31 C
Yangon
June 24, 2018
  • Home
  • Uncategorized
  • ဒုတိယအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံ ကုိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔စံု တက္ေရာက္မည္
Uncategorized

ဒုတိယအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံ ကုိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔စံု တက္ေရာက္မည္

၂၁ ရာစု ပင္လံုညီလာခံ

မနက္ျဖန္ ေနျပည္ေတာ္မွာ စတင္က်င္းပဖို႔ရွိေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လံုညီလာခံ ဒုတိယအႀကိမ္အစည္းအေ၀းမွာ အပစ္ရပ္အဖြဲ႔ေရာ အပစ္မရပ္ေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ေတြပါ အားလုံးတက္ေရာက္မယ္လုိ႔ ပအုိး၀္အမ်ဳိးသားအဖြဲ႔ခ်ဳပ္ နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက ဒီဗြီဘီကုိ ေျပာပါတယ္။

“အခင္းအက်င္းကေတာ့ အဖြဲ႔ေပါင္းစုံ လာတက္တယ္ေပါ့ဗ်ာ။ ဒါေပမယ့္ လာတက္တာက ဆုံခ်က္တခုအေနနဲ႔ လာဆုံတာပဲေပါ့။ ဒါေပမယ့္ ႏုိင္ငံေရးေဆြးေႏြးဖုိ႔ အဆင့္အထိ မပါဘူးဆုိရင္ေတာ့ ၊ ႏုိင္ငံေရးရလဒ္ ႏိုင္ငံေရး ေဆြးေႏြးဆုံးျဖတ္ခ်က္ ရဖုိ႔အထဲမွာ မပါဘူးဆုိရင္ေတာ့ သိပ္ေတာ့လည္း မထိေရာက္ဘူးေပါ့။ သုိ႔ေသာ္လည္းပဲ ဘာမွ ေ၀းေနတာထက္စာရင္ ဆုံခ်က္မွာ ေရာက္လာႏုိင္တယ္ဆုိတာပဲ တုိးတက္ျဖစ္ေပၚမႈ တခုခုေတာ့ ျဖစ္ႏုိင္တာေပါ့။ ေစာေစာတုန္းကေတာ့ တပ္မေတာ္က လုံျခံဳေရးအရ လက္မခံတဲ့အခါက်ေတာ့ နည္းနည္းပုိေ၀းသြားတာေပါ့။ အဲဒါကုိ နည္းနည္းေလး နီးစပ္ႏုိင္တယ္ဆုိတာေတာ့ တမ်ဳိးေကာင္းတာေပါ့။ ဒါေပမယ့္လည္း ေလ့လာသူအေနနဲ႔ဖိတ္တယ္။ တဖက္က ေလ့လာသူအေနနဲ႔ ျပန္လက္မခံဘူးဆုိရင္ ဒါတခါ ျပန္ေ၀းသြားႏုိင္တာေပါ့ဗ်ာ။ ဘက္သုံးဘက္ လုပ္ေနေတာ့ က်ေနာ္တုိ႔လည္း မွန္းရခက္တယ္ဗ်ာ။ ေရာက္လာတဲ့အခါက်မွပဲ တကယ္ေရာက္လာၿပီလုိ႔ ေျပာလုိ႔ရတာေပါ့။ ”

အပစ္ရပ္လက္မွတ္မထိုးရေသးတဲ့ အထူးေဒသ ၄ မိုင္းလား လက္နက္ကိုင္အဖြဲ႔ တက္ေရာက္မယ္ဆုိတဲ့ အေၾကာင္း မေန႔က အတည္ျပဳထားတယ္လုိ႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈပူးတြဲေကာ္မတီ အတြင္းေရးမႉးအဖြဲ႔၀င္ ဦးမ်ဳိး၀င္းကလည္း ဒီဗြီဘီကို ေျပာပါတယ္။

“ဒီယူပီဒီေဂ်စီမွာေတာ့ လက္မွတ္မထုိးတဲ့ အဖြဲ႔အားလုံးကုိ ဖိတ္မယ္ဆုိတာကေတာ့ နဂုိကတည္းက သေဘာထားရွိတယ္။ အခုေလာေလာဆယ္ေတာ့ မုိင္းလားတဖြဲ႔ပဲ တရား၀င္ အေၾကာင္းျပန္ထားတယ္။ က်န္ေနတဲ့အဖြဲ႔ေတြကေတာ့ ညိႇႏႈိင္းေနဆဲပဲလုိ႔ က်ေနာ္တုိ႔ နားလည္ပါတယ္။”

ဒီကေန႔ မြန္းလြဲပုိင္းမွာေတာ့ တပ္မေတာ္နဲ႔ ပစ္ခတ္တုိက္ခုိက္ေနအဖြဲ႔တဖြဲ႔ ျဖစ္တဲ့ တီအန္အယ္လ္ေအ တအာင္းတပ္ဖြဲ႔ကေတာ့ ၂၁ ရာစု ပင္လံု ဒုတိယအႀကိမ္အစည္းအေ၀းကို တက္ေရာက္မယ္လို႔ အတည္ျပဳ ထုတ္ျပန္ခဲ့ပါတယ္။

‘ဝ’ လက္နက္ကိုင္အဖြဲ႕(UWSA) ေခါင္းေဆာင္တဲ့ ေျမာက္ပိုင္းမဟာမိတ္တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၇ ဖြဲ႔နဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုႏိုင္ငံေရးေဆြးေႏြးညႇိႏႈိင္းေရးေကာ္မတီကလည္း တ႐ုတ္ႏိုင္ငံရဲ႕ ၾကား၀င္ေဆာင္ရြက္ေပးမႈနဲ႔ အစည္းအေ၀း တက္ေရာက္ဖို႔ရွိတယ္လို႔ သတင္းေတြ ထြက္ေနပါတယ္။

ဒါ့အျပင္ အန္စီေအလက္မွတ္မထိုးရေသးတဲ့ ညီညြတ္ေသာ တိုင္းရင္းသားလူမ်ဳိးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC)အဖြဲ႔၀င္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြလည္း ညီလာခံတက္ေရး၊ မတက္ေရးကိစၥ ထိုင္းႏုိ္င္ငံ ခ်င္းမိုင္ၿမဳိ႕မွာ မေန႔ကတည္းက ေဆြးေႏြးေနခဲ့ၾကပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံ ဒုတိယႀကိမ္ အစည္းအေ၀းကုိ ေနျပည္ေတာ္မွာ ေမလ ၂၄ ရက္ကေန ၂၈ ရက္ေန႔အထိ ၅ ရက္တာ က်င္းပမွာျဖစ္ပါတယ္။
Ref:DVB

ဒုတိယအႀကိမ္ ၂၁ ရာစု ပင္လံုညီလာခံကုိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔စံု တက္ေရာက္မည္


Unicode

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စုံ တက်ရောက်မည်

မနက်ဖြန် နေပြည်တော်မှာ စတင်ကျင်းပဖို့ရှိနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးမှာ အပစ်ရပ်အဖွဲ့ရော အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ အားလုံးတက်ရောက်မယ်လို့ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

“အခင်းအကျင်းကတော့ အဖွဲ့ပေါင်းစုံ လာတက်တယ်ပေါ့ဗျာ။ ဒါပေမယ့် လာတက်တာက ဆုံချက်တခုအနေနဲ့ လာဆုံတာပဲပေါ့။ ဒါပေမယ့် နိုင်ငံရေးဆွေးနွေးဖို့ အဆင့်အထိ မပါဘူးဆိုရင်တော့ ၊ နိုင်ငံရေးရလဒ် နိုင်ငံရေး ဆွေးနွေးဆုံးဖြတ်ချက် ရဖို့အထဲမှာ မပါဘူးဆိုရင်တော့ သိပ်တော့လည်း မထိရောက်ဘူးပေါ့။ သို့သော်လည်းပဲ ဘာမှ ဝေးနေတာထက်စာရင် ဆုံချက်မှာ ရောက်လာနိုင်တယ်ဆိုတာပဲ တိုးတက်ဖြစ်ပေါ်မှု တခုခုတော့ ဖြစ်နိုင်တာပေါ့။ စောစောတုန်းကတော့ တပ်မတော်က လုံခြုံရေးအရ လက်မခံတဲ့အခါကျတော့ နည်းနည်းပိုဝေးသွားတာပေါ့။ အဲဒါကို နည်းနည်းလေး နီးစပ်နိုင်တယ်ဆိုတာတော့ တမျိုးကောင်းတာပေါ့။ ဒါပေမယ့်လည်း လေ့လာသူအနေနဲ့ဖိတ်တယ်။ တဖက်က လေ့လာသူအနေနဲ့ ပြန်လက်မခံဘူးဆိုရင် ဒါတခါ ပြန်ဝေးသွားနိုင်တာပေါ့ဗျာ။ ဘက်သုံးဘက် လုပ်နေတော့ ကျနော်တို့လည်း မှန်းရခက်တယ်ဗျာ။ ရောက်လာတဲ့အခါကျမှပဲ တကယ်ရောက်လာပြီလို့ ပြောလို့ရတာပေါ့။ ”

အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အထူးဒေသ ၄ မိုင်းလား လက်နက်ကိုင်အဖွဲ့ တက်ရောက်မယ်ဆိုတဲ့ အကြောင်း မနေ့က အတည်ပြုထားတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးဝင်းကလည်း ဒီဗွီဘီကို ပြောပါတယ်။

“ဒီယူပီဒီဂျေစီမှာတော့ လက်မှတ်မထိုးတဲ့ အဖွဲ့အားလုံးကို ဖိတ်မယ်ဆိုတာကတော့ နဂိုကတည်းက သဘောထားရှိတယ်။ အခုလောလောဆယ်တော့ မိုင်းလားတဖွဲ့ပဲ တရားဝင် အကြောင်းပြန်ထားတယ်။ ကျန်နေတဲ့အဖွဲ့တွေကတော့ ညှိနှိုင်းနေဆဲပဲလို့ ကျနော်တို့ နားလည်ပါတယ်။”

ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ တပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်နေအဖွဲ့တဖွဲ့ ဖြစ်တဲ့ တီအန်အယ်လ်အေ တအာင်းတပ်ဖွဲ့ကတော့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးကို တက်ရောက်မယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

‘ဝ’ လက်နက်ကိုင်အဖွဲ့(UWSA) ခေါင်းဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကလည်း တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ အစည်းအဝေး တက်ရောက်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် အန်စီအေလက်မှတ်မထိုးရသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ညီလာခံတက်ရေး၊ မတက်ရေးကိစ္စ ထိုင်းနို်င်ငံ ချင်းမိုင်မြို့မှာ မနေ့ကတည်းက ဆွေးနွေးနေခဲ့ကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယကြိမ် အစည်းအဝေးကို နေပြည်တော်မှာ မေလ ၂၄ ရက်ကနေ ၂၈ ရက်နေ့အထိ ၅ ရက်တာ ကျင်းပမှာဖြစ်ပါတယ်။
Ref:DVB

Related posts

ေကာ္ဖီဆိုင္ဖြင့္လိုေသာ္

OMCTC

ေခတ္မီွ စက္႐ုပ္ေတြနဲ႔တိုက္ခိုက္ရမဲ့ ဂိမ္း (2017)

Kyaw Htike Aung

အိမ္ရွင္အားသာခ်က္ေၾကာင့္ အေကာင္းဆုံးယွဥ္ၿပိဳင္ႏိုင္ရန္ ယုံၾကည္သည္ ဟု ေဇာ္ေဇာ္လတ္ ဆို

OMCTC

Leave a Comment