာ ရှိကြမှာပါ။ ဒီတော့ မိတ်ကပ်လိမ်းတဲ့အခါ Perfect ဖြစ်နေစေဖို့ မျက်နှာအသားအရေပေါ်က အနာအဆာများကို ဖုံးအုပ်ပေးနိုင်တဲ့ concealer မိတ်ကပ်ကို သုံးဖို့ လိုပါတယ်။ concealer ကအသားအရောင်ကို ပိုဝင်းစေပြီး မျက်ကွင်းညိုတာတွေ အရေးအကြောင်းတွေ၊ အမာရွတ်တွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။ Foundation မိတ်ကပ်ကို အရင်လိ််မ်းပြီးမှ concealer ကို လိမ်းပေးပါ။
၅။ Contour


Contouring ကို အရေးကြီးတဲ့ နည်းစနစ် အမျိုးအစားတစ်ခုအဖြစ် အသုံးပြုပါတယ်။ ဒါက မော်ဒယ်တွေကို လိ်မ်းပေးတဲ့အခါ မိတ်ကပ် artists တွေသာ အသုံးပြုကြတာပါ။ Contouring က လူတစ်ယောက်ရဲ့ မျက်နှာကျကို သတ်မှတ်ဖို့အတွက် သုံးတာဖြစ်ပြီး သေးသွယ်တဲ့မျက်နှာ impression ကို ပေးပါတယ်။ ကိုယ်လိုချင်တဲ့ လူတစ်ယောက်ရဲ့မျက်နှာအသွင်သဏ္ဍာန်ကို ပြောင်းလဲပစ်နိုင်ပါတယ်။ မျက်နှာရဲ့ အလင်းအမှောင်နေရာတွေကို ဖန်တီးဖို့ ကိုယ့်အသားအရောင်ထက် အနည်းငယ်ညိုတဲ့ပုံစံကိုရွေးချယ်ပါ။ အသားအရမ်းညိုတဲ့သူဆိုရင် contour အရောင်ကို ခပ်ရင့်ရင့်မသုံးသင့်ပါဘူး။
၆။ Highlighter


Highlighter က contour ရဲ့အစ်မလို့ပြောရင်မမှားပါဘူး။ ဖန်တီးမှုပါဝင်တဲ့ မိတ်ကပ်အပြင်အဆင်တွေထဲမှာ Highlighter ကမပါမဖြစ်ပါပဲ။ Highlighter ကမိတ်ကပ်ပြင်ဆင်မှုကို ပြောင်းလဲသွားစေနိုင်တဲ့ မိတ်ကပ်တစ်မျိုးဖြစ်ပြီး မျက်နှာကို ပြောင်လက် ဝငး်ပနေစေပါတယ်။ Highlighter တွေမှာလည်း Foundation တွေလိုပဲ ကိုယ့်အသားရောင်နဲ့ လိုက်ဖက်ညီတဲ့ အရောင်တွေ ရွေးချယ်ဖို့ လိုပါတယ်။
၇။ Blushes


ပါးမို့လေးကို ပန်းသွေးရောင်သန်းနေစေပြီး အလှကို ပိုပေါ်လွင်စေဖို့ Blushes(ပါးနီ) ကို သုံးကြတာဖြစ်ပါတယ်။ ပါးနီဆိုးတဲ့အခါ အများကြီးမဆိုးပဲ သဘာဝကျကျလေးပဲ ဆိုးပေးပါ။ ပါးနီမှာ ပန်းရောင်၊ မက်မွန်ရောင်၊ ပန်းသွေးရောင် စသဖြင့် မတူညီတဲ့ အရောင်အသွေး အမျိုးမျိုးရှိပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-fashioncentra

Related posts

သိပၸံပညာရွင္မ်ားေဖာ္ျပထားတဲ့ ဖုန္းမသိမ္းဆည္းသင့္တ့ဲေနရာ (၁၀)ေနရာ

Nandar Lwin

ဝမ္းပ်က္ ဝမ္းေလွ်ာေနခ်ိန္ ေဆာင္သင့္၊ ေရွာင္သင့္ သည့္ အခ်က္မ်ား

OMCTC

ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္ေသာ ဗီတာမင္ A

Kyaw Htike Aung

Leave a Comment