29 C
Yangon
May 23, 2018
  • Home
  • News
  • Politics
  • ဒီချုပ်ကိုးနေရာနိုင်သော်လည်း ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးနိုင်
Politics

ဒီချုပ်ကိုးနေရာနိုင်သော်လည်း ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးနိုင်

ဒီချုပ်ကိုးနေရာနိုင်သော်လည်း ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးနိုင်

ဒီချုပ်ကိုးနေရာနိုင်သော်လည်း ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးနိုင်


ရန်ကုန်တိုင်းရှိ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်များဖြစ် သော ကော့မှူး၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့ သစ် (ဆိပ်ကမ်း)တို့တွင် ဒီချုပ် ကိုယ်စားလှယ်များက အောင်ပွဲ ခံကြောင်း ဧပြီ ၁ ရက် ညနေ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်)၌ ပါတီအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ကြေ ညာသည်။





















Unicode Version

၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲ၏ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ၏ ထက်ဝက်နီးပါး ဖြစ်သော ကိုးနေရာကို  အာဏာရ ပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အနိုင်ရရှိထားသည်။

ရန်ကုန်တိုင်းရှိ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်များဖြစ် သော ကော့မှူး၊ လှိုှုင်သာယာ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့ သစ် (ဆိပ်ကမ်း)တို့တွင် ဒီချုပ် ကိုယ်စားလှယ်များက အောင်ပွဲ ခံကြောင်း ဧပြီ ၁ ရက် ညနေ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်)၌ ပါတီအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ကြေ ညာသည်။

လှိုင်သာယာတွင် ဒီချုပ်က ၃၁,၃၆၉ မဲရရှိပြီး ပြည်ခိုင်ဖြိုးက  တစ်သောင်းမပြည့် (၈,၆၅၅)သာ ရရှိခဲ့သည်။ မုံရွာပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာအ တွက်လည်း ဒီချုပ်ပင် အောင်ပွဲခံ သည်။

ထို့အပြင် အမျိုးသားလွှတ် တော် လစ်လပ်မဲဆန္ဒယ်သုံးခုစ လုံးတွင် ဒီချုပ်သာအနိုင်ရသည်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီး ယူ၏ လစ်လပ်မဲဆန္ဒနယ်ဖြစ် သော ချင်းအမျိုးသားလွှတ်တော် အမှတ် (၃) တွင် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်က အနိုင်ရရှိ သည်။

ဒီချုပ်က ၈,၆၁၇ မဲရရှိကာ ပြည်ခိုင်ဖြိုးက ၅,၂၁၂ မဲသာရရှိ သည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဒေါက်တာ အောင်သူ၏ ရန်ကုန်တိုင်းဒေသ ကြီး အမျိုးသားလွှတ်တော် မဲဆန္ဒ နယ် အမှတ်(၆)တွင်လည်း ဒီချုပ် ပင်အောင်ပွဲခံသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး ၏ ပဲခူးတိုင်းဒေသကြီးအမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) တွင်လည်း ဒီချုပ်အောင်ပွဲခံ သည်။

ပြည်နယ်လွှတ်တော်တွင် ညောင်ရွှေ အမှတ်(၁)၌ ဒီချုပ်သာ အနိုင်သေချာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲအရေအ တွက် ၁၇,၂၀၄ မဲရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးစံရွှေက ၁၃,၂၃၇ မဲဖြင့် ဒုတိယ မဲအများဆုံးရရှိသည်။

မဲဆန္ဒပေးခွင့်ရှိသူ ၆၀,၀၀၀ ကျော် ရှိခဲ့ပြီး ၅၀ ဒသမ ၃၁ ရာ ခိုင်နှုန်း မဲပေးခဲ့ကြသည်ဟု ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

ဧပြီ ၁ ရက် ညပိုင်းအထိ 7Day Daily သတင်းထောက်များ ၏ သတင်းပေးပို့ချက်အရ ဒီချုပ် က ၁၈ နေရာ ၀င်ရောက်ယှဉ်ပြိုင် ပြီး အနိုင်ရရှိသည့် မဲဆန္ဒနယ်မှာ ကိုးခုဖြစ်သည်။

တံတားကိစ္စကြောင့် စောင့် ကြည့်ခံရသည့် ချောင်းဆုံ မဲဆန္ဒ နယ်တွင် ပြည်ခိုင်ဖြိုးပါတီ အနိုင် ရခဲ့ခြင်းက ချောင်းဆုံသည် ဘာ ကြောင့် စောင့်ကြည့်သင့်သလဲဆို သည်ကို ဖြေပေးခဲ့သည်။ အစဉ် အလာအားဖြင့် အားကောင်းခဲ့ သော ဒီချုပ်ရှုံးနိမ့်ပြီး ဒေသခံ မွန် ပါတီများလည်း မနိုင်သည့် ချောင်းဆုံသည် ၂၀၁၇ ကြားဖြတ် အတွက် ပြောစမှတ်ဖြစ်ကျန်သည့် နေရာဖြစ်သည်။ ချောင်းဆုံမြို့ နယ်ရှိ မဲရုံ ၆၂ ရုံတွင် ပြည်ခိုင်ဖြိုး က ခိုင်လုံမဲနှစ် သောင်းနီးပါး (၁၉,၆၆၇)ဖြင့် အနိုင်ရခဲ့သည်။

ဒီချုပ်က ၁၂,၆၃၆ မဲဖြင့် ဒုတိယနေရာမှာသာရှိနေခဲ့ပြီး မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၁၀,၈၅၉ မဲရရှိသည်။ မွန်အမျိုး သားပါတီက ၁,၉၉၂ မဲရပြီး တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပါ တီက ၂,၀၁၃ မဲဖြစ်ကာ ပယ်မဲမှာ ၁,၃၅၂ မဲရှိခဲ့သည်။

ထို့အပြင် အမ်းမဲဆန္ဒနယ် တွင်လည်း ဒီချုပ်သည် အရှုံးကို မချေဖျက်နိုင်ပေ။ ၂၀၁၅ ရွေး ကောက်ပွဲက အမ်းတွင် ပြည်ခိုင် ဖြိုးကို အရှုံးပေးခဲ့ရသော ဒီချုပ် သည် ၂၀၁၇ တွင် ရခိုင်အမျိုး သားပါတီကို ထပ်မံအရှုံးပေးရပြန်သည်။ အမ်းသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ အေးမောင်ကို လွှတ်တော်သို့ တစ်ကျော့ပြန်လာစေခဲ့ သည်။

၂၀၁၅ ရွေးကောက်ပွဲက မကျင်းပဖြစ်ခဲ့သည့် ကျေးသီးနှင့် မိုင်းရှူးရှိ မဲဆန္ဒနယ်ခြောက်ခု တွင်လည်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (ကျား ခေါင်းပါတီ) က အခြေအနေ ကောင်းလျက်ရှိသည်။ သို့သော် မဲရေတွက်မှုများက မပြီးဆုံးသေး ပေ။

မိုင်းရှူးတွင် မဲရုံ ၄၄ ရုံအနက် ၁၆ ရုံက ကျားခေါင်းပါတီက နိုင် ထားသော်လည်း ဒီချုပ်ထောက်ခံ မှုများသည် ဟိုဆိုင်ကျေးရွာအုပ် စုမှ မဲရုံ ခုနစ်ရုံမဲများကျန်နေသေး သည်။

ကျေးသီးတွင် မဲရုံ ၂၇ ရုံ အနက် ၂၀ ကျော်ကို ကျား ခေါင်းက နိုင်ထားပြီး ကျန်မဲရုံ ရလဒ်များ မသိရသေးပေ။

ကျိုင်းတုံအမှတ် (၂)တွင် လည်း ပြည်ခိုင်ဖြိုးက အနိုင်ရ သည့်အစဉ်အလာကို ဆက်ထိန်း သည်။

တောင်ပေါ်မဲရုံများက မဲ အချို့ ရောက်မလာသေးသော် လည်း ကျိုင်းတုံတွင် ပြိုင်ဘက် များက ပြည်ခိုင်ဖြိုးကို မနိုင်နိုင် တော့ကြောင်း ၀န်ခံသည်။

ဒီချုပ် မပြိုင်လိုက်ရသည့် ဖရူဆိုမှာ မဲဆန္ဒရှင် ၁၀,၀၀၀ မပြည့်သော်လည်း လမ်းပန်းဆက် သွယ်မှု ခက်ခဲသည့် ကျေးရွာများ မှ မဲများရောက်မလာသေး၍ အ နိုင်အရှုံးပြောရန် ခက်နေသည်။

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ စာရင်းကို စာမျက်နှာ ၃၁ တွင် ဖတ်ရှုပါရန်။

Related posts

ဟေတီတွင် သမ္မတ နုတ်ထွက်သွားပြီးနောက် ဆက်ခံသူ မရှိသေးဘဲ ခေါင်းဆောင်ကင်းမဲ့နေ

OMCTC

မဲပေး မမှားကြရန် ဒီချုပ်အမတ်များကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

OMCTC

လက်ပတ်နီ အကြမ်းဖက်မှုနှစ်ပတ်လည်နေ့တွင် ကျောင်းသားနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆို

OMCTC

Leave a Comment