31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ဓမၼတာလာစဥ္ ဗိုက္ေအာင့္ျခင္းကို ဖယ္ရွားပစ္ဖို႔ အိမ္တြင္းေဆးနညး္မ်ား
Health & Beauty

ဓမၼတာလာစဥ္ ဗိုက္ေအာင့္ျခင္းကို ဖယ္ရွားပစ္ဖို႔ အိမ္တြင္းေဆးနညး္မ်ား

ဓမၼတာလာစဥ္ ၀မ္းဗိုက္ေအာက္ပိုင္းတ၀ိုက္ နာက်င္ျခင္းက အမ်ိဳးသမီးေတြ ရင္ဆိုင္ရတဲ့ အဆိုးဆံုးျပႆနာမ်ားထဲက တစ္ခုျဖစ္ပါတယ္။ ပ်မ္းမွ်အားျဖင့္ အမ်ိဳးသမီး ၄ေယာက္မွာ ၃ေယာက္ေလာက္က ဓမၼတာလာစဥ္ ဗိုက္ေအာင့္ျခင္းကို ရင္ဆိုင္ရၿပီး အမ်ိဳးသမီး ၁၀ေယာက္မွာ တစ္ေယာက္က ( dysmenorrhea လို႔ေခၚတဲ့) ျပင္းထန္တဲ့ ကိုက္ခဲျခင္းကို ရင္ဆိုင္ရပါလိမ့္မယ္။

ဓမၼတာလာစဥ္အတြင္း ဘာ့ေၾကာင့္ ဗိုက္ေအာင့္ရတာလဲ? ဓမၼတာလာစဥ္မွာ သားအိမ္အနားသတ္ေတြကို(မ်ိဳးေအာင္တဲ့အခါ သေႏၶသားကို ကာကြယ္ရန္ ဖန္တီးထားေသာ) စြန္႔ထုတ္ဖို႔ သားအိမ္က်ဳံ႕ရပါတယ္။ နာက်င္မႈ၊ ေရာင္ရမ္းမႈေတြျဖစ္ေစသာ Prostaglandins လို႔ေခၚေသာ ေဟာ္မုန္းတစ္မ်ိဳးဟာ သားအိမ္ျကြက္သားမ်ားကိုက်ဳံ႕ေစပါတယ္။ Prostaglandins ကလည္း ဒီျဖစ္စဥ္မွာ ျပင္းထန္တဲ့ နာက်င္မႈကို ျဖစ္ေစပါတယ္။ သားအိမ္က်ံဳ႕ျခင္းဟာ သားအိမ္ကိုေထာက္ပ့ံေပးေနေသာ ေသြးေၾကာမ်ားကိုက်ဥ္းသြားေစတာေၾကာင့္ နာက်င္ရျခင္းျဖစ္နုိင္ပါတယ္။
ဒီကာလမွာ ခက္ခဲတဲ့ ေန႔ရက္ေတြကို ေက်ာ္လႊားႏိုင္ဖို႔ ကုစားနည္းတစ္ခ်ိဳ႕ရွိပါတယ္။

၁။ ႏွမ္းဆီ
ႏွမ္းဆီမွာ အင္တီေအာက္ဆီဒင့္ႏွင့္ linoleic acid တို႔ၾကြယ္၀ၿပီး ဓမၼတာလာစဥ္ ဗိုက္ေအာင့္ျခင္းမွ ခံစားရတဲ့အခါ အလြန္သက္သာရရေစႏိုင္ပါတယ္။ ဆီအနညး္ငယ္ယူၿပီး သင့္၀မ္းဗိုက္ေအာက္ပိုင္းေပၚမွာ ႏွိပ္နယ္ေပးပါ။ ဒါက အမ်ားႀကီး သက္သာေစပါလိမ့္မယ္။

၂။ ေလ့က်င့္ခန္း
၁၅မိနစ္ေလာက္ လမ္းသြက္သြက္ေလွ်ာက္ျခင္း၊ ေလွကား ေျပးတတ္ေျပးဆင္း ျပဳလုပ္ေပးပါ။ ဘယ္ကိုယ္လက္လႈပ္ရွားမႈမဆို ေသြးလည္ပတ္မႈ ေကာင္းေစပါတယ္။ နာက်င္မႈကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

၃။ ခ်ာမိုမိုင္း လက္ဖက္ရည္
ခ်ာမိုမိုင္း က နာက်င္မႈကို သက္သာေစတဲ့ အရည္အေသြးရွိေၾကာင္း ေလ့လာမႈတစ္ခုမွာ ေဖာ္ျပထားပါတယ္။

၄။ အပူ
နာက်င္မႈကို ေလွ်ာ့ခ်ေပးဖို႔ ၀မ္းဗိုက္ေအာက္ပိုင္းဧရိယာေပၚမွာ ေရေႏြးအိတ္ သို႔ ပုလင္း ကပ္ေပးပါ။ ဒါက နာက်င္ေစတဲ့ အေၾကာင္းရင္းျဖစ္တဲ့ သားအိမ္က်ံဳ႕ျခင္းကို သက္သာေစပါတယ္။ တနညး္အားျဖင့္ ေရေႏြးေႏြးျဖင့္ ေရခ်ိဳးျခင္း၊ လက္ဖက္ရည္၊ ေခ်ာကလက္အပူ၊ ေကာ္ဖီ၊ ႏို႔ စတဲ့ အရည္ပူပူေလးေတြ ေသာက္ေပးႏိုင္ပါတယ္။

၅။ ဂ်င္းႏွင့္ ငရုတ္ေကာင္း လက္ဖက္ရည္
ဂ်င္းႏွင့္ ငရုတ္ေကာင္းက ဓမၼတာလာစဥ္ နာက်င္မႈကို ေလ်ာ့ပါးေအာင္ကူညီေပးတဲ့ အပူပါ၀င္တဲ့ အစားအစာျဖစ္ပါတယ္။ ဒီလက္ဖက္ရည္ကို ေန႔စဥ္ တစ္ႀကိမ္ေသာက္ပါ။

၆။ ဗီတာမင္ဒီ
ကာကြယ္ျခင္းက ကုသျခင္းထက္ပိုေကာင္းတယ္ဆိုတဲ့ စကားပံုေဟာင္းရွိပါတယ္။ အမ်ိဳးသမီးေတြမွာ ဗီတာမင္D3ပမာဏျမင့္မားတဲ့သူေတြက နာက်င္မႈ 41%ေလ်ာ့က်ေၾကာင္းကို ေတြ႕ရွိခဲ့ပါတယ္။ အီတလီအမ်ိဳးေတြအေပၚမွာ ေကာက္ယူတဲ့ ေလ့လာမႈျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္ D3 ျမင့္မားတဲ့ အစားအစာမ်ားကို စားသံုးေပးပါ။ ဗီတာမင္ D3 စားသံုးျခငး္က အရိုးေတြကို က်န္းမာသန္စြမ္းေစပါတယ္။ အမ်ားအားျဖင့္ ႏြားႏို႔ကဲ့သို႔ေသာ ထုတ္ကုန္မ်ားမွာ အမ်ားစုေတြ႕ရွိရပါတယ္။


#Lifestyle_Myanmar
#TB_Nandar
Source-glowpink

Unicode

ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်းကို ဖယ်ရှားပစ်ဖို့ အိမ်တွင်းဆေးနညး်များ
ဓမ္မတာလာစဉ် ဝမ်းဗိုက်အောက်ပိုင်းတဝိုက် နာကျင်ခြင်းက အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ အဆိုးဆုံးပြဿနာများထဲက တစ်ခုဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီး ၄ယောက်မှာ ၃ယောက်လောက်က ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်းကို ရင်ဆိုင်ရပြီး အမျိုးသမီး ၁ဝယောက်မှာ တစ်ယောက်က ( dysmenorrhea လို့ခေါ်တဲ့) ပြင်းထန်တဲ့ ကိုက်ခဲခြင်းကို ရင်ဆိုင်ရပါလိမ့်မယ်။

ဓမ္မတာလာစဉ်အတွင်း ဘာ့ကြောင့် ဗိုက်အောင့်ရတာလဲ? ဓမ္မတာလာစဉ်မှာ သားအိမ်အနားသတ်တွေကို(မျိုးအောင်တဲ့အခါ သန္ဓေသားကို ကာကွယ်ရန် ဖန်တီးထားသော) စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေသာ Prostaglandins လို့ခေါ်သော ဟော်မုန်းတစ်မျိုးဟာ သားအိမ်ကြွက်သားများကိုကျုံ့စေပါတယ်။ Prostaglandins ကလည်း ဒီဖြစ်စဉ်မှာ ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေပါတယ်။ သားအိမ်ကျုံ့ခြင်းဟာ သားအိမ်ကိုထောက်ပ့ံပေးနေသော သွေးကြောများကိုကျဉ်းသွားစေတာကြောင့် နာကျင်ရခြင်းဖြစ်နိုင်ပါတယ်။
ဒီကာလမှာ ခက်ခဲတဲ့ နေ့ရက်တွေကို ကျော်လွှားနိုင်ဖို့ ကုစားနည်းတစ်ချို့ရှိပါတယ်။

၁။ နှမ်းဆီ
နှမ်းဆီမှာ အင်တီအောက်ဆီဒင့်နှင့် linoleic acid တို့ကြွယ်ဝပြီး ဓမ္မတာလာစဉ် ဗိုက်အောင့်ခြင်းမှ ခံစားရတဲ့အခါ အလွန်သက်သာရရစေနိုင်ပါတယ်။ ဆီအနညး်ငယ်ယူပြီး သင့်ဝမ်းဗိုက်အောက်ပိုင်းပေါ်မှာ နှိပ်နယ်ပေးပါ။ ဒါက အများကြီး သက်သာစေပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်း
၁၅မိနစ်လောက် လမ်းသွက်သွက်လျှောက်ခြင်း၊ လှေကား ပြေးတတ်ပြေးဆင်း ပြုလုပ်ပေးပါ။ ဘယ်ကိုယ်လက်လှုပ်ရှားမှုမဆို သွေးလည်ပတ်မှု ကောင်းစေပါတယ်။ နာကျင်မှုကိုလည်း လျှော့ချပေးပါတယ်။

၃။ ချာမိုမိုင်း လက်ဖက်ရည်
ချာမိုမိုင်း က နာကျင်မှုကို သက်သာစေတဲ့ အရည်အသွေးရှိကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

၄။ အပူ
နာကျင်မှုကို လျှော့ချပေးဖို့ ဝမ်းဗိုက်အောက်ပိုင်းဧရိယာပေါ်မှာ ရေနွေးအိတ် သို့ ပုလင်း ကပ်ပေးပါ။ ဒါက နာကျင်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ သားအိမ်ကျုံ့ခြင်းကို သက်သာစေပါတယ်။ တနညး်အားဖြင့် ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ လက်ဖက်ရည်၊ ချောကလက်အပူ၊ ကော်ဖီ၊ နို့ စတဲ့ အရည်ပူပူလေးတွေ သောက်ပေးနိုင်ပါတယ်။

၅။ ဂျင်းနှင့် ငရုတ်ကောင်း လက်ဖက်ရည်
ဂျင်းနှင့် ငရုတ်ကောင်းက ဓမ္မတာလာစဉ် နာကျင်မှုကို လျော့ပါးအောင်ကူညီပေးတဲ့ အပူပါဝင်တဲ့ အစားအစာဖြစ်ပါတယ်။ ဒီလက်ဖက်ရည်ကို နေ့စဉ် တစ်ကြိမ်သောက်ပါ။

၆။ ဗီတာမင်ဒီ
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံဟောင်းရှိပါတယ်။ အမျိုးသမီးတွေမှာ ဗီတာမင်D3ပမာဏမြင့်မားတဲ့သူတွေက နာကျင်မှု 41%လျော့ကျကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အီတလီအမျိုးတွေအပေါ်မှာ ကောက်ယူတဲ့ လေ့လာမှုဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင် D3 မြင့်မားတဲ့ အစားအစာများကို စားသုံးပေးပါ။ ဗီတာမင် D3 စားသုံးခြငး်က အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ အများအားဖြင့် နွားနို့ကဲ့သို့သော ထုတ်ကုန်များမှာ အများစုတွေ့ရှိရပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-glowpink

Related posts

ေခါင္းက ေဘာက္ေလးတစ္ခုနဲ႔ေတာ့ သင့္ရဲ႕ အလွေတြကို အမွတ္ေလ်ာ့မခံပါနဲ႔။

Kyaw Htike Aung

ပိန္လြန္းလို႔ စိတ္ညစ္ေနသူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား

OMCTC

ဒူးနာျခင္းသက္သာရန္အတြက္ အထိေရာက္ဆံုး နည္းလမ္းမ်ား

OMCTC

Leave a Comment