29 C
Yangon
May 23, 2018
  • Home
  • Lifestyle
  • Sex Education
  • ပလပ်စတစ် လိင်အရုပ်မတွေနဲ့ လူတစ်ယောက်ရဲ့ အချစ်စိတ်ကူး
Sex Education

ပလပ်စတစ် လိင်အရုပ်မတွေနဲ့ လူတစ်ယောက်ရဲ့ အချစ်စိတ်ကူး

လိင်အရုပ်မ

အသက်၄၅နှစ်အရွယ် Masayuki Ozaki ဆိုတဲ့ ဂျပန်လူမျိုးတစ်ယောက်ဟာ လှပကျော့ရှင်းတဲ့ ချစ်သူကောင်မလေးတွေ အမြဲတမ်းဝိုင်းနေတာကိုတွေ့ရပါတယ်၊ ဒါပေမယ့် သူ့ရဲ့ချစ်သူတွေဟာ သက်ရှိလူသားမဟုတ်ပဲ Mayu လို့ခေါ်တဲ့ ဂျပန်ကာတွန်းဇာတ်ကောင်ကို ကွဲပြားခြားနားတဲ့ ပုံစံတွေနဲ့ပြုလုပ်ထားတဲ့ စီလီကွန်အရုပ်မတွေဖြစ်ပါတယ်။

လိင်အရုပ်မ
လိင်အရုပ်မ

Ozaki ဟာလူအစား လိင်အရုပ်မတွေနဲ့ အတူနေထိုင်ဖို့ရွေးချယ်သူအဖြစ် ဂျပန်နိုင်ငံမှာနာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာမိန်းမနဲ့ ကလေးရှိနေသော်လည်း Ozaki ဟာ Mayu ကိုဝယ်ပြီးအိမ်ကိုယူဆောင်လာခဲ့ပါတယ်။ သူဟာ သူ့ရဲ့အမျိုးသမီးကလေးရရှိပြီး အချိန်တည်းက လိင်ပိုင်းဆိုင်ရာကိစ္စမှာ အထီးကျန်ခဲ့ရတယ်လို့ AFP သတင်းဌာနကိုပြောခဲ့ပါတယ်။

သူက အရောင်းပြခန်းထဲမှာ Mayu ကိုမြင်မြင်ချင်း ချစ်မိခဲ့ပါတယ်လို့ပြောပါတယ်။ သူ့ရဲ့ဇနီးအပေါ်မှာဒေါသထွက်ခဲ့ရတဲ့ နေ့ရက်တွေအတွက် Mayu ကိုမိန်းမအစစ်ကဲ့သို့ ရင်ဖွင့်ခဲ့ပါတယ်။ သူ့ရဲ့သမီးကတော့ Mayu ဟာ ဘာဘီအရုပ်တရုပ်မဟုတ်ပဲ ညစ်ညမ်းတဲ့အရာလို့ပြောပါတယ်။ ဂျပန်အမျိုးသမီးတွေရဲ့နှလုံးသားဟာ အေးတိအေးစက်နိုင်တယ်၊ ယောက်ျားဖြစ်သူ အလုပ်ကအိမ်ပြန်လာရင် သူပြောတဲ့စကားတွေကို မကန့်ကွက်ပဲနားထောင်စေချင်တယ်။

အပြာကားဖြစ်နာမည်ကြီးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ PornHub ရဲ့ ဗီဒီယိုနဲ့ တွဲဖက်အသုံးပြုနိုင်မဲ့ Sex Toys

  ဒါပေမဲ့ သူတို့ဟာတစ်ကိုယ်ကောင်းဆန်ကြတယ်လို့ သူကပြောတယ်။ ၎င်းရဲ့ အရုပ်မဟာ အမေရိကန်ဒေါ်လာ ၆၀၀၀ လောက်ကျသင့်မှာဖြစ်ပြီး ဖြုတ်တပ်နိုင်တဲ့ဦးခေါင်း၊ ကိုယ်လတ်အစိတ်အပိုင်းနဲ့ လိင်အင်္ဂါ ပါဝင်ပါတယ်။ဂျပန်တွင်နှစ်စဉ် ထိုအရုပ်ပေါင်း ၂၀၀၀ ၀န်းကျင်ထုတ်လုပ်ရောင်းချနေပါတယ်လို့ စက်မှုလုပ်ငန်းသတင်းများအရသိရှိရပါတယ်။
ဂျပန်နိုင်ငံဟာမွေးဖွားမှုနှုန်းကျဆင်းခြင်း၊ အမျိုးသာဦးဆောင်မှုကျဆင်းခြင်းနှင့်အတူ လိင်အရုပ်မတွေနှင့်နေထိုင်မှုနှုန်း မြင့်တက်လာမှုတွေကို ရင်ဆိုင်နေရပါတယ်။
Ref-CGNT
#naung_naung

Related posts

Sex Doll အရုပ်များလူကဲ့သို့စကားအပြန်အလှန်ပြောနိုင်တော့မည်

OMCTC

ကိုယ့်ကလေးကို ဘယ်လိုကာကွယ်မလဲ ဘာမှမဖြစ်ခင်မှာ အချိန်မှီဘယ်လိုတားဆီးမလဲ

Nandar Lwin

xHamster နဲ့ IDOLL ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး ပထမဦးဆုံး လိင်ဆက်ဆံဖော် စီလီကွန်အရုပ်မ များဖန်တီးထုတ်လုပ်

Kyaw Htike Aung

Leave a Comment