25 C
Yangon
June 22, 2018
  • Home
  • General Knowledge
  • ထာဝရေပ်ာ္ရႊင္ေစဖို႕အတြက္ ေနထိုင္မႈဆိုင္ရာလႈိ႕ဝွက္ခ်က္မ်ား
General Knowledge Unique Things

ထာဝရေပ်ာ္ရႊင္ေစဖို႕အတြက္ ေနထိုင္မႈဆိုင္ရာလႈိ႕ဝွက္ခ်က္မ်ား

“ေန႕စဥ္ေန႕တိုင္း အနည္းဆံုးလူတစ္ေယာက္ကိုပဲျဖစ္ျဖစ္ ေပ်ာ္ရြင္ေစေအာင္ ႀကိဳးစားပါ။ ဆယ္ႏွစ္ၾကာတဲ့အခါမွာ သင့္ေၾကာင့္ေပ်ာ္ရြင္ခဲ့ရတဲ့ လူေပါင္း ၃၆၅၀ နဲ႔ ေပ်ာ္ရြင္စရာေကာင္းတဲ့ ၿမိဳ႕ေလးကို သင္ပိုင္ဆိုင္ေနပါၿပီ” ။(Sidney Smith)

သင့္ရဲ႕စိတ္ထားက သင့္ကို ေပ်ာ္ရြင္ျခင္း၊ ဝမ္းနည္းျခင္းကို ဖန္တီးေပးပါတယ္။ တခါတေလမွာ ကိုယ္ကေပးလိုက္တဲ့ ေပ်ာ္ရြင္မႈနဲ႕ထပ္တူ ကိုယ့္ဆီကိုအေပ်ာ္ေတြ မထင္မွတ္ပဲျပန္ေရာက္လာေလ့ ရွိပါတယ္။ ေန႔စဥ္ေန႔တိုင္းၾကံဳေတြ႕ေနရတဲ့ အေျခအေနအမ်ိဳးမ်ိဳးကေန ေပ်ာ္ရြင္မႈေတြပဲ ရရွိေအာင္ဘယ္လိုေနထိုင္မလဲ ဆိုတာကိုအၾကံေပးလိုက္ပါတယ္။

၁။ ေန႔စဥ္ၾကံဳေတြ႕ေနရတဲ့ မေကာင္းတဲ့အရာေတြကို ေကာင္းတဲ့ဘက္က ျမင္ႏိုင္ေအာင္ႀကိဳးစားပါ။ စိတ္က မူးယစ္ေဆးနဲ႔တူပါတယ္။ မျမဲတမ္း အဆိုးျမင္စိတ္ေတြနဲ႔ ခက္ခဲတာေတြကိုပဲ အမ်ားဆံုး ေတြးျဖစ္တယ္။ စိတ္ရဲ႕အလွည့္စားမခံပဲ ၾကံဳေတြ႔လာရတဲ့ အေျခအေနတိုင္းကို အျပဳသေဘာဖက္ကပဲေတြးပါ။

၂။ အေျဖရွာဖို႔ပဲ စဥ္းစားပါ၊ ျပႆနာကိုမေတြးပါနဲ႔။

၃။ စိတ္ေျဖေလွ်ာ့ဖို႔အတြက္ စိတ္အားတက္ၾကြေစတဲ့ ဂီတေတြနားေထာင္ပါ။

၄။ ရယ္စရာေကာင္းတဲ့ ဟာသေတြၾကည့္ပါ၊ အဲ့ဒါေတြကသင့္ကိုေပ်ာ္ရြင္ေစပါတယ္။

၅။ေန႔စဥ္ေန႔တိုင္း စိတ္ကူးေကာင္းေစတဲ့စာအုပ္ ၊ေဆာင္းပါးေတြကို စာမ်က္ႏွာအနည္းငယ္ေလာက္ျဖစ္ျဖစ္ ဖတ္႐ႈၿပီး အခ်ိန္ကိုျမွပ္ႏွံပါ။

၆။ သင့္ရဲ႕အၾကံအစည္ေတြကို ေစာင့္ၾကည့္ပါ။အဆိုးျမင္အျကံအစည္ေတြကို သင္ကိုယ္တိုင္သတိထားမိတာနဲ႕ ေကာင္းတာေတြကို
ေျပာင္းလဲေတြးေတာဖို႔ စတင္ပါ။

၇။ အျမဲတမ္း သင့္မွာရွိၿပီးသား ေတြကိုပဲၾကည့္ပါ။ မရွိေသးတာေတြကိုေတြးၿပီး လိုခ်င္ဖို႔အတြက္ပဲမၾကည့္ပါနဲ႕။တခါတေလေတြမွာ သင္ဟာရည္ရြယ္ခ်က္ေတြ ၿပီးေျမာက္ဖို႕ ဆႏၵေတြနဲ႕ေန႔တစ္ေန႕ကိုစတင္ပါတယ္။ တေနကုန္သြားတဲ့အခါမွာ သင္ဟာစိတ္ပ်က္ျခင္း၊ မေပ်ာ္ရြင္ျခင္းျဖစ္မိလိမ့္မယ္။ အဲဒါဟာ သင္လုပ္ႏိုင္တာထက္ ပိုၿပီး ဆႏၵေတြကိုၿပီးေျမာက္ေအာင္ မလုပ္ႏိုင္လို႕ပါပဲ။သင္လုပ္ႏိုင္သေလာက္ပဲေတြးပါ။

၈။ေန႕တစ္ေန႔အတြက္ သင့္ကိုယ္တိုင္ေကာင္းတာေလးေတြလုပ္ေဆာင္ပါ။ ကိုယ္တိုင္စာအုပ္ေလးတစ္အုပ္ဝယ္တာမ်ိဳး၊ သင္ၾကိဳက္တဲ့စားစရာတခုခုစားတာ၊ သင္ႏွစ္သက္တဲ့ တီဗြီအစီအစဥ္တစ္ခုၾကည့္တာ၊ ကမ္းေျခမွာလမ္းေလွ်ာက္တာေတြက သင့္ရဲ႕အေကာင္းျမင္စိတ္ကိုတိုးပြားေစပါတယ္။

၉။ အနည္းဆံုးအျခားတစ္ေယာက္ကိုေပ်ာ္ရြင္ေစဖို႕အတြက္ ႀကိဳးစားပါ။ ၾကင္ၾကင္နာနာစကားေျပာတာ၊ သင့္ကားေရွ႕ကျဖတ္သြားတဲ့လူကို ကားရပ္ေပးတာ၊ ဘတ္စကားေပၚမွာ အျခားတစ္ေယာက္ကိုသင့္ခံုေနရာေပးတာ၊ သင့္ခ်စ္တဲ့သူတစ္ေယာက္ကို လက္ေဆာင္ေသးေသးေလးေပးတာေတြမ်ိဳးက အတိုင္းအဆမရွိသင့္ကိုေပ်ာ္ရြင္ေစမွာပါ။

၁၀။ေပ်ာ္ရြင္မႈေတြကိုပဲ အျမဲတမ္းေမွ်ာ္လင့္ေနပါေစ။

၁၁။ တျခားဘယ္သူပဲ ေပ်ာ္ရြင္ေနပါေစ မနာလိုမျဖစ္ပါနဲ႕။ မနာလိုမႈကိုဆန္က်င္ႏိုင္ရင္ သင္ပါေပ်ာ္ရြင္လာပါလိမ့္မယ္။

၁၂။ေပ်ာ္စရာေကာင္းတဲ့လူေတြနဲ႕ေပါင္းသင္းၿပီး သူတို႔ဘယ္လိုေနထိုင္ေတြးေတာလဲဆိုတာ သင္ယူပါ။ေပ်ာ္ရြင္မႈဆိုတာ ကူးစက္တတ္တယ္ဆိုတာမေမ့ပါနဲ႕။

၁၃။ အစြဲအလန္းမထားပဲ ေနထိုင္ျခင္းက သင့္အတြက္ပိုေကာင္းေစပါတယ္။ စြဲလမ္းခဲ့တာေတြဆံု႐ႈံးခဲ့ရင္ေတာင္မွ သင့္စိတ္ကို ေအးခ်မ္းေအာင္ထိန္းသိမ္းႏိုင္မွာပါ။

၁၄။ အရင္ကထက္ မၾကာခဏဆိုသလို ပိုၿပီးျပံဳးႏိုင္ေအာင္ႀကိဳးစားပါ။ သင့္ရဲ႕အျပံဳးတပြင့္က တျခားသူေတြကိုပါ ေပ်ာ္ရြင္ေစႏိုင္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar

ၿပီးျပည့္စံုတဲ့ ခရီးစဥ္ေလးျဖစ္ဖို႔အတြက္ ခရီးသြားမယ့္စံုတြဲတိုင္း ျပဳလုပ္သင့္တဲ့ အရာ (၈) ခ်က္

Unicode

“နေ့စဉ်နေ့တိုင်း အနည်းဆုံးလူတစ်ယောက်ကိုပဲဖြစ်ဖြစ် ပျော်ရွင်စေအောင် ကြိုးစားပါ။ ဆယ်နှစ်ကြာတဲ့အခါမှာ သင့်ကြောင့်ပျော်ရွင်ခဲ့ရတဲ့ လူပေါင်း ၃၆၅၀ နဲ့ ပျော်ရွင်စရာကောင်းတဲ့ မြို့လေးကို သင်ပိုင်ဆိုင်နေပါပြီ” ။(Sidney Smith)

သင့်ရဲ့စိတ်ထားက သင့်ကို ပျော်ရွင်ခြင်း၊ ဝမ်းနည်းခြင်းကို ဖန်တီးပေးပါတယ်။ တခါတလေမှာ ကိုယ်ကပေးလိုက်တဲ့ ပျော်ရွင်မှုနဲ့ထပ်တူ ကိုယ့်ဆီကိုအပျော်တွေ မထင်မှတ်ပဲပြန်ရောက်လာလေ့ ရှိပါတယ်။ နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ အခြေအနေအမျိုးမျိုးကနေ ပျော်ရွင်မှုတွေပဲ ရရှိအောင်ဘယ်လိုနေထိုင်မလဲ ဆိုတာကိုအကြံပေးလိုက်ပါတယ်။

၁။ နေ့စဉ်ကြံုတွေ့နေရတဲ့ မကောင်းတဲ့အရာတွေကို ကောင်းတဲ့ဘက်က မြင်နိုင်အောင်ကြိုးစားပါ။ စိတ်က မူးယစ်ဆေးနဲ့တူပါတယ်။ မမြဲတမ်း အဆိုးမြင်စိတ်တွေနဲ့ ခက်ခဲတာတွေကိုပဲ အများဆုံး တွေးဖြစ်တယ်။ စိတ်ရဲ့အလှည့်စားမခံပဲ ကြံုတွေ့လာရတဲ့ အခြေအနေတိုင်းကို အပြုသဘောဖက်ကပဲတွေးပါ။

၂။ အဖြေရှာဖို့ပဲ စဉ်းစားပါ၊ ပြဿနာကိုမတွေးပါနဲ့။

၃။ စိတ်ဖြေလျှော့ဖို့အတွက် စိတ်အားတက်ကြွစေတဲ့ ဂီတတွေနားထောင်ပါ။

၄။ ရယ်စရာကောင်းတဲ့ ဟာသတွေကြည့်ပါ၊ အဲ့ဒါတွေကသင့်ကိုပျော်ရွင်စေပါတယ်။

၅။နေ့စဉ်နေ့တိုင်း စိတ်ကူးကောင်းစေတဲ့စာအုပ် ၊ဆောင်းပါးတွေကို စာမျက်နှာအနည်းငယ်လောက်ဖြစ်ဖြစ် ဖတ်ရှုပြီး အချိန်ကိုမြှပ်နှံပါ။

၆။ သင့်ရဲ့အကြံအစည်တွေကို စောင့်ကြည့်ပါ။အဆိုးမြင်အကြံအစည်တွေကို သင်ကိုယ်တိုင်သတိထားမိတာနဲ့ ကောင်းတာတွေကို
ပြောင်းလဲတွေးတောဖို့ စတင်ပါ။

၇။ အမြဲတမ်း သင့်မှာရှိပြီးသား တွေကိုပဲကြည့်ပါ။ မရှိသေးတာတွေကိုတွေးပြီး လိုချင်ဖို့အတွက်ပဲမကြည့်ပါနဲ့။တခါတလေတွေမှာ သင်ဟာရည်ရွယ်ချက်တွေ ပြီးမြောက်ဖို့ ဆန္ဒတွေနဲ့နေ့တစ်နေ့ကိုစတင်ပါတယ်။ တနေကုန်သွားတဲ့အခါမှာ သင်ဟာစိတ်ပျက်ခြင်း၊ မပျော်ရွင်ခြင်းဖြစ်မိလိမ့်မယ်။ အဲဒါဟာ သင်လုပ်နိုင်တာထက် ပိုပြီး ဆန္ဒတွေကိုပြီးမြောက်အောင် မလုပ်နိုင်လို့ပါပဲ။သင်လုပ်နိုင်သလောက်ပဲတွေးပါ။

၈။နေ့တစ်နေ့အတွက် သင့်ကိုယ်တိုင်ကောင်းတာလေးတွေလုပ်ဆောင်ပါ။ ကိုယ်တိုင်စာအုပ်လေးတစ်အုပ်ဝယ်တာမျိုး၊ သင်ကြိုက်တဲ့စားစရာတခုခုစားတာ၊ သင်နှစ်သက်တဲ့ တီဗွီအစီအစဉ်တစ်ခုကြည့်တာ၊ ကမ်းခြေမှာလမ်းလျှောက်တာတွေက သင့်ရဲ့အကောင်းမြင်စိတ်ကိုတိုးပွားစေပါတယ်။

၉။ အနည်းဆုံးအခြားတစ်ယောက်ကိုပျော်ရွင်စေဖို့အတွက် ကြိုးစားပါ။ ကြင်ကြင်နာနာစကားပြောတာ၊ သင့်ကားရှေ့ကဖြတ်သွားတဲ့လူကို ကားရပ်ပေးတာ၊ ဘတ်စကားပေါ်မှာ အခြားတစ်ယောက်ကိုသင့်ခုံနေရာပေးတာ၊ သင့်ချစ်တဲ့သူတစ်ယောက်ကို လက်ဆောင်သေးသေးလေးပေးတာတွေမျိုးက အတိုင်းအဆမရှိသင့်ကိုပျော်ရွင်စေမှာပါ။

၁၀။ပျော်ရွင်မှုတွေကိုပဲ အမြဲတမ်းမျှော်လင့်နေပါစေ။

၁၁။ တခြားဘယ်သူပဲ ပျော်ရွင်နေပါစေ မနာလိုမဖြစ်ပါနဲ့။ မနာလိုမှုကိုဆန်ကျင်နိုင်ရင် သင်ပါပျော်ရွင်လာပါလိမ့်မယ်။

၁၂။ပျော်စရာကောင်းတဲ့လူတွေနဲ့ပေါင်းသင်းပြီး သူတို့ဘယ်လိုနေထိုင်တွေးတောလဲဆိုတာ သင်ယူပါ။ပျော်ရွင်မှုဆိုတာ ကူးစက်တတ်တယ်ဆိုတာမမေ့ပါနဲ့။

၁၃။ အစွဲအလန်းမထားပဲ နေထိုင်ခြင်းက သင့်အတွက်ပိုကောင်းစေပါတယ်။ စွဲလမ်းခဲ့တာတွေဆုံရှုံးခဲ့ရင်တောင်မှ သင့်စိတ်ကို အေးချမ်းအောင်ထိန်းသိမ်းနိုင်မှာပါ။

၁၄။ အရင်ကထက် မကြာခဏဆိုသလို ပိုပြီးပြံုးနိုင်အောင်ကြိုးစားပါ။ သင့်ရဲ့အပြံုးတပွင့်က တခြားသူတွေကိုပါ ပျော်ရွင်စေနိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar

Related posts

အမေလး အသည္းယားစရာ ! သူ႕လို စေကးနဲ႔ သြားလုပ္လို႔ကေတာ့ ႐ူးေတာင္သြားဦးမယ္

Kyaw Htike Aung

တစ္ေယာက္တည္းအထီးက်န္ျဖစ္ေနခ်ိန္မွာ ရရွိႏိုင္ေသာအက်ဳိးေက်းဇူးမ်ား

OMCTC

သူငယ္ခ်င္းရဲ႕ ေအာင္ျမင္မႈကုိမနာလုိစိတ္ျဖစ္တဲ့အခါ ခ်က္ခ်င္းေတြးရမယ့္အခ်က္(၇)ခ်က္

OMCTC

Leave a Comment