
0
20


-Advertisement-


တောင်ကိုရီးယားမှာ ဒိုမီနိုနှင့် ပတ်သတ်ပြီး ၃ခုရှာဖွေခဲ့ကြောင်း၊ ပီဇာက တော်တော်စိတ်ပျက်လောက်အောင် ဈေးကြီးကြောင်း(အကြီးတစ်ခုကို ၂၅ဒေါ်လာကျော်)နဲ့ ထုပ်ပိုးထားတဲ့ဘူးကလည်း Valentine’s day အတွက် ဂေးစုံတွဲဖြစ်လို့ တော်တော် စိတ်ပျက်စရာကောင်းကြောင်း David Wharton က ပိုစ့်တင်ထားခဲ့တာ ဖြစ်ပါတယ်။







wow! ငါအံ့သြတယ် မင်းသတင်းထောက်တစ်ယောက်ဖြစ်ပြီး အလုပ်အတွက် မင်းအလည်သွားမယ့် နိုင်ငံအကြောင်း အခြေခံလေးတောင် မရှာဘူးလား? နိုင်ငံနဲ့ပတ်သတ်ပြီး ထိခိုက်စေမယ့် အရာတွေကို မင်းမသိရင် ပိုစ့်မတင်ခင် လေ့လာဖို့ကြိုးစားသင့်တယ်လို့ အင်တာနက်သုံးသူတစ်ချို့က ဝေဖန်ထားပါတယ်။

#Lifestyle_Myanmar
#TB_Nandar

Unicode

ပတ်ခ်ဘိုဂွမ်နှင့် ဆောင်းဂျွန်ကီကို ဂေးစုံတွဲအဖြစ် မှားခဲ့တဲ့ LA Times ကစာရေးဆရာ

David Wharton ဟာ Los Angeles Times အတွက် အားကစားသတင်းတွေကို ရေးသားနေသူဖြစ်ပြီး သူသည်2018 ဆောင်းရာသီ အိုလံပစ်အတွက် အိုလံပစ်ကျင်းပရာ တောင်ကိုရီးယားနိုင်ငံ Pyeong Chang မှာ လက်ရှိနေထိုင်နေပါတယ်။ သူသည်မကြာသေးခင်က ကိုရီးယား ဒိုမီနိုကနေ ပီဇာတစ်ခု order မှာပြီး ကိုရီးယားအကြောင်း ရှာဖွေမှု ၃ခုပြုလုပ်ခဲ့ပါတယ်။ သူမှားယွင်းစွာပဲ ပတ်ခ်ဘိုဂွမ်နှင့်ဆောင်းဂျွန်ကီတို့ရုပ်ပုံကို ဂေးစုံတွဲအဖြစ်ထင်ခဲ့ပါတယ်။
တောင်ကိုရီးယားမှာ ဒိုမီနိုနှင့် ပတ်သတ်ပြီး ၃ခုရှာဖွေခဲ့ကြောင်း၊ ပီဇာက တော်တော်စိတ်ပျက်လောက်အောင် စျေးကြီးကြောင်း(အကြီးတစ်ခုကို ၂၅ဒေါ်လာကျော်)နဲ့ ထုပ်ပိုးထားတဲ့ဘူးကလည်း Valentine’s day အတွက် ဂေးစုံတွဲဖြစ်လို့ တော်တော် စိတ်ပျက်စရာကောင်းကြောင်း David Wharton က ပိုစ့်တင်ထားခဲ့တာ ဖြစ်ပါတယ်။

ဆောင်းဂျွန်ကီနှင့် ပတ်ခ်ဘိုဂွမ်တို့သည် ပြီးခဲ့တဲ့နှစ်ထဲက ကိုရီးယားမှာ ဒိုမီနိုပီဇာကြော်ငြာ မော်ဒယ်များဖြစ်ခဲ့ကြတာပါ။
ပီဇာမှာ ကြော်ငြာထားတဲ့ ပုံကတော့ ဆောင်းဂျွန်ကီတို့နှစ်ယောက်ဟာ စုံတွဲတွေလို တစ်ယောက်နဲ့တစ်ယောက် မုန့်ခွံကျွေးနေတဲ့ပုံဖြစ်ပါတယ်။
သူတို့သူငယ်ချင်းနှစ်ယောက်အကြား ခင်မင်မှုနှင့် သူတို့ရဲ့ရာဇဝင်ကို မသိသောသူ တစ်ယောက်ယောက်အတွက် အထင်လွဲမှားစရာ ဖြစ်နိုင်ပါတယ်။
wow! ငါအံ့သြတယ် မင်းသတင်းထောက်တစ်ယောက်ဖြစ်ပြီး အလုပ်အတွက် မင်းအလည်သွားမယ့် နိုင််ငံအကြောင်း အခြေခံလေးတောင် မရှာဘူးလား? နို်င်ငံနဲ့ပတ်သတ်ပြီး ထိခိုက်စေမယ့် အရာတွေကို မင်းမသိရင် ပိုစ့်မတင်ခင် လေ့လာဖို့ကြိုးစားသင့်တယ်လို့ အင်တာနက်သုံးသူတစ်ချို့က ဝေဖန်ထားပါတယ်။
နောက်ဆုံးမှာတော့ David Wharton က တွစ်တာမှတဆင့် သူ့ရဲ့အမှားကို တောင်းပန်ခဲ့ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here